Ep 340+341+342

116 10 0
                                    

အပိုင်း(၃၄၀)

 
လေဆိပ်မှာကြိုဆိုသော ပရိသတ်ကို ကြည့်ရုံဖြင့် ထျန်းနင် နှင့် လင်းဇီရီ၏ ကွာခြားမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လူတိုင်းက သူတို့စိတ်ကြိုက် အတင်းအဖျင်း ဖြန့်နေသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် စစ်မှန်သော ကျော်ကြားမှု နှင့် စွမ်းဆောင်ရည်ကို မြင်နိုင်စွမ်း ရှိသည်။
 
 
သူတို့အဖွဲ့ လေယာဉ်ပေါ်  မတက်ခင် လုံကျဲက လန်ရှီနှင့် လင်းဇီရီကို မျက်မှန်း တန်းမိသည်။ သူမက ခေါင်းငုံ့ကာ ထျန်းနင်ကို စကားပြောလေ၏။
 
"နင် သူတို့ကို နှုတ်ဆက်စကား သွားပြောချင်လား။ လန်ရှီက မျက်နှာသစ်လေး နောက်ကို နေရာတကာ လိုက်နေတည်းက အဲဒီကောင်မလေးက သူ့အတွက် ဘယ်လောက်အထိ အရေးပါလဲ သိသားနေရောပဲ"
 
"နှုတ်ဆက်စကား ပြောနေဖို့ မလိုအပ်ပါဘူး"
 
ထျန်းနင်က ချက်ချင်း ပြန်ဖြေသည်။ သိပ်မကြာခင်က လုံကျဲ ရင်ဆိုင်ခဲ့ရသည့် ဒူးထောက်ခဲ့သော ဖြစ်ရပ်ကို လုံကျဲက မေ့လျော့သွားသော်လည်း ထျန်းနင်က သူမ၏ဘဝ တစ်သက်တာလုံး အမှတ်ရနေလိမ့်မည်။
 
တကယ်တမ်း လုံကျဲလည်း မမေ့လျော့ခဲ့ပေ။ ထျန်းနင် စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်မိ၍ ပေါ့ပေါ့ပါးပါး နေထိုင်ခြင်း ဖြစ်သည်။
 
 
လုံကျဲ ခေါင်းညိတ်ပြီး ထျန်းနင်၏နား အနား တိုးကပ်ကာ လေညင်းသံဖြင့် ပြောလေ၏။
 
"သူဌေးက ပိုပိုပြီးတော့ ဝမ်းတွင်းမည်း ဖြစ်လာတယ်"
 
"နင်က သူ့အကြောင်းကို အခုမှ သိတာလား"
 
 
လန်ရှီလည်း ထျန်းနင်နှင့် လုံကျဲကို သတိထားမိသည်။  ထျန်းနင်၏ ဘေးနားမှာ မတ်တတ်ရပ်နေသော ဧကရာဇ်အရှိန်အဝါရှိသော အမျိုးသားကို သူမ ပိုကြောက်လန့်မိသည်။
 
 
"ထျန်းနင်လက်ထဲကနေ အလုပ်လေး နည်းနည်းပါးပါး လုယူမိပါတယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက သဘောထားကြီး ပေးလို့ မရဘူးလား"
 
လင်းဇီရီက မကျေမနပ် ပြောသည်။
 
"ထျန်းနင် ဖက်ရှင်ပွဲတော်မှာ ပေါ်လာရင် ငါဆိုတာ ဘာအဆင့်မှ မဟုတ်ဘူးလို့ ပြောနေတာတွေ ရပ်တန်းက ရပ်သင့်တယ်။ တကယ်တမ်းက ထျန်းနင်က သူ့ဘာသာသူ ဖက်ရှင်ပွဲတော်ကို စွန့်လွှတ်ခဲ့တာလေ"
 
 
"နင့်ရဲ့လက်ရှိ အဆင့်အတန်းက ထျန်းနင်ကို တန်းတူပြောလို့ မရသေးဘူး။ အခုတော့ စိတ်လျော့ထားဦး"
 
လန်ရှီက လင်းဇီရီကို ဖျောင်းဖျသည်။
"ထျန်းနင် ဒီကနေ့လို အခြေအနေ ရောက်လာတာ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့လို့ပဲ"
 
"ဒါပေမဲ့..."
 
