Part 23

1.6K 124 7
                                    

Unicode

London မှာတစ်ယောက်တည်းနေနေတာမို့ ချက်ပြုတ်စားတဲ့လက်ရာကအရမ်းကောင်းနေတာမျိုးတော့ မဟုတ်ပေမဲ့ အရသာကတော်ရုံသင့်ရုံလောက်တော့ စားကောင်းပါသည်။

ကိုယ့်ချစ်သူအတွက် ညစာပြင်ဆင်ပေးရတဲ့ခံစားချက်ကဒီလောက်တောင်ပဲ ကောင်းတာပါလားလို့လည်း သိလာရသည်။
Jungkook ပြင်ဆင်ပြီးအားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ Jiminကိုနှိုးဖို့အတွက် အခန်းထဲဝင်လာလိုက်သည်။

"အိပ်နေတာတောင် ချစ်စရာလေးဖြစ်နေတာပဲ"

စောင်ပုံထဲလုံးထွေးနေကာ အိပ်ပျော်နေတာတောင် Park Jiminတို့ကသိပ်ချစ်စရာ။

"Jimin..Jimin ခဏထပြီး ညစာစားအုံး"

"ဟင့်အင်း နည်းနည်းလောက်အိပ်အုံးမယ်"

"အစာမရှိဘဲ အိပ်လိုက်ရင် ဗိုက်အောင့်နေမှာပေါ့ကွာ...ခဏလေးပဲ ထစားလိုက်ကိုယ်ပြင်ဆင်ထားပြီးသား"

"ဟင် အင်းး"

အိပ်ချင်မူးတူးနဲ့  ရုပ်လေးကတောင် ရင်တွေခုန်လာရသည်။Park Jimin တို့က အန္တာရယ်သိပ်များတာပဲ နမ်းချင်လာပြန်ပြီ။

"ရွှတ်"

မို့တက်နေတဲ့ ပါးဖောင်းဖောင်းလေးကို စိတ်မထိန်းနိုင်စွာ နစ်ဝင်သွားတဲ့အထိဖိကပ်နမ်းပေးလိုက်သည်။

"Jeon Jung Kook!!"

"Jeon Jung Kook မရှိပါဘူးခင်ဗျ"

"ဟားးမင်းနော်"

Jimin ထိန်းမထားနိုင်စွာ ရီချလိုက်ရသည်။
တကယ်ကို အမျိုးမျိုးတတ်လည်းတတ်နိုင်တဲ့ Jung Kook ရယ်ပါ။

"ထပါကွာ"

"ထပြီ ထပြီ။"

နှစ်ယောက်ညစာအတူစားပြီးတဲ့နောက် Jung Kook ကအသီးတွေခွဲပြီး ပန်းကန်ထဲသေချာထည့်ပေးသည်။

"အသီးတွေ စားအုံး"

စပျစ်သီးနဲ့ ပန်းသီးကိုလည်းအခွံခွာပြီး အစိတ်ကလေးတွေ သေချာစိပ်ပေးထားသည်။

"ဒီစပျစ်သီး ချိုသားပဲ"

"ဟုတ်လား"

"အင်း ရော့ မင်းစားကြည့်လိုက်"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now