Ep238+239+240

152 12 0
                                    

အပိုင်း(၂၃၈) မင်းကမို့သူဋ္ဌေးရဲ့ကောင်မလေးလား

 
ထျန်းနင်ကို အားလုံးကဝိုင်းကြည့်နေကြသည်။ တစ်ဦးတည်းချင်းစီမှာ မတူညီသည့် အမြင်သဘောထားမျိုးရှိသည်။ မနာလို၊ ဝန်တို  ၊ ယှဉ်ပြိုင်သည့်အကြည့်။  လူတိုင်းကထျန်းနင်ကို ဝိုင်းထားကြပြီး သူမကို အကဲခတ်နေသည်။ သို့သော်လည်း မည်သူမှ ထျန်းနင်အနားကိုကပ်ပြီးရန်မရဲပေ။
 
ထျန်းနင်၏ခန္ဓာကိုယ်တစ်ကိုယ်လုံးကို မို့ထင်၏အမှတ်တံဆိပ်များဖြင့် တံဆိပ်ကပ်ထား၍ဖြစ်သည်။
 
တစ်စုံတစ်ယောက်က ဖျော်ဖြေရေးလောကမှာ ဆက်လက်မရှင်သန်ချင်လျှင် မို့ထင်၏လုပ်ပိုင်ခွင့်အာဏာကို စမ်းသပ်ကြည့်ရန် ကြိုဆိုပါသည်။
 
ထျန်းနင် မျက်မှောင်ကြုတ်လိုက်သည်။ ဟွာကျင်းကျင်းက သူမ၏လှုပ်ရှားမှုကို ချက်ချင်းသတိထားမိသည်။
"အခုအချိန်မှာ အဲဒီလိုအကြည့်တွေကို သည်းခံတတ်ဖို့လိုအပ်တယ်"
 
"ဒါကိုကျင့်သားရဖို့ အချိန်အတိုင်းအတာတစ်ခုလောက်တော့ လိုအပ်သေးတယ်"
ထျန်းနင် ပြန်ဖြေလိုက်သည်။
"နောင်အနာဂတ်မှာတော့ မသေချာမရေရာတဲ့ အခက်အခဲတွေ အများကြီးကြံုဆုံလာနိုင်ပါသေးတယ်"
 
"နင်တို့နှစ်ယောက်ရဲ့ရှေ့ဆက်မယ်ဘဝခရီးလမ်းက ဖြောင့်ဖြူးမယ်လို့ ငါယုံကြည်ပါတယ်"
 
ထျန်းနင် ခေါင်းညိတ်လိုက်သည်။ ထိုစဥ် ဆုပေးပွဲအခမ်းအနားက အဆုံးသတ်ချိန်နီးကပ်လာပါပြီ။
 
ချင်းယွီက မို့ထင်ကို အကြောက်လွန်းပြီး ပွဲမပြီးခင်တည်းက အိမ်ခိုးပြန်ရန် ကြံရွယ်ထားသည်။ သို့သော်လည်း ဟွာကျင်းကျင်းက သူမ၏အကြံအစည်ကို ချက်ချင်းရိပ်မိသွားသည်။
"ချင်းမော်ဒယ်လေး။ ဘယ်လိုဖြစ်ရတာလဲ။ ပြန်တော့မလို့လား။ ဘာလဲ ငါ့တို့မို့သူဋ္ဌေးက နင့်ကိုတရားစ‌ွဲမှာ ကြောက်နေတာလား"
 
ချင်းယွီ၏မျက်နှာက အနီတစ်လှည့် အဖြူရောင်တစ်လှည့် ဖြစ်ပေါ်နေသည်။ သူမ ထွက်ပြေးချင်သော်လည်း ဟွာကျင်းကျင်းက သူမကို တားဆီးခဲ့သည့်အပြင် သူမ၏လက်မောင်းကို ချိတ်ကာ ချစ်ခင်သည့်မိတ်ဆွေယောင်ဆောင်နေသည်။
"အတူတူ အပြင်ထွက်ကြတာပေါ့"
 
