စာစဉ်(၁၆) ep211+212+213

186 11 0
                                    

အပိုင်း(၂၁၁)

"ပြီးတော့ ချန်ထျန်းကို လူသိရှင်ကြား ရှုတ်ချတဲ့ ရန်သူပရိသတ်တွေ အများကြီး ရှိပြီးသားပါ။ အစွန်းရောက်နေတဲ့ လူတချို့က ဟိုက်ဟွေ့ကိုတောင် တိုက်ခိုက်လာနိုင်ပါတယ်"

ဖန်ယွီက နှစ်စက္ကန့်လောက် နှုတ်ဆိတ်နေသည်။ သတင်းထောက်၏ အပြောအဆိုကြောင့် အံ့အားသင့်နေသည်ဟု လူတိုင်းက ယူဆလိုက်ကြသည်။ သို့သော်လည်း သူက ရုတ်တရက် စကားပြန်ပြောလာသည်။
"မနက်ဖြန် မနက်၁၀နာရီမှာ ဟိုက်ဟွေ့က ထျန်းနင်နဲ့ တရားဝင်စာချုပ် ချုပ်ဆိုတဲ့ အခမ်းအနား ကျင်းပဖို့ရှိတယ်။ ထျန်းနင်လည်း ရှိနေမှာဆိုတတော့ မင်းတို့မှာ သက်သေရှိရင် သတင်းထောက်တွေ နဲ့ ရန်သူပရိသတ်တွေက...."

"သက်သေကို ယူဆောင်လာပြီးတော့ လူတိုင်းသိအောင် ပြပေးလို့ရပါတယ်။ ထျန်းနင်က တကယ်ပဲ လူသတ်မှု ကျူးလွန်ခဲ့လား။ ပေးထားတဲ့ ကတိကိုဖျက်ခဲ့လား။ မင်းတို့ မဟုတ်တမ်းတရား လျှောက်ပြောနေတာ မှန်လားဆိုတာ ငါတို့အားလုံး သိရတာပေါ့"

"ဟိုက်ဟွေ့က ချန်ထျန်းဖျော်ဖြေရေး မဟုတ်ဘူး။ မရေရာ မသေချာတဲ့ အချက်အလက်တွေနဲ့ ကိုယ့်စီးပွားရေးကိုယ် မဖျက်စီးဘူး။ မလျော်ကန်တဲ့လုပ်ရပ်မျိုးက ဟိုက်ဟွေ့မှာ မရှိဘူး။ ပြီးတော့ ငါတို့ အနုပညာရှင်ကို သက်သက်မဲ့ အရှက်ခွဲတာမျိုး ခွင့်မပြုနိုင်ဘူး"

"ထျန်းနင်က ဟိုက်ဟွေ့နဲ့ စာချုပ်ချုပ်ပြီးတည်းက  အရာရာတိုင်းကို လူသိရှင်ကြားဖြစ်အောင် ပွင့်ပွင့်လင်းလင်း ချပြပေးရမှာပေါ့"

"ဒါကြောင့်အခု ဒီနေရာမှာ ရှိနေတဲ့ သတင်းထောက်အားလုံးကို မနက်ဖြန်ပွဲ လာဖို့ ဖိတ်ခေါ်ပါရစေ။ အချိန်တန်ရင် ပိုကောင်းတဲ့ သတင်းမျိုး မင်းတို့ ရနိုင်မှာပါ"

ဖန်ယွီက ဟိုက်ဟွေ့၏အမြင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ပြီး ထျန်းနင်ကို သူတို့ အနုပညာရှင် ဖြစ်ကြောင်း လိုရာဆွဲပြောသွားသည်။

ဟိုက်ဟွေ့၏အနုပညာရှင်ဖြစ်နေသ၍  အနုပညာရှင်တိုင်းကို ကာကွယ်ပေးမည် ။ စွန့်ပစ်မည့် လုပ်ရပ်မျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။ သူတို့က ချန်ထျန်းလို ပုဂ္ဂိုလ်ရေးဆိုင်ရာ အမုန်းတရားကြောင့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသည့် ကိစ္စမျိုး မလုပ်ဆောင်နိုင်ပေ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now