Ep 385+386+387

109 8 0
                                    

အပိုင်း(၃၈၅)

"သူမက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း ရေးတဲ့ စာရေးဆရာ"
မို့ထင်က အပြစ်ရှိသော ခံစားချက်ဖြင့် ပြန်ဖြေသည်။

"ထားလိုက်ပါတော့..."
ထျန်းနင် စကားထောက်ပေးသည်။
"စာရေးဆရာကိုယ်တိုင်က သူရဲ့ အလုပ်ကို ပြောင်းလဲဖို့ ရွေးချယ်လိုက်တည်းက အကြောင်းအရင်း ရှိမှာပါ။ ပြီးတော့ ပြောထားရဦးမယ်... အတိတ်က လုပ်ရပ်ကနေ အတွေ့အကြုံ ယူဖို့ မပြောပါနဲ့လား"

"ဟုတ်ပါပြီ။ ကိုယ် မင်းနဲ့ ယှဉ် မငြင်းနိုင်ပါဘူး"
သူမ သရုပ်ဆောင် ရမည့် ဇာတ်ကောင်သည် စာရေးဆရာ ဖြစ်ဖြစ် စစ်တပ် အရာရှိ ဖြစ်ဖြစ် သူမ ထပ်တူထပ်မျှ စိတ်ဝင်စားသည်။ စာရေးဆရာ၏ အားနည်းချက်က ဆုံးဖြတ်ချက်ကို ရေရေရာရာ မချမှတ်နိုင်ခြင်း ဖြစ်သည်။ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်လမ်း ဖြစ်နေ၍ ကြောက်လန့်ဖွယ် ခံစားချက်ကို မခံစားရလျှင် ကြိုးစားသမျှ အလဟဿ ဖြစ်သွားလိမ့်မည်။

တကယ်တမ်း ထျန်းနင်ကို အဆင်ပြေ ချောမွေ့စေမည့် အခြေအနေက ရုပ်ရှင်ထုတ်လုပ်ရေး တစ်ဖွဲ့လုံးတွင် သူမ သိကျွမ်းသူများ ပါဝင်ရန် ဖြစ်သည်။

...

ညနေခင်း ထျန်းရွှမ် အိမ်ပြန်လာစဉ် ထျန်းအကြီးအကဲ၏ ရှေ့နေ အိမ်ထဲမှ ထွက်လာခြင်းကို လှမ်းမြင်သည်။
"လျူရှေ့နေ ပြန်တော့မလို့လား။ ကျွန်မ လိုက်ပို့ပေးရမလား"

"သခင်မလေး ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေပါ..."
ရှေ့နေက သူမကို မြင်မြင်ချင်း အကြောင်းပြချက် ရှာကြံကာ ရှောင်ထွက်သွားသည်။

ဤအပြုအမူက ထျန်းရွှမ်၏ သံသယစိတ်ကို တိုးပွားစေသည်။ ထျန်းအကြီးအကဲ၏ ရည်ရွယ်ရာကို ရှင်းလင်းရမည့် သဘောရှိသည်။

ထျန်းရွှမ်၏ မျက်နှာအသားအရောင်က မသိမသာ သုန်မှုန်နေပြီး သူ့လက်ထောက်ကို ဖုန်းခေါ်လိုက်သည်။
"ငါ့အဘိုးက လျူရှေ့နေနဲ့ ဘာအကြောင်းတွေ တိုင်ပင်နေလဲ စုံစမ်းကြည့်ပေး။ မနက်ဖြန် သိချင်တယ်"

"ဟုတ်ကဲ့ပါ ထျန်းသူဌေး"

ထျန်းနင် သူမဘေးနား ရှိနေသရွေ့ အရိပ်ဆိုးကြီး နှောင့်ယှက်နေ သကဲ့သို့ ခံစားရသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now