 
"ဒီစကား ဒီနေရာမှာတင် ရပ်လိုက်တော့။ အခုက ဖန်အစ်ကိုရဲ့ မင်္ဂလာပွဲကို တက်ရောက်မှာပဲ။ ငါတို့အလုပ်အတွက် အကျိုးရှိမယ် ပုဂ္ဂိုလ်တွေကို ပွဲမှာ တွေ့ခွင့်ရလိမ့်မယ်။ ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချရမယ်။ ဒါမှ ထျန်းနင်ကို အမြန်ဆုံး အမှီလိုက်နိုင်မှာလေ"
 
 
ထျန်းနင်က ဖက်ရှင်ပွဲတော်ကို စွန့်လွှတ်ခဲ့ရသည့် အကြောင်းအရင်းကို လန်ရှီ မသိသော်လည်း ထျန်းနင်က အကောင်းဆုံး ကြိုးစားခဲ့သည်ဟု လန်ရှီ ယုံကြည်ထားသည်။
 
 
သို့သော်လည်း ယခုအချိန်မှာ သူမ အစိုးရိမ်ဆုံးက ထျန်းနင်ဘေးနား ရှိနေသော မို့ထင်၏ တည်ရှိမှု ဖြစ်သည်။ မို့ထင်က အရာရာတိုင်းကို ထိန်းချုပ်နိုင်သော အာဏာ ရှိနေ၍ အရှက်မကွဲချင်လျှင် ထျန်းနင်ကို ရန်မရှာခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။
 
 
ဟွားကျင်းကျင်းနှင့် ဖန်ယွီတို့က ထျန်းနင်ထက်အရင်ဆုံး မင်္ဂလာပွဲ ကျင်းပမည့် မြို့သို့ ရောက်နေသည်။ သူတို့အဖွဲ့ ပြန်လည်ပေါင်းစည်းသည်နှင့် ဟွားကျင်းကျင်းက ထျန်းနင်ကို နှုတ်ဆက်ဟန်ဖက်လိုက်ပြီး နှစ်ကိုယ်ကြား စကားပြောရန် အိပ်ခန်းထဲ ခေါ်ဆောင်သွားသည်။
 
 
"ဒီနေ့ည မင်္ဂလာပွဲကို မကြာသေးခင်က ကျော်ကြားနေတဲ့ လင်းဇီရီလည်း ပွဲတက်မယ်တဲ့။ နင် ဘယ်လိုရင်ဆိုင်မယ် စဉ်းစားထားလဲ။ သတင်းဌာနတွေက နင့်ကို နှောင့်ယှက်လိမ့်မယ်"
 
 
"ငါက ဘာလုပ်နိုင်မှာမို့လဲ။ ဖက်ရှင်ပွဲတော် မတက်ခဲ့တာ အမှန်တရားပဲလေ"
 
ထျန်းနင်က တည်ငြိမ်စွာ ပြုံးသည်။
 
"စောနတုန်းက ဖျော်ဖြေရေး သတင်းတစ်ပုဒ် ဖတ်လိုက်ရသေးတယ်။ နင်နဲ့ မို့သူဌေးက လေဆိပ်မှာ အတော်လေး ဟော့ခဲ့တယ်နော် ။ မို့သူဌေးရဲ့ ရည်ရွယ်ချက်ကို ငါတော့ နားလည်စပြုလာပြီ"
 
 
"နင့်ရုပ်ရှင် အရှုံးကြီးရှုံးနိမ့်ခဲ့ရင်တောင် နင့်ဘက်မှာ ငါ တစ်ယောက်လုံး ရှိနေသေးတယ်"
 
 
ထိုစကားသံကြောင့် ထျန်းနင် အနည်းငယ် စိတ်ပျက်အားလျော့မိသည်။ ထို့ကြောင့် ထျန်းနင်က မျက်လုံးပြူးပြီး ဟွားကျင်းကျင်းကို စိုက်ကြည့်သည်။
 
"နင်ပဲ ရှုံးနိမ့်မှာ ဟွန့်"
 
"ဒါပေမဲ့ နင်က မော်ဒယ်လေ။ ငါသာ နင့်နေရာမှာ ဆိုရင်လေ အလောင်းကောင် အယောင်ဆောင်တဲ့ အခန်းလောက်ပဲ သရုပ်ဆောင်နိုင်မယ်"
 
ဟွားကျင်းကျင်းက ထျန်းနင်ကို သံသယဝင်နေသည်။
"ဒါနဲ့ နင်..."
 
