Part 33

1.4K 99 9
                                    

Unicode

ရာသီဥတုသာယာနေသလို Jimin စိတ်တွေလည်း လန်းလန်းဆန်းဆန်းဖြစ်နေကာ ပျော်နေတယ်ဆိုတာထက် ရင်တွေခုန်ပြီးစိတ်လှုပ်ရှားနေတယ်ဆို ပိုမှန်ပါလိမ့်မည်။
လေဆိပ်ကို လေယာဥ်ဆိုက်မဲ့အချိန်ထက် သုံးနာရီလောက်စောပြီး ရောက်နေတာဖြစ်သည်။
နာရီခဏခဏကြည့်နေမိလို့ထင်သည် အချိန်တွေကပိုကြာနေသယောင်။

လေယာဥ်ဆိုက်တော့မဲ့အကြောင်းကြေညာသံကြားတဲ့အခါ လက်တွေချွေးစေးတွေထွက်လာပြီး
Tissue ထုတ်ကာခဏခဏ သုတ်နေရသည်။
နောက်ထပ်နာရီဝက်လောက်ထပ်စောင့်ပြီးတဲ့အချိန်မှာပေါ့ ဂိတ်ပေါက်ကနေ ထွက်လာတဲ့ သူကိုလှမ်းမြင်နေရပြီဖြစ်သည်။
Gym ပုံမှန်သွားတဲ့သူမို့လို့ ရင်အုပ်ကျယ်ကျယ်နဲ့ တောင့်တင်းနေတဲ့ခန္ဓာကိုယ်အချိုးအစားကြောင့် အားလုံးထဲထင်းထွက်နေသည်။
ရင်ဘက်ထဲကအကောင်ကလည်း ကိုယ့်ထက်တောင်စိတ်လှုပ်နေတာလားမသိ ခုန်နေတာများအတိုင်းအဆမဲ့။Park Jimin အဖြစ်က ကိုယ့်ရည်းစားကိုပြန်ရင်ခုန်နေရတဲ့ အဖြစ်မျိုးပင်။

"ကိုယ်ချောတာကို သိပေမဲ့ မျက်တောင်လေးတော့ခတ်ပါအုံးကွာ"

ငေးနေမိတာ ဘယ်လောက်တောင်ကြာသွားသည်မသိ။အနားရောက်လာတာကိုတောင် သတိမထားမိလိုက်တဲ့အထိ။

"မ..မငေးပါဘူးနော် မင်းကမမြင်ဖူးတဲ့သူမှမဟုတ်တာငေးစရာလား"

"လိမ်နေပြန်ပြီ"

"မလိမ်ပါဘူးနော်"

"ဟုတ်ပါပြီ မလိမ်ပါဘူး ညာတာမလား"

"မင်းနော်!!"

"ဒါနဲ့လေ အခုနမ်းလို့ရလား။အသဲတွေအရမ်းယားလာလို့"

"မရဘူးနော်"

ရှက်ပြီးလှစ်ခနဲပြေးသွားတာများ လာကြိုတယ်ဆိုတာကို​တောင်မေ့သွားပုံပင်။ဘာတစ်ခုမှကူမသယ်ပဲဒိအတိုင်းထားခဲ့ကာ ထွက်သွားသည်။
ခုပြေးလို့ရတုန်းတော့ ပြေးထား နောက်ဆုံးထွက်ပြေးလို့မရအောင် တစ်သက်လုံးအနားခေါ်ထားတော့မှာ။
..........................

"အဆင်ပြေမှာပါနော် ဟုတ်တယ်မလား"

"ဒါပေါ့ ကိုယ့်ကိုကြည့် အရမ်းတွေးပြီးစိတ်တွေပင်ပန်းနေတော့မှာပဲကွာ"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now