အပိုင်း(၅၃၇)

64 7 0
                                    

အပိုင်း(၅၃၇)

ထျန်းရွှမ်က ထျန်းနင်၏ မကြာသေးခင်က ခန္ဓာကိုယ် အနေအထားကို ပြန်လည် မြင်ယောင်ကြည့်သည်။ အဆုံးသတ်မှာ သူမ၏နှုတ်ခမ်းက အပေါ်သို့ ကော့ညွှတ်သွားပြီး လှောင်ပြုံးကို ဖန်ဆင်းသည်။
"သူ ကိုယ်ဝန်ရှိတာ မရှိတာက ငါအတွက် ဘာများ ခြားနားမှု ရှိလို့လဲ။ ငါက အရာရာကို ဆုံးရှုံးခဲ့ပြီပဲ"

မည်သို့ပင်ဆိုစေကာမူ ထျန်းမိသားစုဝင် အားလုံးက သူမ၏ မကောင်းမှုအားလုံးကို သိထားကြသည်။ သူတို့က သူမကို စာနာစိတ် အနည်းငယ် ထားနိုင်မည်နည်း။

မဖြစ်နိုင်ချေ။

"ဒီသတင်း သတင်းထောက်တွေကို ရောင်းစားလိုက်ရင် သင့်လျော်တဲ့ ငွေ အထိုက်အလျောက်တော့ ရမှာပေါ့"
လူနာစောင့်က ဟာသလုပ်သည်။

...

နှစ်တစ်နှစ်၏ အဆုံးသတ် ကာလဖြစ်သောကြောင့် လူအများစုက ဖေးထန် ဆုပေးပွဲကို အာရုံစိုက်နေကြသည်။

ဖေးထန်ဆုများကို အနုပညာနယ်ပယ်အသီးသီးမှ ပညာရှင်များက အသိအမှတ်ပြုကြသည်။ ဤနှစ်၏ အဓိက အကဲဖြတ်ဒိုင်လူကြီးသည် ယခင်နှစ်၏ ဖေးထန် တစ်သက်သာ ဆုပိုင်ရှင်ဖြစ်သည်။ သူ့လက်အောက်တွင် အဖွဲ့နှစ်ဖွဲ့ရှိပြီး အတွေ့ကြုံများသော သရုပ်ဆောင်၊ အနုပညာရှင်များ နှင့်ဒါရိုက်တာ အယောက် ၂၀ကျော် ပါဝင်သည်။ မို့အကြီးအကဲက အဖွဲ့ခေါင်းဆောင် တစ်ဦးအနေဖြင့် ပါဝင်သည်။
ကဏ္ဍအားလုံး၏ လျာထားစာရင်းကို ကြေညာချိန် နီးကပ်လာသည်။ မို့ထင်က   'W.H.အမည်ဖြင့် ထျန်းနင်ကို အကောင်းဆုံး တက်သစ်စ အနုပညာရှင် ရွေးချယ်မှု စာရင်းတွင် ထည့်သွင်းခဲ့သည်။

အပေါ်ယံကြည့်လျှင် ဤဆုက ရယူရန် လွယ်ကူသယောင် ရှိသည်။ သို့သော်လည်း တကယ်တမ်း လျာထားစာရင်း အများကြီး ရှိနေပြီး အရွေးချယ်ခံအားလုံးက တူညီသော အရည်အချင်း ရှိနေသည်။
ထို့ကြောင့် အကဲဖြတ် ဒိုင်လူကြီးများက အကောင်းဆုံး၁၀ဦးကို ရွေးချယ်ရန် သုံးကြိမ်တိုင် မဲခွဲရွေးချယ်ရသည်။ နောက်ဆုံးတော့ ဖယ်ထုတ်ခြင်း နည်းလမ်းကို သုံးပြီး နောက်ဆုံး ရွေးချယ်ခံ ၅ဦးကို အတည်တကျ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now