ထျန်းနင်၏သရုပ်ဆောင်စွမ်းရည်ကို မယုံကြည်သည့် ဟွားကျင်းကျင်းကို အပြစ်မတင်နိုင်ပေ။ ထျန်းနင်၏သရုပ်ဆောင်စွမ်းရည်ကို မျက်မြင်တွေ့ခွင့် မရလျှင် ထျန်းနင်၏ထူးချွန်ပြောင်မြောက်သော အရည်အချင်းကို ယုံကြည်ရန် ခဲယဉ်းလိမ့်မည်။
 
 
ထို့ကြောင့် ထျန်းနင်က သူမ၏အရည်အချင်းကို ကာကွယ်သော ဖြေရှင်းချက်မျိုး ထပ်မပေးခဲ့ပေ။ မည်သူ မှန်ကန်လဲ မည်သူမှားလဲ အချိန်က ဆုံးဖြတ်ပေးမည် ဖြစ်၍ သူမ ရိုးရှင်းစွာ ပြုံးနေခဲ့သည်။
 
 
မင်္ဂလာပွဲ တက်ရောက်ရမည့် အချိန်က အဝေးကြီး လိုသေး၍ အမျိုးသားများက စာကြည့်ခန်းမှာ အလုပ်ကိစ္စ ဆွေးနွေးကြပြီး အမျိုးသမီးတို့က ရုပ်ရှင်ကြည့်ကာ အချိန်ကုန်ဆုံးကြသည်။
 
 
ထိုစဉ် လုံကျဲက တစ်စုံတစ်ရာကို အမှတ်ရသွားပြီး ရုတ်တရက် ထိုင်ခုံမှ ထခုန်ကာ  သူ့ဖုန်းလေးကို ရတနာတစ်ပါးကဲ့သို့ကို ဟွားကျင်းကျင်းထံ ပေးအပ်သည်။
 
 
"ထျန်းနင် အစမ်းလေ့ကျင့်ထားတဲ့ မှတ်တမ်းဗီဒီယို ကြည့်ချင်လား။ နင် အရမ်းကို အထင်ကြီးသွားမယ်လို့ အာမခံတယ်"
 
 
"အစမ်းသရုပ်ဆောင်ထားတာလား"
 
 
ဟွားကျင်းကျင်းက သူမ၏လက်ထဲမှ အနီရောင်ဝိုင်ခွက်ကို အောက်ချထားပြီး ဖုန်းကို လက်ခံလိုက်သည်။
 
 
 
"အဲဒီတုန်းက ထျန်းနင်က ဘယ်သူကိုမှ အကြောင်းမကြားဘဲ ရိုက်ကွင်း ရောက်လာခဲ့တာလေ။ ရုပ်ရှင်အဖွဲ့သားတွေ အားလုံးက ထျန်းနင်ကို သဘောမကျဘူး။ အထူးသဖြင့် ထိပ်တန်း သရုပ်ဆောင်မင်းသား လင်းရှန်က အဆိုးဆုံးပဲ။ ဒါကြောင့် ရုပ်ရှင်အဖွဲ့သားတွေ သရုပ်ဆောင် အရည်အချင်းကို အကဲဖြတ်ခွင့် ရအောင် ထျန်းနင်က အစမ်းသရုပ်ဆောင်ပြချင်တယ်လို့ ဒါရိုက်တာကို တောင်းဆိုခဲ့တယ်။ သရုပ်ဆောင်ညံ့ဖျင်းတယ်လို့ ခံစားရရင် ဒီရိုက်ကွင်းကနေ ဘယ်သူမဆို ထျန်းနင်ကို မောင်းထုတ်လို့ရတယ်လို့ စိန်ခေါ်ခဲ့သေးတယ်"
 
 
 
