Part 3

2.1K 169 2
                                    

Unicode

တဖြည်းဖြည်း နဲ့အချိန်တွေကုန်လာလိုက်တာ
သူတို့ တက္ကသိုလ် တက်ဖို့သိပ်မလိုတော့တဲ့အချိန်ရောက်လာခဲ့ပြီဖြစ်သည်။

အချိန်တွေ ပြောင်းလဲလာတာနဲ့အတူ ပြောင်းလဲလာတဲ့အရာတွေလည်းရှိခဲ့သည်။

Jimin ရဲ့Jungkookပေါ်ထားတဲ့ စိတ်ခံစားချက်တွေ ပိုပြီးလေးနက်လာသလောက် Jungkook
ကတော့ Jiminအပေါ်တဖြည်းဖြည်း အေးစက်လာခဲ့သည်။

သိသိသာသာရှောင်ဖယ်နေတာမျိုးတွေ Jiminစာပို့တိုင်း စာတွေဝင်ကြည့်ပြီး ပြန်မပို့တာမျိုးတွေ အရင်နဲ့လုံးဝမတူပဲ ပြောင်းလဲသွားခဲ့သည်။
သူ့ဘက်ကနေ စပြီးစာပို့လာတယ်ဆိုတာမျိုးတွေ လုံးဝမရှိတော့ ။

ကျောင်းပိတ်သွားတဲ့အချိန် မေမေ့ဇာတိ Busanမှာ ဖေဖေကစားသောက်ဆိုင်အသစ်ထပ်ဖွင့်မဲ့ကိစ္စကြောင့်နဲ့  Jiminတို့မိသားစု Seoulမှာမရှိပါ။ မတွေ့ရတော့တာကြောင့် အရဲစွန့်ပြီး စာတစ်ကြောင်းပို့လိုက်မိသည်။

JM: "Jungkook ငါစိိတ်တွေအဆင်မပြေလို့"

သိပ်မကြာခင် message ရောက်လာတဲ့ notiအသံကြားလို့ ချက်ချင်းကောက်ဖွင့်ကြည့်လိုက်တော့...

JK: "အဲ့ဒါ မင်းကိစ္စလေ"

ပြောစရာစကားမရှိလောက်အောင်ဆွံ့အသွားရသည်။ သူတကယ်ကို အရင်က Jeon Jungkook
မဟုတ်တော့ဘူးပဲ။

မျက်ရည်က အလိုက်ကန်းဆိုးမသိ အလိုလိုဝဲတက်လာသည်။
မငိုမိအောင် ထိန်းရင်း ဘာလို့များသူအဲ့လောက်တောင်ပြောင်းလဲသွားလည်းဆိုတာ အဖြေရှာမရ။

နောက်ဆုံးတော့လည်း ငိုချလိုက်ဖို့သာဖြစ်လာသည်။ သူ့ရဲ့ စကားကြမ်းကြမ်းတွေက တကယ်ထိရောက်ပါသည် နှလုံးသားတည့်တည့်ကို..။

ဖုန်းသံကြားလို့ ကြည့်လိုက်တော့ Tae Hyungဆီက..

"Hello Jimin"

"အင်း Tae Hyung ပြောလေ"

"သတင်းအကြီးကြီး ရှိတယ်ကွ...ဒါနဲ့ မင်းရောဘယ်တော့ပြန်လာမှာလဲ"

"ငါ ဒီအပတ်ထဲပဲပြန်ရောက်မှာ...ဘာသတင်းမို့လို့လဲအကြီးကြီးဆိုတော့"

"မင်းအသံက တစ်မျိုးဖြစ်နေတယ် ငိုထားတာလား အဲ့ကအကောင်တွေမင်းကိုအနိုင်ကျင့်လို့လား ငါခုလိုက်လာခဲ့ရမလား"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now