Part 13

2.4K 176 19
                                    

Unicode

"ငါရှင်းပြမယ် Jimin မင်းထင်နေသလိုမဟုတ်ဘူး"

"ဘယ်ဟာက မဟုတ်တာလဲ...ငါပြောတဲ့အထဲအမှားတွေပါသွားလို့လား"

"မင်းမမှားပါဘူး...အမှားတွေက ငါလုပ်ခဲ့တာ
သေချာလေးရှင်းပြပေးမှာမို့ စကားခဏလောက်ပြောချင်လို့ရမလား Jimin"

"စိတ်မကောင်းပေမဲ့ ငါအချိန်မရတော့ဘူး "

"Jimin"

"....."

"တောင်းပန်ပါတယ် "

"ဘယ်အတွက်တောင်းပန်တာလဲ မလိုဘူး"

Tae Hyungကသူတို့နှစ်ယောက် အနားကိုလမ်းလျှောက်လာရင်း

"နေ့လည်စာစားဖို့သွားရအောင်လေ"

"ငါမလိုက်တော့ဘူး Tae Hyuung...မင်းတို့ပဲသွားလိုက်ကြပါ။"

"မဟုတ်ဘူးလေ Jimin"

"ငါ အရင်အခန်းပြန်နှင့်မယ်"

စိတ်မြန်လက်မြန်ရှိတဲ့သူမို့လို့ သူ့ကိုအတင်းအကြပ်ကြီးခေါ်ဖို့ကလည်းအဆင်မပြေ။
အခြေအနေက ပိုဆိုးသွားနိုင်သည်မို့ ဆင်ခြင်နေရသည်။

"Jimin ကငါနဲ့စကားပြောချင်စိတ်တောင်မရှိတော့သလိုပဲ ငါဘယ်လိုဆက်လုပ်ရမလဲ Tae Hyung"

"နည်းလမ်းတော့ရှိမှာပါ...သေချာခေါင်းအေးအေးထားပြီး စဥ်းစားကြည့်ရအောင်"

"....."

"ငါ မင်းကိုတွေ့တော့ပြေးလာတော့လေ အဲ့အစ်မက မင်းခေါင်းကိုကိုင်ထားတာတွေ့တယ် အဲ့ဒါကရောဘာလဲ"

"အမှိုက်တင်နေလို့တဲ့ကွာ ဘယ်ကနေဘယ်လိုခေါင်းပေါ်ရောက်လာလည်းမသိဘူး အဲ့ကျက်သရေမရှိတဲ့အမှိုက်က...အခုရှင်းမရတော့ဘူး။ အဲ့အစ်မကဖယ်ပေးလိုက်တာ အဲ့အချိန်ကိုမြင်သွားတာ"

"ပြောပြလိုက်ရင် သူအထင်လွဲတာပျောက်သွားမှာပါ...စိတ်အေးအေးထား "

"....."

"လာပါ ခုတော့နေ့လည်စာသွားစားကြရအောင်
မင်းလည်းဘာမှမစားရသေးဘူးမလား"

"Jiminလည်း ဘာမှမစားရသေးဘူးထင်တယ်"

ငါစိတ်ရှိလက်ရှိလုပ်လိုက်ရင် နာကုန်တော့မှာပဲ!!! ခုမှလာပြီးစားရသေးတာတွေမစားရသေးတာတွေလာလုပ်နေကြတယ်!!!

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now