ဟွားကျင်းကျင်း အနည်းငယ် စိတ်ဝင်စားမိသော်လည်း  ထျန်းနင်က တခြားသူကို သင်ခန်းစာ ပေးတိုင်း ပြုလုပ်လေ့ ရှိသော အပြုအမူ ဖြစ်နေ၍ သူ မအံ့ဩမိပေ။
 
 
ဟွားကျင်းကျင်းက သိလိုစိတ်ပြင်းပြသော ဆန္ဒဖြင့် လုံကျဲ၏ဖုန်းထဲမှာ ဗီဒီယိုကို ဖွင့်လိုက်သည်။ ထျန်းနင်က ခေါင်းဆောင်မင်းသမီး အနေဖြင့် သရုပ်ဆောင်ခဲ့သည့် မှတ်တမ်းကို မြင်တွေ့ရသည်။ သူမ ကိုယ်ဝန်ရှိကြောင်း ပထမဆုံး သိခဲ့သည့် ဇာတ်ဝင်ခန်း ဖြစ်သည်။
 
 
ထျန်းနင်က သူတို့နှစ်ယောက်ကြား ဝင်မပါခဲ့ချေ။ အပြင်ဘက်မှာ မိုးရွာနေသော အခြေအနေကို ငေးမောကြည့်ကာ မင်္ဂလာပွဲအတွက် မသင့်လျော်ကြောင်း ခံစားမိသည်။
 
 
ဟွားကျင်းကျင်းက ဇာတ်လမ်းတိုလေးကို ငေးမောကြည့်ကာ အချိန်ကုန်မှန်း မသိ ကုန်ဆုံးသွားခဲ့သည်။ ဖုန်းကို အောက်ချထားပြီးနောက် သူမမှာ အတွေးတစ်ခုတည်းသာ ဝင်ရောက်လာသည်။
 
"ငါသာ မို့ထင်ဆိုရင်လည်း နင့်ကို သရုပ်ဆောင် အလုပ်ကို ရွေးချယ်ဖို့ ပြောမိမှာပဲ။ မော်ဒယ်ရှိုးလ်ပွဲ အကြောင်းတွေ မေ့လိုက်တော့"
 
"နင့်ကို မော်ဒယ်ရှိုးလ်ပွဲတွေမှာ ဘုရင်မလို့ ထင်မှတ်ခဲ့ပေမဲ့ နင် သရုပ်ဆောင်ထားတဲ့ ဗီဒီယို အတိုအထွာလေးကို ကြည့်ပြီးတော့ မော်ဒယ်အလုပ်က နင့်အတွက် ဒုတိယဦးစားပေး အလုပ်ဖြစ်လာနိုင်မှန်း သိလိုက်တယ်"
 
 
"ဒါဆိုရင် ငါ့ကို မဆူတော့ဘူးပေါ့"
 
ထျန်းနင်က ဟွားကျင်းကျင်းကို ကြည့်ကာ ရယ်မောနေသည်။
 
"မော်ဒယ်ရှိုးလ်ပွဲတွေ လျှောက်တာ နှစ်ကြာလာတော့ ငယ်ရွယ်မှုတွေလည်း တဖြည်းဖြည်း တိုက်စားနေပြီ။ ပါရမီရှင် အသစ်လေးတွေ အများကြီးလည်း တစ်နေ့ထက် တစ်နေ့ တစ်ယောက်ပြီး တစ်ယောက် ပေါ်နေတော့ ယှဉ်ပြိုင်မှုက ပိုပြင်းထန်လာတယ်"
 
 
"ငါတို့တွေ အသက်၃၀လောက် ရောက်ရင် ငါတို့ နာမည်ကို မှတ်မိတဲ့သူ ရှိပါဦးမလား"
 
ဟွားကျင်းကျင်း ဦးခေါင်းလေးကို လက်ဖြင့် ဆုပ်ကိုင်ကာ သက်ပြင်းချလိုက်ပြီး ဝိုင် တစ်ငုံ့သောက်သည်။
 
"တခြားတစ်ဖက်မှာတော့ သရုပ်ဆောင်တွေက ငါတို့နဲ့ ခြားနားတယ်"
 
 
"သရုပ်ဆောင်တွေက ရုပ်ရှင်ရိုက်ကူးကြတော့ ဇာတ်ကောင်စရိုက်က ပရိသတ်ရဲ့ ရင်ထဲ နှစ်အကြာကြီး စွဲကျန်ခဲ့တယ်"
 
