Part 15

2.3K 149 11
                                    

Unicode

Message ဝင်လာတဲ့ Notiသံကြောင့် ဖုန်းဖွင့်ကြည့်လိုက်တော့ Tae Hyung ဆီက ရောက်လာတဲ့ message!!

TH:"အခြေအနေ ဘယ်လိုရှိလဲ Jungkook"

JK:"ဖွင့်ပြောခဲ့ပြီ အတော်လေးတော့ကြိုးစားလိုက်ရတယ်...ငါစိတ်တွေအရမ်းလှုပ်ရှားနေတာ"

TH:" မင်းကို ငါကJiminလက်ချက်နဲ့ ခေါင်းတွေဘာတွေကွဲသွားပြီမှတ်နေတာ"

JK:"ကွဲခါနီးလေးတင်ပဲ...စိတ်အရမ်းဆိုးသွားလို့ မနည်းတောင်းပန်ပြီး ပြန်ချော့ခဲ့ရတာ"

TH:"ဟားးဟားး ကောင်းတယ် Jimin ကိုဖုန်းဆက်ပြီး Jeon Jung Kook ကပြန်ချစ်သင့်တဲ့
ကောင်မဟုတ်ဘူးလို့ပြောထားလိုက်အုံးမယ်"

JK:"ဟိတ်ကောင် မင်း!!!"

TH:"သေချာလေးနားချပေးလိုက််မှာမို့ စိတ်မပူနဲ့ဘရို"

JK:"ကျေးဇူး"

TH:"ရပါတယ်ကွာ အချင်းချင်းတွေပဲ ကျေးဇူးတွေဘာတွေမလိုပါဘူး"

JK:"ရွဲ့ပြောနေတာကွ!!!"

ပြဿနာတွေအရမ်းဖြစ်မသွားလောက်တဲ့ပုံမို့ Tae Hyungလည်း ဒီအတိုင်းပဲစောင့်ကြည့်နေလိုက်တာပိုပြီးကောင်းပါလိမ့်မည်။
အခြေအနေမဟန်မှ ဝင်ပြီးညှိပေးရမှာပဲ...သူ့သူငယ်ချင်းနှစ်ယောက်လုံးရဲ့စိတ်ထဲဘာတွေရှိနေကြလဲဆိုတာလည်းသိပြီးသားမို့။နှစ်ယောက်သားက အချစ်တွေက အချိန်ကိုက်ဖြစ်မနေကြတော့ အနည်းငယ်လွဲနေရုံသာ။
သူလည်း Crushလေးကိုအမြန်ဖွင့်ပြောပြီး မီးစိမ်းပြတဲ့အခြေအနေကိုအမြန်ဆုံးရောက်အောင်ကြိုးစားရပါအုံးမည်။
Londonကပြန်လာတဲ့ Jeon Jung Kook!!! သူသာအဖြေအရင်ရကြည့် အသားကုန်နှိမ်မှာကို ကြိုမြင်နေခြင်းကြောင့်ပင်။
Kim Tae Hyungလည်း သူ့နှလုံးသားလေးအတွက်အချိန်ရှိခိုက်ကြိုးစားရပါအုံးမည်။

Tae Hyungနဲ့ ပြောပြီးတဲ့အချိန်ကျတော့ မနက်ဖြန်တွေ့ခွင့်ရဖို့ညဏ်နီညဏ်နက်တွေထုတ်ပြီး Jimin ဆီဖုန်းဆက်ရသည်။ မပြန်မချင်းမျက်နှာလေးကို နေ့တိုင်းမြင်ချင်တာမို့...။

"Hello Jimin"

"ဘာကိစ္စလဲ ပြော"

"Tae Hyungလေ ဆေးရုံတင်လိုက်ရလို့"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now