Part 25

1.7K 108 3
                                    

Unicode

တစ်ပတ်ဆိုတဲ့အချိန်ကာကတစ်ခုက ခဏလေးအတွင်း ပြည့်သွားခဲ့ပြီမို့ Seoul ကိုပြန်ရမည့် နေ့ရောက်လာပြီဖြစ်သည်။
Jimin လည်းကျောင်းတစ်ဖက်ရှိနေသေးတာမို့ စိတ်ရှိတိုင်း ဆက်နေလို့မဖြစ်ပေ။
ထိုအချိန်ကာလအတွင်း သူတို့နှစ်ယောက်ကြား အရင်ကထက် ပိုပြီးနီးစပ်လာတာကတော့ အမှန်ပင်။

"ပစ္စည်းတွေ စုံရဲ့လား"

"အင်း စုံနေပြီ"

"ကျန်ခဲ့လည်း ကိစ္စတော့မရှိပါဘူး။ကိုယ်လာပို့ပေးမယ်"

"မင်းက ဘယ်ကိုလာပို့ပေးမှာလဲ"

"Seoul ကိုလေ ကိုယ်လမ်းကြုံပါတယ်။"

London နဲ့ Seoul လိုနေရာမျိုးကို လမ်းကြုံလာပို့ပေးရအောင် နီးနီးနားနားလည်း ဟုတ်မနေ။
Jeon Jung Kook ကိုတော့ တကယ်ကိုမနိုင်တော့ပါ။

"ကျောင်းမပြီးဘဲတန်းလန်းနဲ့ပြန်မလာစေချင်လို့ ငါလာတွေ့တာကို"

"ဟုတ်ပါပြီကွာ လက်မှတ်ကကိုယ်ဖြတ်ထားပေးတယ်"

"အင်း ကျေးဇူးပဲ"

တစ်ပတ်နီးပါး အတူတူရှိခဲ့ကြတာမို့ ခွဲရတော့မယ်ဆိုတာတော့လည်း ရင်ထဲဝမ်းနည်းစိတ်ကအလုံးလိုက်အရင်းလိုက်။
ဝမ်းနည်းတဲ့အရိပ်အယောင် နည်းနည်းလေးတောင်မှရှိမနေတဲ့ Jeon Jung Kook က တကယ်ပဲ အသည်းနှလုံးမရှိတဲ့သူများလား။

"ဟော ကိုယ့်ကိုဘာလို့ကြည့်နေတာလဲ"

မကျေနပ်တဲ့ပုံစံနဲ့ ပေစောင်စောင်လာကြည့်နေတာတောင်မှ အသဲတယားယားဖြစ်ရသည်။

"မကြည့်ချင်တော့ဘူး မင်းကို"

"အရမ်းချောလွန်းတော့ မျက်လုံးတွေကျိန်းလို့လား။ နားလည်ပါတယ်"

"အရူးးးထင်ချင်ရာတွေ စွတ်ထင်တော့တာပဲ"

"ဟားးးဟားး"

"ရီတောင်ရီနေနိုင်သေးတာပဲ မင်းတကယ်မ
ကောင်းတဲ့ကောင်!!''

"ဟော ကိုယ်ဘာလုပ်မိလို့လဲ"

"မင်း အရမ်းပျော်လွန်းနေတယ်မလား"

"ကိုယ်လား ပုံမှန်ပါပဲ"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now