Part 18

1.9K 156 10
                                    

Unicode

"သူဋ္ဌေး ဒီဝိုင်းကို အသားထပ်ပေးပါအုံးဗျ"

အပြောနဲ့အလုပ်ညီအောင် Kim Tae Hyungက အသားကုန်စားပေးပါသည်။

"နေအုံး Tae Hyung ဆေးရုံအရင်သွားရအောင်"

"ဟင်!!"

"ဟမ်"

အကုန်လုံးက အာမေဋိတ်အသံတွေထွက်ကုန်ကြသည်။

"ဟမ် Tae Hyung နေမကောင်းထပ်ဖြစ်တာလား ဘာလို့ မပြောပြတာလဲ"

Hoseok Hyungကလည်း စိုးရိမ်တကြီး မေးလာသည်။

"မဖြစ်ပါဘူး ကျွန်တော်တကယ်နေကောင်းတယ် Hyung"

"Tae Hyungက ဘာလို့ဆေးရုံသွားရမှာလဲ Jungkook"

Jimin ကပါနားမလည်ဟန်ဖြင့် တအံ့တသြ ဝင်မေးလာပြန်သည်။

"သူ့ဗိုက်မှာ အစာအိမ်တွေများအပိုပါနေလားလို့ ဓာတ်မှန်သွားရိုက်ကြည့်မလို့!!"

"ဟမ် ဘယ်လို"

"ကင်သမျှအသားတိုင်း သူပဲစားစားသွားလို့လေ
ဘယ်လောက်စားစား ဗိုက်ပြည့်တယ်မရှိတော့ အစာအိမ်နှစ်ခုများပါနေမလားလို့ သိချင်လို့"

"ဆေးရုံသွားမယ်ဆိုတော့ တစ်ခုခုဖြစ်တယ်ထင်နေတာ မင်းတို့ကတော့!!"

"သူ ငါ့ကိုပြောနေတာတွေ့တယ်မလား Jimin ဟင့် ဆူပေး Jeon Jung Kookကို"

"ငါလုပ်လိုက်ရ"

"တော်ပါပြီ ဆက်ပြီးလည်းမစားတော့ဘူး"

"ကုန်နေပြီလေ"

Jin Hyung နဲ့ သူ့ချစ်သူအကို ကပါသဘောကျဟန် ရီနေကြသည်။

Hoseokie Hyungကတော့ခုမှ ရင်ထဲကအလုံးကြီးကျသွားဟန်ဖြင့် သက်ပြင်းချနေသည်။ အသစ်စက်စက်ရည်းစားလေးကို အများကြီးစိတ်ပူနေပုံပင်....အားတောင်ကျလာပြီကွာ!!! ရည်းစားရှိတဲ့ဘဝက ကောင်းလိုက်ကြတာ....ဟူးးး!!

"ကဲ တော်ကြ ရန်မဖြစ်နဲ့တော့။ ဒီနေ့က Hyungတို့စပြီးရင်းနှီးတဲ့ အထိမ်းအမှတ်နဲ့ ရုပ်ချောချောအကိုကြီးက ကျွေးပါမယ်။ အစက Jungkook ရှင်းမယ်ပြောထားတာ နောက်မှ ရှင်းတော့"

SeokJin Hyungက ကြားထဲကဝင်ဖြေရှင်းပေးလာသည်။

"ကျွန်တော် ရှင်းပါမယ် Hyungကလည်း"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now