 
"ဒီဗီဒီယိုလေးကို ကြည့်လိုက်ရုံနဲ့ မို့ထင်က နင့်ကို ထိပ်တန်းသရုပ်ဆောင် မင်းသမီး ဖြစ်အောင် လေ့ကျင်ပျိုးထောင်ပေးသလိုပဲ။ အချိန်အတိုင်းအတာ တစ်ခု ရောက်လာရင် ငါတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက မိုင်ပေါင်းထောင်ချီ ဝေးကွာသွားလိမ့်မယ်"
 
 
"ဒါကြောင့် တခြားသူတွေ ဘာပြောပြော ဂရုမစိုက်နဲ့။ ဖက်ရှင်ပွဲတော်ကို မတက်တော့ရော ဘာဖြစ်လဲ"
 
 
"ဆက်ပြီးတော့ သရုပ်ဆောင် ဟုတ်ပြီလား"
 
 
"ရုပ်ရှင် ထွက်လာရင်တော့ လူတိုင်း တုန်လှုပ်သွားလိမ့်မယ်။ ငါလိုပဲ လူတိုင်း လူတိုင်း လက်ဖျားခါသွားမှာနော်"
 
ဟွားကျင်းကျင်း အမှန်တကယ် ခံစားရသော ခံစားချက် ဖြစ်သည်။
 
ထျန်းနင်က သူမနှင့် အရည်အချင်း တူလိမ့်မည်ဟု ဟိုးအရင်က တွေးခဲ့မိသည်။
 
 
သူတို့နှစ်ယောက်၏အရည်အချင်းကို တရားဝင် နှိုင်းယှဉ်ကြည့်သောအခါ တကယ့်ကို ခြားနားခဲ့သည်။
 
 
"ငါ ထိန်းချုပ်လို့ရတဲ့ အနေအထား မဟုတ်ပါဘူး"
 
ထျန်းနင်က သရုပ်ဆောင်သည့် အလုပ်ကို ဆက်မပြောချင်၍ ယွီဖန် မင်္ဂလာပွဲအကြောင်း ခေါင်းစဉ်လွှဲပြောသည်။
"အခုနောက်ပိုင်း လူတော်တော်များများ လက်ထပ်ကုန်ကြပြီ"
 
"ဘာလဲ မနာလို ဖြစ်မိလို့လား"
 
ဟွားကျင်းကျင်း ကျီစယ်သည်။
"နင်နဲ့ မို့သူဌေး လက်ထပ်တာ ကြာပြီလေ။ သူများတွေ မင်္ဂလာဆောင်တာကို ဝန်တိုနေဖို့ လိုအပ်သလား"
 
"ရုပ်ရှင်အပြီးသတ် ရိုက်ကူးပြီးသွားရင် ငါ နဲ့ 'ထင်'က လက်ထပ်ထားကြောင်း တရားဝင်ကြေညာဖို့ ဆုံးဖြတ်ထားတယ်"
 
 
"ဒါနဲ့ နင်တို့တွေ ဘယ်လို လက်ထပ်ဖြစ်သွားတာလဲ။ ဒီအကြောင်းကို အရင်တုန်းက နင်ပြောတာ မကြားဖူးဘူး"
 
ဟွားကျင်းကျင်း သိလိုစိတ် ပြင်းပြနေသည်။
 
"ငါတို့ လက်ထပ်ခဲ့တဲ့ နေ့က ငါတို့ ဒုတိယအကြိမ် တွေ့တုန်းကပေါ့။ ပထမဆုံး ဆုံတွေ့တုန်းက ပွဲတစ်ခုမှာလေ"
 
 
"..."
 
 
"အဲဒီနေ့တုန်းက ငါက သူ့သွားမယ်လမ်းကို ပိတ်ရပ်ပြီး ငါ့ကို လက်ထပ်မလား သွားမေးခဲ့တာလေ"
 
 
"..."
 
 
"သူကလည်း နာရီဝက်တည်းနဲ့ လက်ခံလိုက်တော့ ငါတို့လက်ထဲ လက်ထပ်မှတ်ပုံတင် ရောက်လာတာပဲ"
 
 
***
 
 
 
 
 
 
အပိုင်း(၃၄၁)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now