Part 4

2.2K 185 2
                                    

Unicode

Seoul ကို ပြန်ရောက်ရောက်ချင်း အိမ်ရောက်တာနဲ့ လမ်းတစ်ဖက်က ခြံကိုလှမ်းကြည့်လိုက်မိသည်။
Jungkook ရဲ့အရိပ်အယောင်တောင်မမြင်ရပါ။
နေ့လည် 11နာရီဆိုတော့ အပြင်ရောက်နေသည်ထင်သည်။

ပစ္စည်းတွေနေရာတကျပြန်ထားပြီး ပင်ပန်းလာတာမို့ ရေချိုးပြီးအနားယူရမည်။
အိပ်ယာပေါ် ခဏဆိုပြီးလှဲလိုက်တာ အိပ်ပျော်သွားတာမို့ နိုးနိုးချင်း နာရီကြည့်မိတော့ နေ့လည်
2နာရီကျော်နေပြီဖြစ်သည်။

ဒေါက်!! ဒေါက်!! ဒေါက်!!

"မေမေလား"

"မဟုတ်ဘူး ငါ Jungkook"

ဘယ်လို အိပ်ယာထခါစမို့ ကြားချင်ရာတွေကြားနေမိတာလား?
Jung kook ကသူ့ဆီလာတာတဲ့လား?
အပြေးအလွှား တံခါးဖွင့်ပေးတော့ ဟုတ်ပါသည်။
တကယ်ကို Jung Kookပဲ... မတွေ့ရတဲ့လပိုင်းလေးအတွင်း ပိုချောလာလိုက်တာ....

"ငါပြန်လာတော့ ခြံထဲမှာ အန်တီကိုလှမ်းတွေ့လိုက်လို့ မင်းဆီဝင်လာခဲ့တာ"

"အော် အင်း"

"အိပ်နေတာဆို ဆက်အိပ်လေ ငါလည်းပြန်တော့မယ်"

"ဟင့်အင်း မအိပ်တော့ဘူး။ ငါမင်းတို့အတွက် လက်ဆောင်တွေပါလာတယ်"

"အေးပါ ဒါနဲ့ပြစရာရှိတယ်...Jimin ဘယ်လိုနေလဲ ငါသဘောကျနေတဲ့တစ်ယောက် ချောတယ်မလား"

"အင်း မဆိုးပါဘူး"

Ring!! Ring!!

"Hello "

"....."

"ဟုတ်ကဲ့ မမ...ကျွန်တော်ခုချက်ချင်းလာခဲ့မယ်ဗျ"

"ငါ သွားစရာလေးပေါ်လာလို့ သွားတော့မယ်Jimin"

"ဟင် ခုချက်ချင်းကြီးလား"

"ဟုတ်တယ် သွားပြီနော်"

ပြန်ပြောတဲ့စကားကိုတောင်မစောင့် ချက်ချင်းပြန်ထွက်သွားသည်။
အိမ်ထိလိုက်လာပြီးတော့ကို အနာတွေလာပေးတာပါလား Jungkookရယ်....
လက်ဆောင်တွေကိုတော့ ညနေကျမှအိမ်ကိုလိုက်ပေးဖို့စဥ်းစားထားလိုက်တော့သည်။________________

ညနေဘက် Jungkookတို့အိမ်ကို ထွက်လာခဲ့သည်။

"ဟော သားလေး Jiminie...ပြန်ရောက်နေကြပြီလား"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now