Unicode
ပထမဆုံးအထိအတွေ့ဖြစ်နေတာမို့ ရူးလောက်အောင် ရင်တွေခုန်ရသည်။ Jimin နှုတ်ခမ်းတွေက နူးနူးညံ့ညံ့လေးနဲ့ ချိုမြိန်တယ်...ဒါလေးက ကိုယ့်အပိုင်ချစ်သူဖြစ်သွားတာကိုလည်း ရုတ်တရက်မို့ မယုံကြည်နိုင်သေး။
နားလည်မှုလွဲတာတွေ အထင်အမြင်လွဲတာတွေ စတဲ့အကြောင်းအမျိုးမျိုးကြောင့် ချစ်ခြင်းတွေထပ်တူမကျသေးတဲ့အချိန်တွေမှာ ခွဲနေရတာက အဆင်ပြေတယ်ထင်ရပေမဲ့ ချစ်သူတွေဖြစ်ပြီးတဲ့နေ့မှာပဲ ပထမဆုံးခွဲရတော့မှာမို့ ရင်ထဲနင့်နေအောင် အလွမ်းက နှစ်ဆတိုးရသည်။
အရည်ကြည်တွေလဲ့နေတဲ့ Jimin မျက်လုံးလှလှတွေကြောင့် သူကိုယ်တိုင်လည်း ငိုချင်နေတဲ့စိတ်ကို တင်းခံထားရင်း ရင်ခွင်ထဲတင်းကြပ်နေအောင်ထည့်ဖက်ထား လိုက်သည်။
"ကျောင်းအားလပ်ရက်ရတိုင်း ကိုယ်ပြန်လာခဲ့မယ်"
"အင်း ငါစောင့်နေမယ်"
ငါမခွဲချင်ဘူး မသွားပါနဲ့လို့ ပြောမထွက်ရက်...သူဝါသနာပါတဲ့ အရင်ကတည်းကဖြစ်ချင်ခဲ့တဲ့အရာတွေမို့ ပိုလို့တောင် မတားရက်ခဲ့ပါ။
သူ့ရင်ခွင်ကျယ်ထဲ တိုးဝင်နေရတဲ့အခိုက်အတန့်တွေကို သဘောကျတယ်။ ဘယ်လိုပဲ စိတ်နာအောင်လုပ်ခဲ့လုပ်ခဲ့ တစ်စက်ကလေးတောင် အချစ်တွေလျော့မသွားခဲ့။မေ့ပြစ်နိုင်တယ်လို့ သိစိတ်ကို ဖိအားတွေပေးနေခဲ့ပေမဲ့ မသိစိတ်ကတော့ စကားနားမထောင်ဘဲ သူ့သဘောအတိုင်း ဆက်ချစ်နေခဲ့ဆဲပင်...။
အခုအချိန်ကတော့ အလွမ်းတွေနဲ့ အချစ်တွေက နှစ်ယောက်လုံး ထပ်တူထပ်မျှ...။
"မင်းသွားရတော့မယ် Jungkook.... လေယာဥ်အချိန်နီးနေပြီ check in ဝင်ဖို့သူများတွေတန်းစီနေပြီ"
Tae Hyung ကကြားထဲက ဝင်သတိပေးလာသည်။ အချိန်ကလည်း တကယ်ကိုနီးနေပြီဖြစ်သည်။
"သြော် အေးအေး "
"သွားတော့လေ ဟိုကိုရောက်ရင်ဆက်သွယ်လိုက်"
"ချစ်တာတွေကို သိထားပေးနော် ကိုယ့်ကိုလည်း အများကြီး လွမ်းနေပေး"
"သိပါပြီ"
နှုတ်ဆက်နေကြတာ တစ်နာရီလောက်ရှိနေကြပြီးခုထိမပြီးကြသေးတော့ စိတ်ကသိပ်မရှည်ချင်တော့ပေ။ လူကိုတော့ တစ်ယောက်မှရှိတယ်ကိုမထင်ကြတာဖြစ်သည်။ အဝတ်အိတ်တွေအကုန်လုံးကိုတော့ ထိုးကြိတ်ပေးထားပြီး
ယောင်လို့တောင်လှည့်မကြည့်ကြပေ...Kim Tae Hyungကို လုံးဝကိုပလစ်ထားကြတာ။
YOU ARE READING
ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
Fanfiction" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"