ထျန်းနင်က ခေါင်းငုံ့ပြီး ခိုးခိုးခစ်ခစ် ရယ်မောနေသည်။ ထိုင်ခုံပေါ်မှာ ထလိုက်သည်နှင့် ရုတ်တရက် မူးဝေလာသည်။ စင်ပေါ်မှပြုတ်ကျခြင်း၏အကျိုးဆက်အနေဖြင့် နာကျင်ခံစားရခြင်း ဖြစ်နိုင်သည်။
 
ဟွာကျင်းကျင်းက သူမကိုလှည့်ကြည့်လိုက်သည်။ ထျန်းနင်အဆင်ပြေမှန်း သေချာမှစိတ်သက်သာရာရစွာ ရှေ့ဆက်လမ်းလျှောက်လိုက်သည်။ လူတိုင်းက ခန်းမဆောင်အပြင်ဘက်ကို စနစ်တကျထွက်ခွာကြသည်။ သို့သော်လည်း မီဒီယာအားလုံး၏စိတ်အာရုံက ထျန်းနင်ထံ ကျရောက်နေသည်။ ထျန်းနင် အပြင်ထွက်သည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း သူတို့အားလုံးက ထျန်းနင်ကို ဝိုင်းထားလိုက်သည်။
 
"ထျန်းမိန်းကလေး။ ကျွန်တော်တို့မေးချင်တဲ့မေးခွန်းလေးတွေကို ဖြေပေးလို့ရမလား"
 
"ထျန်းမိန်းကလေး။ မို့သူဋ္ဌေးက ထျန်းမိန်းကလေးကို သူ့အနုပညာရှင်အဖြစ် ရွေးချယ်လိုက်တာ ဘာကြောင့်လဲ"
 
"အလုပ်အရမ်းများက မို့ဥက္ကဋ္ဌက မင်းရဲ့မန်နေဂျာလုပ်ဖို့ အချိန်ရှိပါ့မလား"
 
ထိုစကားကိုကြားလိုက်ရပြီးနောက် ထျန်းနင်ပြံုးနေမိသည်။ ဒါက မီဒီယာအားလုံး မေးချင်နေသည့်မေးခွန်းမဟုတ်မှန်း သူမ၏စိတ်ထဲ သိနေသည်။ ကေျာ်စောသည့် ဖျော်ဖြေရေးလောက၏ဘုရင်ကြီးက သူမလို မော်ဒယ်၏မန်နေဂျာလုပ်ရသည့်အကြောင်းအရင်းမှန်ကို သူတို့အားလုံးသိချင်နေသည်။
 
မို့ထင်နှင့်သူမ၏ပတ်သက်ဆက်နွှယ်မှုကိုလည်း သိချင်လောက်သည်။
 
ယခုလိုအခြေအနေမျိုးရောက်လာအောင် ဘာများ အစားထိုးပေးလိုက်ရလဲ မေးခွန်းက သူတို့အသိချင်ဆုံး ဖြစ်နိုင်သည်။
 
မည်သူတစ်ဦးတစ်ယောက်မှ မို့ထင်နှင့်ပတ်သက်သည့် ကောလဟာလကို လက်လွတ်စပယ် မပြောဆိုရဲပေ။ ထို့ကြောင့်လည်း သူတို့မေးချင်နေသည့်မေးခွန်းများ မမေးမိအောင် ခံစားချက်ကို ဖိနှိပ်ထားရသည်။ ထျန်းနင်၏နှုတ်မှ မတော်တဆပြောထွက်လာမည်ကို စိတ်ရှည်ရှည် စောင့်မျှော်နေရသည်။
 
