အပိုင်း(၄၅၁)

71 8 0
                                    

အပိုင်း(၄၅၁)

ညဉ့်ဦးယံအချိန် ကျုံးမိသားစု အိမ်တော်အတွင်း

အမေကျုံးက ဖုန်းဆက်တိုက် ခေါ်ဆိုပြီးနောက် ထျန်းရွှမ်က သူ့အနား ကပ်ကာ မေးမြန်းသည်။
"အမေ ဘယ်လိုဖြစ်သွားပြီလဲ"

"အားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်လာလိမ့်မယ်။ ထျန်းနင်ကို စစ်ဆေးပေးမယ့် ဆရာဝန်ကို လာဘ်ထိုးပြီးပြီ။ သူကလည်း ငွေလက်ခံပြီးပြီဆိုတော့ ငါတို့ အကြံအစည်ကို အကောင်ထည်ဖော်ပေး လိမ့်မယ်"

အမေကျုံးက ထျန်းရွှမ်၏ လက်ဖမိုးလေးကို ပုတ်ကာ စိတ်အေးအေးထားရန် အသိပေးသည်။
"ထျန်းနင်က ကလေးမရနိုင်တဲ့ အကြောင်း တစ်လောကလုံး သိသွားအောင် ဖြန့်ပေးဖို့ မီဒီယာကို သတင်းပေးထားတယ်။ မို့မိသားစုမှာ ဘယ်လို ဆက်ရှင်သန်မလဲ ကြည့်ရသေးတာပေါ့"

"အရေးကြီးဆုံး အချက်က နင်က ကိုယ်ဝန် ရှိနေပြီ။ ထျန်းမိသားစုစီ ပြန်မယ့် အစီအစဉ်ကိုလည်း အကောင်အထည် ဖော်ရမယ်"

ထျန်းရွှမ်က သူ့ဝမ်းဗိုက်ကို ပွတ်သည်။ ဤကလေးက သူမ၏ နောက်ဆုံးသော ဝှက်ဖဲဖြစ်သည်။ တခြားသော အမှားမျိုး သူမ ထပ်မလုပ်ရဲပေ။

"နင့်အဘိုးနောက်ကို နောက်ယောင်ခံလိုက်ဖို့ လူလွှတ်ထားတယ်။ သူက သူ့စီးပွားရေးကို ရှားယွီလင်းလက်ထဲ အပ်လိုက်တည်းက အေးအေးဆေးဆေး အနားယူနေတယ်။ လတိုင်းရဲ့ ၂၀ရက်နေ့တိုင်း ထျန်းအုပ်စု ငွေကြေးထောက်ပံ့ထားတဲ့ မိဘမဲ့ ဂေဟာကို သွားလည်တယ်။ အဲဒီက ကလေးတွေရဲ့ အခြေအနေကို လေ့လာဖို့လေ။ ဒါကို ကြည့်ခြင်းအားဖြင့် သူက မြစ်လိုချင်နေတာ ရှင်းနေတာပဲလေ"

"အဲဒီနေ့ရောက်ရင် မင်းကို အဲဒီအနီးအနားမှာ သူနဲ့ ဆုံပေးဖို့ ငါတို့တွေ စီစဉ်ထားတယ်"

အမေကျုံး၏ အစီအစဉ်ကို နားထောင်ပြီးနောက် ထျန်းရွှမ်၏ မျက်ဝန်းတွင် မှိတ်တုတ်တုတ် အလင်းတန်းလေး ဖြာလဲ့သွားသည်။ သူမက လပေါင်းများစွာ သည်းခံခဲ့ပြီးပြီ။ ဤတစ်ကြိမ်တွင် ရှားယွီလင်း နှင့် ထျန်းနင်ကို ရှင်လျက် ငရဲပို့ရမည်။

...

ဆေးရုံမှ ပြန်လာပြီးနောက် ထျန်းနင်က စာကြည့်ခန်းထဲ တိတ်တဆိတ် ဝင်လာသည်။ မို့ထင်က သူ့ရုံးထိုင်ခုံပေါ် ထိုင်နေသည်ကို မြင်တွေ့ရ၍ သူ့အနား ချဉ်းကပ်ကာ သူ့ကျောကို မှီလိုက်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Kde žijí příběhy. Začni objevovat