Unicode
တစ်နေ့လုံးအဆင်ပြေနေခဲ့ပေမဲ့ ပြဿနာက အခန်းပြန်ရောက်ပြီး အိပ်တော့မယ်ဆိုကာမှ တက်လာပြီဖြစ်သည်။
"ဟင့်အင်း အတူမအိပ်ဘူး။မင်း အောက်ဆင်းအိပ်"
ငင့်!!! ရည်းစားကို ဘယ်လိုတောင်ကြင်ကြင်နာနာနဲ့ကြမ်းပေါ်အိပ်ခိုင်းရက်ရတာလဲ Park Jiminရယ်။
"ဒီအိပ်ယာက နှစ်ယောက်အိပ်လောက်တော့မကျယ်ပေမဲ့ နှစ်ယောက်တော့အဆင်ပြေပြေအိပ်လို့ရပါတယ်ကွာ"
"မရပါဘူး"
"ကလေးတွေလည်းမဟုတ်တော့ဘူး။အရွယ်ရောက်နေပါပြီ"
"အရွယ်ရောက်နေလို့ကို အတူအိပ်လို့မရတာပေါ့"
"ဟမ်!!"
ညကျရင်တော့ ဒီကိုယ်လုံးလေးကို ပွေ့ဖက်ပြီး ချစ်တဲ့အကြောင်းတွေ တီတီတာတာပြောဖို့စိတ်ကူးယဥ်ထားတဲ့ Jung Kook ရဲ့အိမ်မက်ပူဖောင်းလေးတွေကို Park Jimin ကလက်ညှိုးနဲ့လိုက်ထိုးဖောက်ပြီး ဖျက်ဆီးလိုက်သလိုပင်။
"အောက်မှာမအိပ်ချင်ရင် အရှေ့ကဆိုဖာမှာသွားအိပ်...ရော့ ခေါင်းအုံး"
"တကယ် အဲ့နေရာမှာသွားအိပ်ရမှာလား"
"တကယ်ပေါ့"
"ရတယ်လေ ကိုယ်နဲ့အတူရှိနေဖို့ကို အဲ့လောက်ကြောက်နေမှတော့ ထွက်သွားပေးပါမယ်။ကိုယ်ထွက်သွားလိုက်ပါတော့မယ်"
"ဟင် ဘယ်ကိုထွက်သွားမှာလဲ"
"အခန်းပြင်ကိုလေ"
ချက်ချင်း မျက်နှာငယ်လေးနဲ့ဖြစ်သွားကာ Jimin ကိုယ့်ကိုကိုယ် အပြစ်ရှိသလိုတောင်ခံစားလာရသည်။
အနားမှာရှိမနေစေချင်တာမျိုးမဟုတ်ပဲ Jung Kook က ခဏခဏနမ်းနေတော့ ရင်တွေအရမ်းခုန်နေတာကြောင့်ပင်။သူ့အခန်းဖြစ်တဲ့အပြင် ခုလိုမျိုးအပြင်ထွက်အိပ်ခိုင်းတာတော့ အနည်းငယ်လွန်သွားသည်ထင်ပါသည်။
အိပ်ခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း သွားခေါ်လိုက်ရမလား မခေါ်ဘဲထားလိုက်ရမလား စဥ်းစားရင်း နောက်ဆုံးတော့ အပြင်ထွက်လာပြီး..။"Jung Kook!! Jungkookie"
"...."
"အိပ်ပျော်သွားပြီလား...မြန်လိုက်တာ"
YOU ARE READING
ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
Fanfiction" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"