အပိုင်း(၅၂၈)

52 7 0
                                    

အပိုင်း(၅၂၈)

ထျန်းကျင်းရွှမ်၏ ဂီတဖျော်ဖြေပွဲသို့ တက်ရောက်သည့် ပရိသတ် တစ်ဦးတလေမျှ မရှိခဲ့ပေ။
"ဒီလောက် သနားစရာကောင်းတဲ့ အဆိုတော်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ငါတို့တွေ သူနဲ့အတူတူ ဂီတဖျော်ဖြေသင့်ရဲ့လား"

ဂီတပညာရှင်တစ်ဦးက ဟာလာဟင်းလင်း ဖြစ်နေသော ပွဲကျင်းပရာ နေရာသို့ ငေးကြည့်ပြီး သူ့အပေါင်းအဖော်ကို မေးမြန်းသည်။

"ငါက ဒရမ်တီးလာတာ ဆယ်စုနှစ်ကျော်ကြာပြီ။ ဒီလိုပွဲမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒီကနေ့ အဖြစ်အပျက်က ငါ့ကို အမြင်ကျယ်စေတယ်"
ဒရမ်သမားတစ်ဦးက သူ့ဆံပင်ကို သပ်ကာ ပြန်ဖြေသည်။
"ငါတော့ လောရှင်းကို စာနာမိလာပြီ"

"မင်း စာနာနေလို့ရော ဘာအသုံးဝင်မလဲ။ ငါတို့စာနာစိတ်ကို ပြသဖို့ ငါတို့က ပရိသတ် လိုအပ်တယ်လေ။ သူ့မကောင်းသတင်းတွေက တော်တော်ပြန့်နေတော့ ပွဲလာကြည့်မယ်သူ ရှိပါ့မလား"

"ဒီလို ပွဲကျင်းပရဲတဲ့ သတ္တိရှိတဲ့ လောရှင်းကိုပဲ ငါ ချီးမွမ်းတယ်။ လောရှင်းက ကျော်ကြားသူစာရင်းရဲ့ ထိပ်တန်းမှာ တစ်နှစ်ပတ်လုံး ရှိနေခဲ့တာလေ။ သူ နောက်ဆုံးအကြိမ် ကျင်းပခဲ့တဲ့ ဂီတပွဲတုန်းက ပွဲကြည့်သူက ပွဲကြည့်စင် အပြည့်ပဲလေ။ အခုတော့ နှမြောစရာကောင်းတယ်လို့ ခံစားရတယ်"

...

တကယ်တမ်း ထျန်းကျင်းရွှမ်က အပြင်ဘက်မှ အဖြစ်အပျက်ကို တိတိကျကျ သိနေခဲ့သည်။ သို့သော်လည်း သူ့မိတ်ကပ်စားပွဲခုံရှေ့ ဟန်မပျက်ထိုင်နေပြီး ဖျော်ဖြေရန် အသင့်ဖြစ်နေသည်။

ဤလောကကြီးထဲ နေထိုင်လျှင် လောကဓံ အလှည့်အပြောင်းအရ လူချစ်ချစ်ခင် များနိုင်သကဲ့သို့ အများ၏မုန်းတီးခြင်းကိုလည်း ခံနိုင်ရမည်။

ဂီတဖျော်ဖြေပွဲ မစတင်ခင် ၅မိနစ်အလို ထျန်းကျင်းရွှမ်က ဖျော်ဖြေပွဲနှင့် လိုက်ဖက်သော ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ သို့သော်လည်း  ထျန်းနင်က သူ့ကို ရုတ်တရက် ဖုန်းခေါ်လာသည်။

"မကြောက်နဲ့။ အရာအားလုံး ဆုံးရှုံးသွားရင်တောင် မင်းရဲ့မိသားစုက ဒီနေရာမှာ မင်းနဲ့ အမြဲအတူတူ ရှိနေမယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now