Part 32

1.3K 85 10
                                    

Unicode

အချိန်တွေ တဖြည်းဖြည်းကုန်လွန်လို့ Jung Kook
ပြန်လာမဲ့ရက်တွေနီးလာပြီဖြစ်သည်။
နေ့တိုင်း face time ပြောကြပြီး လွမ်းရတဲ့ဒဏ်တွေကိုအနည်းငယ် သက်သာရာရစေသည်။

Tae Hyung နဲ့ Jimin လည်းကျောင်းပြီးကြပြီမို့ ကုမ္ပဏီတစ်ခုမှာအလုပ်သင်ကာလကို ဖြတ်သန်းနေတာဖြစ်သည်။

"ပင်ပန်းလိုက်တာကွာ...ဒါနဲ့ Jimin အဲ့သူဋ္ဌေးပုံစံက
ထူးတော့ထူးဆန်းနေသလိုပဲနော်"

"မင်းလည်း အဲ့လိုမြင်တာလား"

"ဟုတ်တယ်။ အချိန်ပြည့်ဝန်ထမ်းတောင်မဟုတ်သေးဘဲ အလုပ်သင်တွေကိုအဲ့လောက်ဂရုတစိုက်ရှိနေတာကတော့ သိပ်မဟုတ်သေးဘူးလေ။နောက်ပြီး မင်းဆီကိုခဏခဏအကြောင်းရှာပြီး လာနေတာတွေ အချိန်တိုင်းအဲ့လိုလုပ်နေတာ လုပ်စရာအလုပ်မရှိပဲ သူတစ်ယောက်တည်း အားယားနေတဲ့အတိုင်း"

"ငါလည်း သဘောမကျဘူး။ဒါပေမဲ့ အထက်လူကြီးဖြစ်နေတော့လည်း သွားပြောလို့မရပြန်ဘူး။"

"Jeon Jung Kook သာဒီမှာရှိနေကြည့်ပါလား
အဲ့လူ အသက်ကို ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားနေရလောက်ပြီ ဟိုကဒေါသကခပ်ကြီးကြီးနဲ့"

"သူက စိတ်ကသိပ်ရှည်တာမဟုတ်ဘူး။သူ အထင်လွဲစရာတွေမဖြစ်အောင် ငါ့ဘက်က ပိုဆင်ခြင်မှ"

Tae Hyung ကလည်းခေါင်းတဆတ်ဆတ်ငြိတ်ပြီး
မှန်ကြောင်းထောက်ခံသည်။
ကိုယ့်သူငယ်ချင်းတွေရဲ့ စိတ်နေစိတ်ထားကိုသိနေပေမဲ့ တစ်ဖက်လူကပုံစံမကျရင် အကြောင်းမဲ့သက်သက် စိတ်ခုစရာတွေဖြစ်လာမှာကို မလိုလား။
........................

"အရင်က မင်းပြောထားတဲ့ရက်အတိုင်းဆိုရင် ပြန်လာဖို့သိပ်မလိုတော့ဘူး ဟုတ်တယ်မလား"

"ဒါပေါ့ နှစ်ပတ်လောက်ပဲ။ဖြစ်နိုင်ရင်အဲ့ထက် အမြန်ဆုံးပြန်လာချင်တာ မြင်နေရရုံနဲ့တောင် လွမ်းလိုက်တာကွာ"

ညတိုင်းပုံမှန် Face time ပြောကြတဲ့အချိန်ဖြစ်သည်။
ဒီအချိန်ဆိုတာနဲ့ အခန်းထဲမဟုတ်ရင်တောင် ခြံထဲဆင်းပြီးပြောနေကျမို့ တစ်ခါတစ်လေ မေမေကတောင် သားချစ်သူရနေတာလားလို့ မေးနေပြီဖြစ်သည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now