သတင်းထောက် အရမ်းများလွန်း၍ ထျန်းနင်သွားမည့်လမ်းကို ပိတ်ဆို့ထားသလို ဖြစ်နေသည်။
 
လုံကျဲနှင့်ဟွာကျင်းကျင်း၏လက်ထောက်တို့က ထျန်းနင်ကိုအပြေးအလွှားလာရောက်ကူညီကြသည်။ လုံကျဲက ထျန်းနင်၏အရှေ့မှာ မတ်တတ်ရပ်နေပြီးမီဒီယာကို သတိပေးလိုက်သည်။
"ဒီနေ့ ထျန်းနင်နေမကောင်းဘူး။ မီဒီယာက အလို်က်သိဖို့မျှော်လင့်ပါတယ်"
 
ထိုစကားကြောင့် ထျန်းနင်၏မတော်တဆဖြစ်ရပ်ကို မီဒီယာအားလုံး သတိပြန်ရသွားသည်။
 
သို့သော်လည်း သူတို့အားလုံးက ထျန်းနင်ကိုသွားခွင့်မပြုချင်ပေ။ ထျန်းနင်က အင်တာဗျူးလက်ခံလေ့မရှိ၍ ယခုအခွင့်အရေးကို လွဲချော်သွားခဲ့လျှင် နောက်ထပ်အခွင့်အရေးရရန် မလွယ်ကူချေ။ ထုိ့အပြင် မို့ထင်ကို အင်တာဗျူးရန် ပို၍ခက်ခဲလွန်းသည်။
 
"ထျန်းနင်ရယ် ငါတို့မေးတဲ့မေးခွန်းတစ်ခုလောက်တော့ ဖြေပေးဖို့တောင်းဆိုပါရစေ"
 
"ဟုတ်တယ်။ ပရိသတ်တွေအားလုံးက ဒီအကြောင်းကိုအရမ်းသိချင်နေကြတယ်။ ပြောပြေပေးနိုင်မလား"
 
ထျန်းနင် ရယ်မောလိုက်သည်။
"ပရိသတ်တွေက ဘာအကြောင်းကိုသိချင်နေတာလဲ"
 
သတင်းထောက် ကြောင်အမ်းအမ်းဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။
"ဖျော်ဖြေရေးလောကရဲ့ဘုရင်ကြီးက မော်ဒယ်တစ်ယောက်ရဲ့မန်နေဂျာအလုပ်ကို ရွေးချယ်ရတဲ့အကြောင်းအရင်းကို သိချင်မိတယ်။ ဒီသတင်းက ငါတို့အားလုံးကို တုန်လှုပ်စေတယ်"
 
"ဒါက မင်းတို့မေးချင်တဲ့မေးခွန်းဆိုရင် မို့ထင်ကိုပဲသွားမေးသင့်တယ်။ ထျန်းနင်ကိုတော့ မမေးသင့်ဘူး။ ဒါက မို့ထင်ရဲ့အတွေးဖြစ်နေတယ်လေ"
 
ထျန်းနင်က လှည့်ပတ်ဖြေဆိုနေသည်။ ထျန်းနင်၏တင်ပါးက အရမ်းကိုနာကျင်နေပြီး အချိန်ကြာမြင့်စွာ ဒေါက်မြင့်ဖိနပ်စီးထားရ၍ နာကျင်မှုဝေဒနာ ပိုတိုးလာသည်။
 
"ဒါဆိုရင် ထျန်းနင်က မို့ဥက္ကဋ္ဌရဲ့ကောင်မလေးလား"
သတင်းထောက်တစ်ဦးက အရဲကိုးပြီးမေးမြန်းလိုက်သည်။
 
ထျန်းနင် ရယ်ကာမောကာဖြင့် ခေါင်းခါလိုက်သည်။
"ဒါတော့မဟုတ်ဘူး"
 
သူမက မို့ထင်၏ချစ်ဇနီးလေး။
 
"ဒါဆိုရင် မို့ဥက္ကဋ္ဌနဲ့ထျန်းနင်တို့ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းတာကြာပြီလား"
 
"ဒီမေးခွန်းကိုတော့ ဖြေပေးဖို့မလိုအပ်ဘူးထင်တယ်"
ထျန်းနင်က အပြံုးမပျက် ပြန်ဖြေလိုက်သည်။
 
