Part 2

2.3K 184 4
                                    

Unicode

"အာ မင်းတို့နှစ်ယောက်ကအစောကြီးရောက်နေကြပါလား"

"သိပ်မကြာသေးဘူး။"

"မနက်စာ စားခဲ့ကြပြီလား...မေမေက ထည့်ပေးလိုက်တယ် မင်းတို့နှစ်ယောက်အတွက် ရော့ ဖက်ထုပ်တွေ"

"ကျေးဇူးပါ"

"ရတယ် မလိုဘူး"

"မင်းကိုကျေးဇူးတင်နေတာမဟုတ်ဘူး အန်တီ့ကို "

"ငါ လုပ်လိုက်ရ "

သုံးယောက်အဖွဲ့ထဲမှာ Kim Tae Hyung က ဖက်ရှင်ကိုလုံးဝအလေးပေးတဲ့သူမို့ ကျောင်းဝတ်စုံဝတ်ထားတာတောင် မိမိုက်နေသေးသည်။

Jimin ကတော့ Tae Hyungလိုအရပ် အရမ်းမရှည်ပေမဲ့ ဂျူနီယာကောင်မလေးတွေထဲကြားထဲ ချစ်ဖို့ကောင်းတဲ့ ကိုကိုဆိုပြီး နာမည်ကြီးသည်။

Jung Kook....Jeon Jung Kook သူကတော့ မိန်းကလေးအကုန်လုံး၏ Idea type !!
မနာလိုချင်စရာ ကောင်းလောက်အောင်ချောတဲ့သူ။

မူလတန်းကျောင်းသားအရွယ်တည်းက စိတ်တူကိုယ်တူမို့ သုံးယောက်ကအတွဲသိပ်ညီသည်။
များများစားစား ညှိစရာမလို တစ်ယောက်ကဒါလုပ်မယ်ဆို ကျန်တဲ့နှစ်ယောက်ကလည်း အမြဲတမ်း "အိုခေ" ဆိုတာချည်းသာ။
"ဟင့်အင်း " ဆိုတာ မရှိသလောက်ရှားပါသည်။

"ဒါနဲ့ တက်ချင်တဲ့တက္ကသိုလ်ရွေးပြီးကြပြီလား မင်းတို့"

Tae Hyungကစကားစလာသည်။

"ငါကတော့ နိုင်ငံခြားမှာ ဆက်တက်ချင်တယ်။ ဒယ်ဒီကလည်း ခွင့်ပြုတယ်...မေမေကတော့ ငါ့သဘောဆိုတော့ ကိစ္စမရှိဘူး "

"ဟင် မင်းကဘယ်လိုလုပ် နိုင်ငံခြားသွားမှာလည်း
ဒီမှာလည်း အဆင်ပြေနေတာကို "

"အေးလေ မသွားလို့မရဘူးလား"

"ငါအမြဲနေမှာမှမဟုတ်တာကွာ ကျောင်းတက်ရုံပဲ
ကျောင်းပိတ်ရက်ရှည်တွေရရင် အမြဲပြန်လာမှာ"

အမြဲတမ်း အနီးကပ်မြင်တွေ့နေရတဲ့သူကို မတွေ့ရဘဲ ခုလိုတစ်​ယောက်တစ်နိုင်ငံစီ နေရမယ်ဆိုတာကတော့မဟုတ်သေးပါဘူး။ ငါရော အတူတူလိုက်သွားရမလား?

မေမေ... မေမေရှိသေးတယ်လေ မေမေကျန်းမာရေးသိပ်မကောင်းလို့ ဖေဖေအလုပ်သွားနေချိန်ဆို သူပါ နိုင်ငံခြားသွားမယ်ဆို
အနီးကပ်သေချာကြည့်ပေးမဲ့သူ မရှိ။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now