အပိုင်း(၄၈၂)

115 18 0
                                    

အပိုင်း(၄၈၂)

ဤတစ်ကြိမ်တွင် ထျန်းနင် တက်ရောက်ရမည့် talk show၏အမည်က  'Superstar Talk'ဖြစ်သည်။

ဤအစီအစဉ်က ရုပ်ရှင်လောကတွင် အဓိက talk showဖြစ်သည်။
ဤတစ်ကြိမ်တွင် ထျန်းနင်က သရုပ်ဆောင်မင်းသမီး တစ်ဦးအနေဖြင့် ပွဲတက်ရောက်ခဲ့၍ ဖုန်းချိုင် ပွဲ တက်ရောက်ခဲ့သည်နှင့် ခြားနားခဲ့သည်။

သူမကို ဆန့်ကျင်သော ပရိသတ်ပြဿနာက ယခုထိတိုင် ရှိနေသေးသည်။ အမေရိကန် ဒါရိုက်တာနှင့် ဆက်သွယ်ခဲ့သည့် သတင်း နှင့် မျက်နှာ နှစ်ဖက်ရှိသော သတင်းက ယခုထိတိုင် လျင်လျင်မြန်မြန် ပျံ့နှံံနေသေးသည်။

ဖျော်ဖြေရေးလောကအတွင်းမှလူအားလုံး စုပေါင်း၍ သူမကို တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့အစီအစဉ်ကို ဘေးထိုင်ကြည့်ရန်သာ ထျန်းနင် ဆုံးဖြတ်ထားသည်။

"အစ်မထျန်းနင် ဒါက talk showမှာ မေးမယ့် အချက်အလက်တွေပဲ"
စုန့်ယန်က ထျန်းနင်၏ အိမ်သို့ ရောက်လာပြီး လိုအပ်သော အချက်အလက်များ လာပေးသည်။
"ပေါ်ပေါ်ထင်ထင် မဖြစ်ရအောင် အစ်မရဲ့ဗိုက်ကို ဖုံးကွယ်ပေးနိုင်တဲ့ ဝတ်စုံ ရွေးပေးထားတယ်"

"ကျေးဇူးတင်ပါတယ်"
ထျန်းနင်က အချက်အလက်များကို လက်ခံယူပြီး ခေါင်းညိတ်သည်။ သူမက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွား၍ အချက်အလက်ဖိုင်ကို အောက်ချကာ စုန့်ယန်ရှုဘက် လှည့်လိုက်သည်။
"မင်းက ငါ့ကို ဂရုစိုက်ပေးဖို့ ခဏငှားထားတာဆိုတော့ ငါက ကလေးမွေးပြီးရင် ခဏအနားယူဦးမှာလေ။ မင်း ဘာအလုပ် ဆက်လုပ်မယ် စဉ်းစားထားလဲ"

စုန့်ယန်ရှု သူမ၏စိတ်ကိုယ်သူမ ကြိုတင်ပြင်ဆင်ခဲ့သည်မှာ ကြာပါပြီ။ သူမ၏ခရမ်းရောင် လည်စည်းကို စိတ်ရှုပ်ထွေးဟန် ဆောင့်ဆွဲပြီး ပြုံးသည်။
"မို့သူဌေးက ကျွန်မအတွက် တခြားအလုပ် စီစဉ်ပေးထားပါတယ်"

"ဟမ်"

"မို့သူဌေးက အစ်မမောင်လေးရဲ့ မန်နေဂျာ လုပ်မလား ကမ်းလှမ်းပါတယ်"
စုန့်ယန်ရှု ရှင်းပြသည်။

"ဒီအကြံ မဆိုးပါဘူး"
ထိုစကားသံကို ကြားပြီးနောက် ထျန်းနင် စိတ်ချရသည်။
"ကျင်းရွှမ်က ဖျော်ဖြေရေး လောကကြီးထဲ လိုက်လျောညီထွေ နေနိုင်ပေမဲ့ ငယ်ရွယ်သေးတော့ အမှားနဲ့ မကင်းဘူးလေ။ သူ့ဘေးနား မင်းရှိနေတော့ ငါလည်း ပိုစိတ်အေးရတာပေါ့"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Tempat cerita menjadi hidup. Temukan sekarang