"သရုပ်ဆောင်နေတာတွေရပ်လိုက်တော့။ မင်းလည်းပဲ မင်းရဲ့ခန္ဓာကိုယ်ကို ရောင်းစားတတ်တဲ့တခြားမိန်းမတွေနဲ့အတူတူပါပဲ။ ဒီနေ့လိုအခြေအနေဖြစ်လာအောင် ဟိုတယ်မှာအိပ်လိုက်ရတယ်မလား"
လူတုိင်းက အသံလာရာဘက်ကို လှည့်ကြည့်လိုက်သည်။ ၂၀ကျော်အရွယ် အမျိုးသားလေးတစ်ဦးက ထျန်းနင်ကို လှောင်နေသည်။
"နင်တို့တွေဘယ်လိုအကြည့်နဲ့ ငါ့ကိုလာကြည့်နေတာလဲ။ ငါက ကပြက်ကချော် ပြောနေတယ်လို့များ ထင်နေလား။ ငါ့မှာသက်သေရှိတယ်"
 
ထျန်းနင်က ထိုအမျိုးသားကိုကြည့်လိုက်ပြီး သူ့နာမည်တံဆိပ်ကို ကြည့်လိုက်သည်။
 
သူက ဟွားရုံစတူဒီယိုက သတင်းထောက်ဖြစ်နေသည်။
 
လန်ဒန်မှာ သူမနှင့်မို့ထင်တို့ချစ်ခင်ကြင်နာနေသည့်ဓာတ်ပုံကို အမိအရရိုက်ကူးခဲ့သည့်သတင်းထောက်က ဟွားရုံ၏သတင်းထောက်ဖြစ်နေမှန်း ထျန်းနင် မသိခဲ့ချေ။ သူတို့စတူဒီယိုက အချိန်မတန်သေး၍ ထိုအကြောင်းကို ဖွင့်မချခဲ့ခြင်းဖြစ်သည်။
 
"မင်းရူးနေလား။ တခြားသူတွေရဲ့အာရုံစိုက်တာကို ခံချင်နေတာလား"
 
တခြားသတင်းထောက်က အော်ငေါက်လိုက်သည်။
 
"ထျန်းနင်က မိန်းမပျက်ပဲ။ မင်းတို့အားလုံးကို သတိပေးထားပြီးသားနော်။ တစ်နေ့နေ့တော့ ငါပြောတဲ့စကားကို မင်းတို့တွေ ယုံကြည်လာမှာပါ။ ငါတို့အားလုံးကို ဒီမိန်းမကလှည့်ဖျားနေတာလေ။ မင်းတို့က အဲဒီမိန်းမကို ယုံကြည်နေတုန်းလား။ ငါတို့တွေ အင်တာဗျူးတိုင်း ချစ်သူမရှိပါဘူးလို့ အကြိမ်ကြိမ်ဖြေခဲ့ပေမယ် မင်းတို့နောက်ကွယ်မှာ သူဋ္ဌေးတိုင်းနဲ့ ရှုပ်နေတာ မင်းတို့သိရဲ့လား"
 
သတင်းထောက်၏သိက္ခာချသည့်စကားကြောင့် လုံကျဲဒေါပွလာသည်။
"နင်သတ္တိရှိရင် နောက်တစ်ခေါက် ထပ်ပြောစမ်း"
 
"နင်တို့ကို မို့ထင်က ထောက်ပံ့ထားလဲ ငါကတော့ နင်တို့ကိုကြောက်နေမှာ မဟုတ်ဘူး"
ထိုလူက ခနဲ့လိုက်သည်။
"သက်သေအားလုံး ရှာတွေ့မယ်အချိန်ကိုစောင့်နေလိုက်။ မင်းမှာသစ္စာရှိတဲ့ပရိသတ်ရှိနေလို့ စင်ပေါ်က ပြုတ်ကျတယ်လုိ့ထင်နေလား။ တစ်ယောက်ယောက်က မင်းကိုမကျေနပ်လို့ တမင်တကာအကောက်ကြံတာ ဖြစ်နိုင်တယ်"
 
