အပိုင်း(၄၉၉)

109 18 0
                                    

အပိုင်း(၄၉၉)

ရှယ်ရာရှင်များ၏ ယုံကြည်မှုကို အမှန်တကယ် ပိုင်ဆိုင်ခွင့် ရရှိရန် သူမ၏ အရည်အချင်းကို ပြသရမည် ဖြစ်ကြောင်း ထျန်းရွှမ် ကောင်းကောင်း သိနေသည်။ 

ဆွစ်ဇာလန်ပြဿနာကို ဤတစ်ကြိမ်တွင် မဖြေရှင်းနိုင်လျှင် စီအိုအို နေရာကို ရရှိသည့်တိုင် သူမကို ယုံကြည်လက်ခံလာအောင် သိမ်းသွင်းနိုင်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူမက စီးပွားရေးနယ်ပယ်ထဲ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်သည်။ သူမကို ထျန်းနင်က အလွယ်တကူ မယှဉ်နိုင်ပေ။

"ရှားယွီလင်း နင့်ရဲ့စတေးမှု နဲ့ ငါ့ဆန္ဒကို ဖြည့်ဆည်းပေးလို့ ကျေးဇူးပဲ"
ထျန်းရွှမ်၏စိတ်ထဲ တွေးတောနေသည်။

...

ည၁၀နာရီ။ ရှားယွီလင်း စီးနင်းလာသော လေယာဉ်က ပေကျင်းလေဆိပ်သို့ အချိန်မှီ ဆိုက်ကပ်ခဲ့သည်။ မို့ထင် ပို့ထားသူများက သူမကို သေချာကာကွယ်စောင့်ရှောက် ပေးသည်။ လေဆိပ် အပြင်ဘက်သို့ လမ်းလျှောက် ထွက်သွားသည့်တိုင် မည်သူကမျှ သူမကို သတိမထားမိပေ။

မိနစ်၄၀ကြာပြီးနောက် ရှားယွီလင်းက Hyatt Regencyသို့ ဝင်ရောက်ခဲ့သည်။ သူမက ထျန်းနင်ကို မြင်မြင်ချင်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်သည်။

သူတို့အစီအစဉ်က အားနည်းချက် မရှိမှန်း သိသော်လည်း တွေးမိတိုင်း သူမ ကြောက်လန့်နေမိသေးသည်။

"အမေ အဆင်ပြေသွားမှာပါ"
ထျန်းနင်က အဖြစ်အပျက် အလုံးစုံကို ကြားထားရ၍ ရှားယွီလင်းက စွန့်စားခဲ့ရမှန်း သူမ သိနေသည်။

"ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား"
ရှားယွီလင်းက အပေါ်အင်္ကျီကို ဖယ်ရှားလိုက်ပြီး သူမ ထိခိုက်ဒဏ်ရာ မရကြောင်း ထျန်းနင်သိအောင် ထျန်းနင်၏အရှေ့မှာ ဟိုသည် လှည့်ပြသည်။

"မို့ထင် ပါနေတော့ စိတ်မချစရာ ရှိလို့လား"

ထျန်းနင်က အသက်ခပ်ပြင်းပြင်း ရှုလိုက်ပြီး ရှားယွီလင်းကို ဆိုဖာပေါ်  ဆွဲခေါ်သွားသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now