Part 5

2.4K 207 20
                                    

Unicode

Jimin အမြန်ဆုံးသာပြန်ဆင်းလာခဲ့သည်။

"ဟော သားလေး...သူငယ်ချင်းတွေနဲ့မတွေ့ခဲ့ဘူးလား"

"တွေ့ခဲ့တယ် အန်တီ မေမေလှမ်းခေါ်လို့ အိမ်ခဏပြန်မလို့ပါ သားနောက်မှထပ်လာခဲ့ပါမယ်ဗျ"

"ဟုတ်ပါပြီကွယ် ဖြည်းဖြည်းသွားအုံး ကလေး"

"ဟုတ်ကဲ့ဗျ"

ဒီနေ့ကစပြီး ငါမင်းကိုမချစ်ဖို့ကြိုးစားတော့မှာ Jungkook...

"မေမေ"

"ဟေ သား"

"ဘာတွေထည့်နေတာလဲ"

Jungkook နဲ့ TaeHyung နှစ်ယောက်အပေါ်ကနေဆင်းလာတော့ မေမေက မီးဖိုချောင်ထဲ တကုပ်ကုပ်နဲ့ ပစ္စည်းတွေထည့်နေသည်။

"အော် Jiminလေး လာပေးသွားတဲ့လက်ဆောင်တွေလေ သား"

"ဟမ် သူလာသွားတာလား"

"ဟုတ်တယ် သားတို့နဲ့အပေါ်မှာမတွေ့ဘူးလား။ အပေါ်ကိုတက်သွားတယ်လေ "

"ဗျာ!!"

အပေါ်တက်ပြီး သူတို့နဲ့မတွေ့သွားဘူးဆိုတည်းက
ပြောနေတာတွေကို Jiminကြားသွားတာ သေချာသလောက်ပါပဲ။
နှစ်ယောက်လုံးတစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။

"Jimin ကိုဖုန်းဆက်"

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသဖြင့် "ပီ" ဆိုသောအသံကြားလျှင်
အသံမက်ဆေ့ချန်ထားခဲ့နိုင်ပါသည်။

"စက်ပိတ်ထားတယ် Jungkook ခေါ်မရဘူး"

"ငါ သူ့အိမ်ကို လိုက်သွားမယ်"

"မသွားနဲ့ ခုချိန်သူတစ်ယောက်တည်းနေဖို့အချိန်လိုတယ်"

သူပြောလိုက်တဲ့စကားတွေကြမ်းသွားတာ သူသိပါသည်။ အစတည်းကJiminကစိတ်နုတာမို့ အများကြီးခံစားသွားရနိုင်သည်။
သူကိုယ်တိုင်လည်း ဘာလို့ Jiminအပေါ်အဲ့လိုမျိုးတွေဆက်ဆံမိနေလဲဆိုတာ သေချာမသိ။
သူ Jimin ကိုမမုန်းပါ။

Jiminသူ့အပေါ်စိတ်ဝင်စားနေတဲ့အရိပ်အယောင်တွေကို စရိပ်မိတဲ့အချိန် ဘယ်လိုမျိုးတုံ့ပြန်ရမလဲဆိုတာ မသိလို့ ဝေးဝေးကနေရှောင်နေမိတာ...
မမြင်ချင် မတွေ့ချင်တာမျိုး လုံးဝမဟုတ်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now