"ဖြူစင်ချင်ယောင်ဆောင်နေတဲ့မိ်န်းမတွေကို အရွံဆုံးပဲ။ ထွီ"
 
ချင်းယွီက တစ်ဖက်မှာ မတ်တတ်ရပ်ကြည့်ကာ ကျေနပ်အားရနေသည်။ သူမက ထိုသတင်းထောက်ကို အတော်လေး ကျေနပ်မိသည်။ ထိုလူထံမှ ထျန်းနင်၏လျှို့ဝှက်ချက်ကို သိနိုင်လောက်သည်။
 
"ဟေ့ နင့်ပါးစပ်ကို မြောင်းရေနဲ့ ဆေးကြောလိုက်စမ်းပါ"
လုံကျဲက စိတ်ဆိုးမာန်ဆိုး အော်ပြောလိုက်သည်။
 
"ငါ့ပါးစပ်ကို သန့်ရှင်းေပးလို့ရပါတယ်။ ဒါပေမဲ့ ငါ့နဲ့စကားေပြာချင်ရင် နင့်အဆင့်နင် ပြန်ကြည့်စမ်းပါ။ နင်လို လက်ထောက်က ငါနဲ့စကားပြောနုိင်တဲ့ အဆင့်ရှိလို့လား။ ကိုယ့်အဆင့်ကိုယ်သိရင်ကောင်းမယ်"
 
"အရင်တုန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ နောကျောပိုင်ရှင်က..."
 
ရန်လိုသည့်သတင်းထောက်ပြောလိုက်သည့်သတင်းက သူတို့အားလုံးသိချင်နေသည့် သတင်းမျိုးလည်း ဖြစ်သည်။
 
သို့သော်လည်းသူတို့အားလုံးက ထျန်းနင်ကို တည့်တိုးကြီးမေးရဲသည့်အထိ သတ္တိမရှိကြပေ။
 
ထျန်းနင်က အချိန်အတော်ကြာအောင် တိတ်တဆိတ် မတ်တတ်ရပ်နေပြီး သူမ၏တင်ပါးနာကျင်သည့်ဝေဒနာ ပိုဆိုးရွားလာ၍ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ လုံကျဲက ဒါကိုသတိထားမိ၍ ပွဲစီစဉ်သူကို အကူအညီတောင်းရန် ဖုန်းဆက်လိုက်သည်။
 
ထိုစဉ် မန်နေဂျာများ၏အမည်းရောင်ဗန်(van)ကားက စတူဒီယိုဝင်ပေါက်မှာ မတ်တတ်ရပ်နေသည်။ မို့ထင်က ကားအပြင်ဘက်ကို ထွက်သွားပြီး ထျန်းနင်အနားကိုသွားရန် ဆူညံ့နေသည့်လူအုပ်စုကြီးကို ဖြတ်ကျော်သွားသည်။
 
သူ သွားလာလေ့ရှိသည့် လူနေမှုပုံစံဖြင့် ခြားနားစွာ ထျန်းနင်၏မန်နေဂျာအဆင့်အတန်းနှင့်ထိုက်တန်သည့် ဗန်(van)ကားကိုသာ ယူဆောင်လာသည်။ ထျန်းနင်ကို ငွေကြေးဖြင့် ထောက်ပံ့ပေးနေကြောင်း မဟုတ်မှန်း လူအားလုံးကို သိသွားစေချင်သည်။
 
မီဒီယာ၏စိတ်အာရုံက မို့ထင်ထံရောက်သွားသော်လည်း သူတို့မိုက်ခရိုဖုန်းကို မဝံ့မရဲဆုပ်ကိုင်ကာ မေးခွန်းတစ်ခွန်းမေးရန် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။
 
သူတို့အားလုံးက မို့ထင်၏အကြည့်က ကြောက်လန့်နေသည်။
 
ပြီးပါပြီ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Onde histórias criam vida. Descubra agora