Part 39 (final)

2.1K 117 7
                                    

Unicode

သူဋ္ဌေး ကားရောက်လာတဲ့အချိန်မှာ အရင်နေ့တွေနဲ့မတူပဲ ဝန်ထမ်းတွေအကုန်လုံး လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ဘေးနားက ကပ်ပါလာတဲ့ အရာလေး ကြောင့်ဆိုတာ အတိအကျပင်။

"ဟဲ့ အဲ့ဒါသူဋ္ဌေးရဲ့အမျိုးသားမလား"

"ဟုတ်တယ်လေ ခုမှပဲသေချာမြင်ဖူးတော့တယ်။
သူဋ္ဌေးက သူ့အပိုင်လေးကို ဥထားတာနော်"

"ဟုတ်ပါ့ သဝန်တိုချင်စရာ ဥထားချင်စရာလေးလေ
မထိရက်မကိုင်ရက်စရာလေးဖြစ်နေတာ ကြည့်ပါအုံး"

"သူဋ္ဌေးရဲ့ မျက်နှာကိုကြည့် အရင်ရက်က အလုပ်လာတဲ့ပုံစံနဲ့ တခြားစီ ပျော်နေတာအသိသာကြီး"

"တကယ်ကို လိုက်ဖက်လွန်းပါတယ်ဟယ်"

"အတော်လေးချစ်ကြတာနော် relationship သက်တမ်းကလည်းအတော်ကြီးကြာမှ လက်ထပ်လိုက်ကြတာတဲ့။အရမ်းအားကျဖို့ကောင်းတာပဲ"

"အမယ်လေး တကယ်ချစ်စရာလေး ဖြူအုနေတာပဲ"

ဝန်ထမ်းအမျိုးသမီးတွေ ဆီကနေ အားကျနေတဲ့ တစ်ယောက်တစ်ပေါက်ထွက်လာကြတဲ့အသံတွေဖြစ်သည်။

"ဝါးးးရုံခန်းတံခါးကိုပါ သူဋ္ဌေးကိုယ်တိုင်ဖွင့်ပေးသွားတာနော် ဂရုစိုက်တတ်လိုက်တာ"

"သူဋ္ဌေးလို လူမျိုးနောက်ထပ်ရှိနိုင်ပါ့အုံးမလား"

"ရှိလည်းမရှိနိုင်သလို နင်တို့တွေရလည်းမရနိုင်တာမို့
အားကျလို့ပြီးရင် အလုပ်ပြန်လုပ်လို့ရပြီ။"

"ဟုတ်ကဲ့!!! ဟုတ် အဖွဲ့မှူး"

အဖွဲ့မှူးရဲ့စကားကြောင့် အားလုံးနေရာတကျပြန်ထိုင်ပြီး အလုပ်ပြန်စဖို့ပြင်ကြ​တော့သည်။
သေချာတာကတော့ သူဋ္ဌေးကဘယ်လိုချစ်တတ်ကြောင်း သူဋ္ဌေးရဲ့အမျိုးသားက ဘယ်လိုချစ်စရာလေးဆိုတဲ့အကြောင်းကို တစ်ပတ်လောက်ပြောနေကြအုံးမှာဖြစ်သည်။

>>>>>>>>>>>>>>>>

February 14

အိမ်ထဲကို နှင်းဆီပန်းနီနီရဲရဲတွေအစည်းလိုက်ကြီးတွေကို တဖြည်းဖြည်းချင်း အိမ်ထဲသယ်နေကြတဲ့ လူငယ်လေးတွေရှိနေသည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now