အပိုင်း(၄၇၅)

106 18 0
                                    

အပိုင်း(၄၇၅)

အင်တာနက် ဝါသနာရှင်များက အဖြေကိုစောင့်ဆိုင်း နေစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေးက လူတိုင်း တုန်လှုပ်စေလောက်သော သတင်းကို ထုတ်ပြန်ခဲ့သည်။

"ပိုင်ချန်သုန်နဲ့ မို့သူဌေးက တစ်ဝမ်းကွဲ ညီအစ်ကိုတွေတဲ့"

"မို့မိသားစု မျိုးဆက်တွေက အထင်ကြီးစရာ ကောင်းတာပဲ။ မို့မိသားစုဝင်တွေက အရည်အချင်းရှိသူတွေချည်းပဲ"

"ဝိုး၊ လောရိ ပထမဆုံး အရှိုက်ထိသွားတာမလား။ ဟား ဟား ဟား"

"ဒါက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့မိသားစုကိစ္စပဲ"

ထိုစဉ် ဟန်ရှင်းအာနှင့် ပိုင်ချန်သုန်က အိမ်မှာ တစ်နေ့လုံး အကြည်စိုက်နေကြသည်။ ပိုင်ချန်သုန်က ယခုအထိ အများသိအောင် ပြဿနာကို မရှင်းလင်းသေး၍ ဟန်ရှင်းအာ ဒေါသထွက်လာသည်။

"ညစာစားချိန်ရောက်ပြီ"
ဟန်ရှင်းအာက ဆိုဖာပေါ်ထိုင်နေသော ပိုင်ချန်သုန်ကို ဒေါသတကြီး စကားပြောသည်။

ပိုင်ချန်သုန်က မတ်တတ်ထရပ်လိုက်ပြီး ဟန်ရှင်းအာ၏လက်ကို လှမ်းဆွဲကာ သူ့ပေါင်ပေါ် ထိုင်စေသည်။
"တစ်နေ့လုံး ဒီလို အကြည့်စိမ်းတွေနဲ့ ကြည့်နေမှာလား။ အခုအချိန်မှာ ဒေါသတွေကို ဘေးဖယ်ထားသင့်တယ် မဟုတ်ဘူးလား"

"ဘာလို့ အဲလိုလုပ်ရမှာလဲ"
ဟန်ရှင်းအာက ပိုင်ချန်သုန်ကို အဝေးတွန်းထုတ်လိုက်သည်။
"နင် တခြားမိန်းမကို နမ်းခဲ့လို့ အခုလို ပြဿနာတွေ ဖြစ်နေရတာလေ။ ငါလည်း ဂုဏ်သိက္ခာကျရတယ်။ ဒီလိုလုပ်ရတာ နင်က ပျော်နေတာလား"

"ကိုယ်က တခြားမိန်းမကို နမ်းခဲ့တာ သေချာလို့လား"
ပိုင်ချန်သုန်က မျက်ခုံးပင့်လိုက်သည်။

"နင်တို့တွေကို ဓာတ်ပုံခိုးရိုက်တဲ့ ဓာတ်ပုံရှုထောင့်ကို ကြည့်ရုံနဲ့ နမ်းနေတယ်လို့ ကောက်ချက်ချလို့ ရတယ်လေ"
ဟန်ရှင်းအာက သူ့စကားကို လုံးဝ မယုံကြည်ပေ။

"ကိုယ့်ရဲ့သရုပ်ဆောင် အရည်အချင်းနဲ့ ဒီလို မလုပ်နိုင်ဘူးလို့ ထင်နေတာလား"
ပိုင်ချန်သုန်က ရှင်းမပြခင် လေးလေးနက်နက် စကားပြောသည်။
"တကယ်တမ်း ကိုယ်  သူ့ကို မနမ်းခဲ့တာ အမှန်တရားပါ။ မင်း မယုံကြည်ရင် ခြေရာခံစောင့်ကြည့်ကင်မရာကို စစ်ဆေးကြည့်လို့ရတယ်။ ကိုယ့်အိပ်ခန်းထဲက အံဆွဲထဲမှာ ရှိတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now