Part 8

2.1K 195 14
                                    

Unicode

"ဟုတ် သားအဆင်ပြေပါတယ် မေမေ"

"မေမေက သားသွားချင်နေလို့သာ လွှတ်လိုက်ရတာ....သားနေရထိုင်ရအဆင်မပြေမှာစိတ်ပူတယ်ထမင်းရော စားနိုင်ရဲ့လား"

"စားနိုင်ပါတယ် မေမေရဲ့ သားနှစ်ဝက်ပိတ်ရက်ရှည်ရရင် ပြန်လာခဲ့ပါမယ်"

"ဟုတ်ပါပြီကွယ်"

"ဒယ်ဒီရော နေကောင်းလား မေမေ"

"သား ဒယ်ဒီနေကောင်းတယ် သားသာကျန်းမာရေးဂရုစိုက်"

"ဟုတ်ကဲ့ မေမေ ဖုန်းချပြီနော်"

"ဟုတ်ပါပြီ ချစ်တယ်နော် မေ့သားလေး"

"ဟုတ် သားရောချစ်တယ် မေမေ"

Jungkook နေ့လည်အတန်းခဏပြီးတဲ့အချိန် မေမေနဲ့ face time ပြောပြီးကာမှ အိမ်ကထမင်းဟင်းလက်ရာနဲ့ ကိုယ်နိုင်ငံကို ပိုလွမ်းသွားရသည်။
နောက်ပြီး သူ့သူငယ်ချင်းနှစ်ယောက် မူလတန်းကျောင်းသားအရွယ်ကတည်းက ပေါင်းခဲ့တဲ့သူတွေမို့  လွမ်းပါသည်။

"ကျောင်းပိတ်ရက်ရှည် မြန်မြန်ရောက်လိုက်တော့
Seoul ကိုပြန်ချင်နေပြီ"

"ကျောင်းတက်တာတောင် ဘယ်နှစ်လမှမရှိသေးဘူး Korea ကိုလွမ်းနေပြီလား?"

Jungkook ထိုင်နေတဲ့ ခုံတန်းရဲ့အနောက်ဘက်နေထွက်လာတဲ့ အသံ!!

"ဟမ်"

လှည့်ကြည့်လိုက်တော့ တော်တော်လေးကိုချောတဲ့သူ...။
ဒီလူက ဘာလဲ ရုပ်ရှင်မင်းသားလား အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရည်မျိုးနဲ့ဖြစ်သည်။

London ရောက်တည်းက Jungkookတက်နေတဲ့ကျောင်းနဲ့ နေတဲ့အခန်းနားတစ်ဝိုက်မှာလည်း
ကိုယ့်လူမျိုးမတွေ့ရ။
ခုမှ ကိုယ့်ဘာသာစကားနဲ့ထပြောလိုက်တော့
အတော်လေးပျော်သွားရသည်။
နိုင်ငံရပ်ခြားမှာ ကိုယ့်နိုင်ငံသားနဲ့တွေ့ရတဲ့ ပျော်ရွှင်မှုက ပြောမပြတတ်လောက်အောင်ပင်။

"ဟိတ်"

"ဗျာ"

Seokjin သတိပေးသလိုခေါ်လိုက်တော့မှ "ဗျာ"
ဟု ပြန်ထူးလာသည်။
Korea လူမျိုးအချင်းချင်းမို့ ဒီကောင်လေး အံ့သြသွားပုံရသည်။ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ တအံ့တသြပြန်ကြည့်နေသေးသည်။
ကိုယ်က သူ့အမေနဲ့ face timeပြောနေတဲ့အချိန်တည်းက အရင်အံ့သြသွားခဲ့ရတာဖြစ်သည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now