Unicode
"အိမ်ထဲဝင်အုံးလေ Tae Hyung"
"ခဏနေမိုးချုပ်တော့မှာဆိုတော့မဝင်တော့ဘူး Hyung နောက်ကျရင်မေမေစိတ်ပူနေမှာစိုးလို့"
"ကျွန်တော် Hyungရဲ့အိမ်အရှေ့ရောက်နေတာ"
ဆိုတဲ့ messageကြောင့် အမြန်ဆင်းလာပြီးခြံ
တံခါးဖွင့်ပေးတော့ တစ်နေနေရာရာက ပြန်လာတဲ့ပုံစံလေးနဲ့...."Hyungကိုလက်ဆောင်ပေးစရာရှိလို့...ဒီမှာ စပျစ်သီးတွေ ကျွန်တော် စပျစ်စိုက်ခင်းထဲအလည်လိုက်သွားရင်းနဲ့ ဒါက Hyungအတွက်
ခူထားတာသိပ်မကြာသေးတော့ လတ်လတ်ဆတ်ဆတ်လေးစားလို့ရအောင် ဟိုကပြန်ရောက်ရောက်ချင်း လာခဲ့လိုက်တာ""ကျေးဇူးပါပဲ ကောင်းကောင်းစားပါ့မယ်"
"ဟုတ်ကဲ့ Hyung ပြန်ပြီနော်"
"ဂရုစိုက်ပြန်"
"ဟုတ်ကဲ့ဗျ"
တစ်နေ့တစ်မျိုးမရိုးတဲ့အကြောင်းတွေ အမျိုးမျိုးရှာပြီးသူ့ဆီလာလာနေတဲ့ ကောင်လေးရဲ့သဘောထားကို Hoseokလည်းရိပ်မိသလောက်တော့ရှိပါသည်။
ဆွဲဆောင်မှုရှိတဲ့အပြုံးတွေအောက်မှာ နစ်မျောသွားမိတာတော့ ကိုယ်တိုင်လည်းဝန်ခံရပါလိမ့်မည်။
အောက်နှုတ်ခမ်းရဲ့ဘေးနားလေးမှာ မှဲ့လေးရှိနေလို့လားပဲ လူကိုစကားလာပြောရင်လည်း ရန်ခုန်အောင်စွမ်းဆောင်နိုင်သည်။
တော်ကီတစ်ပေါက်ကတော့ လျှမ်းလျှမ်းတောက်!
________________Ring!!Ring!!
"Hello bro!!"
"အဲ့မှာခုချိန်မိုးချုပ်နေပြီကို ကားသံတွေကြားနေရတယ် မင်းဘယ်တွေသွားနေတာလဲ Tae Hyung"
"crush လေးကို အချိုသွားကျွေးပြီးတော့ အမှတ်သွားယူတာကွာ"
"တစ်သက်လုံးအဖြေပြန်ရမှာမဟုတ်ဘူး!!"
"ဘာကွ!!!!"
"မင်း အရမ်းတွေဖြစ်နေတာကို ကြည့်မရတော့လို့ပြောတာကွာ"
"မင်းမှ မချစ်ဖူးသေးတာပဲ ဘယ်သိမလဲ....ဆောရီး မင်းမှာချစ်သူကောင်မလေးရှိသားပဲ မေ့သွားတယ်"
"မဟုတ်ဘူး Tae Hyungအဲ့ဒါက"
"Jimin ဘက်ကို မင်းနည်းနည်းလေးတောင်ပြန်မကြည့်ဘူး...သူဘယ်လောက်တောင်ခံစားလိုက်ရမလဲမသိဘူးလား မင်းတကယ်ကိုအသည်းနှလုံးမရှိတဲ့သူပဲကွ မင်းအဲ့ဒါကိုသိလား"
YOU ARE READING
ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
Fanfiction" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"