Unicode
ဖြူစွတ်နေတဲ့ နှစ်ယောက်အိပ်ကုတင်အကျယ်ကြီးရဲ့ အစွန်တစ်ဖက်ဆီမှာ ရှိနေတဲ့ လူရိပ်နှစ်ခု။
"Jimin!!"
"........."
"Jeon Jimin!!!"
"ဘာလဲ အောက်မှာဆင်းအိပ်ချင်လို့လား"
"မ..မဟုတ်ပါဘူး။ဘေးနားကိုတိုးလာခဲ့ပါလား တော်ကြာပြုတ်ကျသွားမှဖြင့်"
"အဲ့ဒါ ငါ့ကိစ္စ။"
"ဟုတ်"
ပါးစပ်ကို လက်နဲ့အသာလေးပိတ်လိုက်ရသည်။ထပ်ပြောမိရင် တကယ်အောက်ဆင်းပြီးအိပ်ရနိုင်သည်။
Jimin စိတ်ဆိုးစိတ်ကောက်တဲ့အခါ အော်ဟစ်ပေါက်ကွဲပစ်တာမျိုးမရှိဘဲ စကားလုံးဝမပြောတော့ဘဲ လျစ်လျှူရှူတတ်တဲ့ ပုံစံမျိုးဖြစ်တာမို့ မနေတတ်မထိုင်တတ်ဖြစ်နေရသည်။"အိပ်တော့မှာလား"
"ညဘက်လူအိပ်ချိန်လေ မအိပ်ဘဲနဲ့ ငါကထထိုင်နေရမှာလား။"
"အိပ်ချိန်မှန်းတော့သိပါတယ်။ရိုးရိုးတန်းတန်းပဲအိပ်လိုက်တော့မှာလား ညအချိန်တွေနှမြောစရာကြီး"
"ဆန်းဆန်းပြားပြား အိပ်ချင်သေးတာလား "
ဆူဆောင့်ဆောင့်အသံနဲ့ပြန်မေးလာတာမို့ ...
"ဟိုလေ နက်နက်နဲနဲကိစ္စလေးများ...လုပ်ကြမလားလို့ပါ"
"တိတ်စမ်း!!!"
"ဟုတ်ကဲ့"
ဒီအနေအထားဆိုရင် အခြေအနေကိုသဘောပေါက်လိုက်ပြီဖြစ်သည်။
Ring!!Ring!!Ring!!
အနားကဖုန်းကိုကြည့်လိုက်တော့ Tae Hyung ဆက်နေတာပင်။ဘူပိတ်တဲ့အချိန်တွေဆို လှောင်ဖို့အတွက်များ ကြုံတင်အာရုံတွေရပြီး ဖုန်းဆက်တာလားမသိတော့ပါ။
"ဘာလဲ ပြော"
"အသံက ဘာဖြစ်နေတာလဲကွ မင်းဟာကလည်း "
"ဘာမှမဖြစ်ဘူး။"
"Jeon Jung Kook ရယ်ငါ့ကိုလိမ်မနေစမ်းပါနဲ့။
ဒီလိုအသံဖြစ်နေရင် Jimin နဲ့တစ်ခုခုဖြစ်ထားတာအပြင် ဘာရှိအုံးမှာလဲ။ မဟုတ်မှ မင်းကိုအခန်းထဲ
ပေးမဝင်တာလား ဟားဟားး"
ESTÁS LEYENDO
ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
Fanfic" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"