Part 31

1.4K 78 5
                                    

Unicode

"မနက်လေယာဥ်အချိန်စောတယ်ဆိုတော့ သား အဆင်သင့်ဖြစ်အောင် ခုတည်းကပြင်ဆင်ထားနော်။"

"ဟုတ်ကဲ့ ဖေဖေ။ ဖေဖေနဲ့ မေမေလည်း နားတော့လေ"

"ဟုတ်ပါပြီကွယ်။"

"သား Jiminနဲ့ စကားပြောလိုက်အုံးမယ်။"

"အေးပါကွယ်"

မေမေတို့လည်း အနားယူဖို့အပေါ်တက်သွားကြပြီဖြစ်သည်။
ခဏအကြာ လှေကားတစ်ဝက်ကနေပြန်ဆင်းလာတဲ့ မေမေကြောင့်

"မေမေ ဘာကျန်ခဲ့လို့လဲ"

"မကျန်ပါဘူး သားလေး ဒီမှာအိပ်သွားပါလား သားသူငယ်ချင်းနဲ့"

"ဗျာ!!"

Jimin ကိုကြည့်ပြီးပြောလာခြင်းဖြစ်သည်။

"အန်တီက မတွေ့ဖြစ်တာလည်းကြာတော့သတိရနေလို့ပါ။မနက်ကျရင်လည်း သားသူငယ်ချင်းကိုလိုက်ပို့အုံးမှာဆို​တော့ တစ်ခါတည်းအဆင်ပြေသွားအောင်လို့"

"အဟမ်းးဟုတ်ကဲ့ အန်တီ အိပ်သွားလိုက်ပါမယ်။
မေမေ့ကို ဖုန်းဆက်ထားလိုက်အုံးမယ် စောင့်နေမှာစိုးလို့"

"နေနေ သားတို့ချင်းစကားပြောနေကျ အန်တီပဲ သားမေမေကို ဖုန်းဆက်လိုက်မယ်။"

"ဟုတ်ကဲ့"

"အခန်းအထွေအထူးတော့ပြင်မပေးတော့ဘူး။
သားတို့အတူအိပ်လို့အဆင်ပြေတယ်မလား"

"ခင်ဗျာ!!"

"အရင်က ငယ်ငယ်တုန်းကလည်းအတူတူအိပ်နေကျပဲကို Jungkookie ကဘာလို့အံ့သြနေတာလဲ ဒီကလေးက​တော့"

မေမေက သူ့သားရဲ့စိတ်ထဲကို ဖောက်ထွင်းမြင်နေတာလားတောင်မပြောတတ်။
Jungkook ကိုယ်တိုင်လည်း Jimin ကိုဒီမှာအိပ်ဖို့ပြောမလို့လုပ်နေခဲ့ပေမဲ့ မေမေတို့သိမှာစိုးတဲ့သူ
ကြောင့် အနေကြပ်မှာစိုးလို့ မပြောခဲ့တာပင်။
ခုတော့ မေမေက ကယ်တင်ပေးလိုက်ပြီ။

ဒါကြောင့်လည်း မိဘမေတ္တာဆိုတာ အတော်လေးကြီးမားတာပါလား။

"ရပါတယ် မေမေရဲ့ သားတို့အဆင်ပြေသလိုအိပ်လိုက်ပါမယ်။မေမေသာ နားတော့"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်حيث تعيش القصص. اكتشف الآن