Part 29

1.4K 78 2
                                    

Unicode

October 21!!

နှစ်ဖက်အသိုင်းအဝိုင်းနဲ့ Jin Hyung နဲ့ Nam Joon Hyungတို့နဲ့အတူ လုပ်ငန်းအတူလုပ်တဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေလောက်သာဖိတ်ထားတာမို့ ပွဲမှာလူတွေအရမ်းတော့ရှုပ်မနေပေ။

Jungkook ကလည်ပိတ်ဆွယ်တာအနက်ပေါ်မှာ Suit နက်ပြာရောင်ကိုထပ်ဝတ်ထားပြီး အင်္ကျီရင်ဘတ်မှာ ချိတ်ခပ်ကြီးကြီးအရွယ်အစားတစ်ခုရှိနေပြီးထိုချိတ်ပေါ်မှာ ပလက်တီနမ်ကြိုးအသေးလေးတွေကိုသေချာချိတ်ဆွဲထားသည်။
ချုပ်ပုံဒီဇိုင်းသာကွဲပြီး အရောင်တူပြင်ဆင်ထားကြတာမို့ Jimin ကလည်း နက်ပြာရောင် suitနဲ့ ဘယ်ဘက်ရင်အုံအပေါ်နားလေးမှာ ရင်ထိုးတစ်ခုဖြင့် ခပ်မိုက်မိုက် ဒီဇိုင်းတစ်ခုကို ပုံစံကွဲ အရောင်တူလေး
စီစဥ်ပေးထားသည်။

"ကိုယ်တို့ အမှတ်တရဓာတ်ပုံရိုက်ကြမလား"

"အင်း မင်းသဘော"

"ပြောတော့ မောင်လို့ခေါ်မယ်ဆိုပြီး မင်းပဲအမျိုးမျိုး"

"မခေါ်တော့ဘာဖြစ်ချင်လဲ"

"နမ်းချင်တယ်"

ပြွတ်!!

နှုတ်ခမ်းလေးတွေပေါ် အသံမြည်အောင်တစ်ချက်ဖိကပ်နမ်းပေးလိုက်သည်။
Jeon Jung Kook တဲ့ ဘာမှတ်!!

ဖတ်!!

လက်မောင်းကိုဖတ်ခနဲနေအောင်ပြန်ရိုက်လာသည်။
နမ်းပြီးသွားပြီပဲ အရိုက်ခံရလည်းတန်တယ်။

Yoongi ကတော့ အနက်ရောင်Suit ကိုဝတ်ထားပြီး ဆံပင်တွေအရှေ့ကို နည်းနည်းချပြီးပုံသွင်းထားတာမို့ ပိုပြီးကြည့်ကောင်းနေသည်။
အသားအရမ်းဖြူတဲ့သူမို့ အဖြူရောင်ပေါ် အနက်ထပ်ဝတ်ထားလိုက်တော့ ထင်းလင်းနေကာ ပွဲထဲမှာရှိတဲ့မိန်းကလေးတစ်ချို့က လှည့်ကြည့်လှည့်ကြည့်
နှင့်။
သို့သော် မနေ့ညကဝတ်စုံပြင်ဆင်နေတာကြောင့် အိပ်ရေးပျက်ထားတဲ့သူက အိပ်ငိုက်ချင်နေတာမို့
သိပုံတောင်မရ။

Tae Hyung က ရှပ်အင်္ကျီလက်ရှည်အနီရောင်ကို ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားပြီး suit ထပ်ဝတ်ထားသည်။
Hoseok Hyung ကတော့ အင်္ကျီအဖြူတစ်ထပ်ဝတ်ထားပြီး suit အနီရောင်ကိုအပေါ်ကနေထပ်ဝတ်ကာ အိတ်ကပ်ထဲမှာ နက်ပြာရောင် ပုဝါလေးတစ်ထည်ကိုသေချာခေါက်ပြီး ထည့်ထားသည်။
Kim Tae Hyung တို့ကတော့ အကြည့်ပင်မလွှဲတော့ပေ။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now