Ep 418+419+420

106 7 0
                                    

အပိုင်း(၄၁၈)

"တကယ်ပါ တမင် ချောက်ချတာ မဟုတ်ရပါဘူး"
ဟန်ရှင်းအာက စိတ်ရင်းအတိုင်း တောင်းပန်ခယသည်။

"ရှောင်ယန်ရယ် ထားလိုက်ပါတော့။ အဝတ်အစားသွားလဲဖို့ ငါနဲ့ လိုက်ခဲ့။ သူ့နာမည်ကို ရေးမှတ်ထားပြီး ကုန်ကျစရိတ် ပို့ပေးလိုက်။ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် ပြောမနေနဲ့တော့"

အစ်မရိ အမည်ရှိသော အမျိုးသမီးက ချိုသာစွာ ပြောဆိုသည်။ အပေါ်ယံကြည့်လိုက်လျှင် သူမက ရှင်းအာ၏အမှားကို နားလည်ပေးချင်ယောင်  ရှိသော်လည်း တကယ်တမ်း ရှင်းအာကို အလွယ်တကူ ခွင့်လွှတ်ပေးမည့် အတွေး မရှိခဲ့ပေ။

ကုန်ကျစရိတ် ပို့ပေးမည်။

ဤကဲ့သို့သော အဝတ်အစားမျိုးကို လျော်ကြေးပေးရမည် ဆိုလျှင် ဟန်ရှင်းအာ၏ လက်ရှိလစာ နှုန်းထားဖြင့် နောင်ဆယ်နှစ်စာထိ အကြွေးဆပ်၍ မကုန်နိုင်ပေ။

ဟန်ရှင်းအာ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
"ကျွန်မ ကိုယ်တိုင် လျှော်ဖွတ်ပေးလို့ မရဘူးလား"

"လျှော်ပေးမယ် ဟုတ်လား။သူများ လျှော်ပေးထားတဲ့ တွန့်ကြေနေတဲ့ အဝတ်အစားကို အစ်မရိက ဝတ်ရမှာလား။ မင်းက ဘယ်အေဂျင်စီကလဲ ပြောစမ်းပါဦး။ မင်းရဲ့သူဌေးကို ခေါ်လိုက်စမ်းပါ။ ဒါနဲ့ မင်းက ဟိုတယ်ဝန်ထမ်းလား ဟုတ်လား"

၎င်းအမျိုးသမီးက ဟန်ရှင်းအာ၏ ဇာစ်မြစ်ကို မသိခဲ့၍ ယခုလို အခြေအနေမျိုးတွင် ဟန်ရှင်းအာ၏ သူဌေးကို ခေါ်ခိုင်းခြင်းက အကျိုးအကြောင်း သင့်လျော်ပါသည်။

ဟန်ရှင်းအာက ပိုင်ချန်သုန်ကို ကူကယ်ရာမဲ့ ငေးစိုက်ကြည့်သည်။ သူမ၏ အခြေအနေကို  သတိမထားမိနိုင်ဟု အစက တွေးခဲ့မိသော်လည်း ပိုင်ချန်သုန်က သူ့အနား ချက်ချင်း ရောက်လာပြီး သူမ၏ဘေးနားမှာ မတ်တတ်ရပ်လိုက်သည်။

ထိုစဉ် စောနက စောင့်ကြည့်နေခဲ့သည့် ထျန်းနင်က ပျော်ပျော်ပါးပါး ပွဲဆက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ဘယ်လို ဖြစ်ရတာလဲ"

ပိုင်ချန်သုန်၏ မေးမြန်းမှုကြောင့် အမျိုးသမီးက ချက်ချင်း အပြုံးလေးဖြင့် တုံ့ပြန်သည်။
"အိုစ် အစ်ကိုသုန်ပဲ။ ဒီစားပွဲထိုးကောင်မလေးက အစ်မရိရဲ့ အင်္ကျီကို ဖျက်ဆီးပစ်လိုက်လို့ပါ။ ဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်းနေတာပါ။ စိုးရိမ်ပေးလို့ ကျေးဇူးပါပဲ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Dove le storie prendono vita. Scoprilo ora