Part 22

1.8K 120 8
                                    

Unicode

"ချစ်တယ် Jimin...ဒီနေ့လိုနေ့မျိုးရှိလာခဲ့မယ်လို့ မထင်ခဲ့ဘူး။ကိုယ်ကမင်းနဲ့တွေ့ဖို့ပြန်လာသင့်တာကို"

"ဘယ်သူပဲလာတွေ့တွေ့ အတူတူပဲဟာကို "

"လမ်းခွဲမယ်ဆိုတဲ့ စကားကို Londonအထိလိုက်ပြီးပြောတာနော် ချစ်ဖို့ကောင်းအောင် တကယ့်အဆိုးလေး။ကြားကြားချင်းတုန်းကတော့ အဲ့လိုမတွေးနိုင်ခဲ့ပါဘူး မင်းများတကယ်လမ်းခွဲသွားမလားဆိုတဲ့အတွေးနဲ့ ထူပူနေတာ"

"ပြန်မပြောပါနဲ့တော့ တစ်ယောက်တည်း ဒရမ်မာတွေချိုးပြီး တစ်ယောက်တည်းဝမ်းနည်းရတာ ရှက်လို့"

"ရှက်ရင် နမ်းတယ်"

"ပြွတ်!!!"

နှုတ်ခမ်းဖူးဖူးလေးပေါ်ကို အသံမြည်တဲ့အထိ ဖိကပ်နမ်းရှိုက်လာသည်။

"မင်းနော်!!!"

"ဘာလဲ မကျေနပ်တာလား ရော့ နှစ်ခါပြန်နမ်း"

မျက်နှာကိုအရှေ့ကိုတိုးပြီး မော့ပေးလာသည်။
မျက်နှာချောချောကို အနီးကပ်မြင်လိုက်ရတော့ ရင်ဘက်ထဲကအကောင်က ပိုင်ရှင်ကိုမြင်ပြီး ခုန်ပေါက်နေသည်။

"ရွှတ်!!"

ပါးပြင်တစ်ဖက် နစ်ဝင်သွားတဲ့အထိ နမ်းပေးလိုက်တော့ တအံ့တသြပြန်ကြည့်လာသည်။

"Jimin လေးကရိုးသားလိုက်တာကွာ!!ငယ်တော့တဲ့အသက်အရွယ်တွေလည်းမဟုတ်တော့ဘူး။
နောက်တစ်နှစ်ဆို ဘွဲ့ရပြီကွ"

"ဟမ်"

"နှုတ်ခမ်းကိုပဲ ပြန်နမ်းပေး"

"မင်း အရမ်းနစ်နာသွားမယ်"

"အရွယ်ရောက်နေပြီမို့ အနစ်နာခံချင်လွန်းလို့ပါ"

"မင်းနော်!!"

"ဟားးစတာ...လေယာဥ်အကြာကြီးစီးလာရတာပင်ပန်းနေမှာ ခဏနားအုံး။ကိုယ်စားဖို့အတွက်တစ်ခုခုလုပ်ပေးမယ်"

"ငါခဏလောက်အိပ်ချင်တယ်။"

"အဲ့ဒါဆို အရင်အိပ်နှင့် အစားအသောက်တွေပြင်ဆင်ပြီးတာနဲ့ နှိုးမယ်"

"အင်း ငါလည်းကူပေးမယ်လေ"

"ရပါတယ် ကိုယ်လုပ်နိုင်တယ်။ပင်ပန်းနေတာကို အရင်ဆုံးအနားယူလိုက်"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now