အပိုင်း(၄၇၄)

99 15 0
                                    

အပိုင်း(၄၇၄)

သို့သော်လည်း အမှန်တရား မပေါ်ပေါက်ခင် ပြစ်တင်ရှုတ်ချတတ်သော အွန်လိုင်းသုံးစွဲသူများက ဟန်ရှင်းအာ၏အသက်ကို နုတ်ယူနိုင်လောက်သည့်အထိ တိုက်ခိုက်ကြသည်။

"ဟန်ရှင်းအာက ဟန်ယွီဖန်ရဲ့ညီမဆိုတာ ဘယ်သူမှ သတိမထားမိဘူးလား။ သူတို့မောင်နှမက စိတ်ဓာတ်မကောင်းတာ အတူတူပဲ"

"ဟန်ရှင်းအာက ထျန်းနင်အတွက် ရပ်တည်ပေးခဲ့ ဖူးပေမဲ့ ဖျော်ဖြေရေးလောကထဲ ရောက်သွားပြီး နောက်ပိုင်း စိတ်ဓာတ်ပြောင်းလဲသွားပုံပဲ။ ငါ ပြောချင်တာတော့ ဖျော်ဖြေရေးလောကဆိုတာ ရှုပ်ထွေးတဲ့ နယ်မြေပဲ"

"ဟန်ရှင်းအာ ရောဂါဖြစ်နေတာ မဟုတ်ဘူးလား။ ထျန်းနင်က သူ့ကို ကျောက်ကပ် မလှူပေးလို့ သေမလိုတောင် ဖြစ်သွားသေးတယ်လေ။ အဲဒီသတင်းကလည်း လူသိထင်ရှား ဖြစ်ခဲ့တာပဲလေ"

"စိတ်ပျက်ဖွယ်အတိပဲ။ တခြားသူရဲ့အချစ်ရေးကို ဖျက်ဆီးတတ်တဲ့လူတွေကို ငါ အမုန်းဆုံးပဲ။ ဟန်ရှင်းအာ နင်က အပေါစားအပျက်မပဲ"

...

"လောရိ နင်တော့ အမှားလုပ်မိပြီ"
လောရိ၏မန်နေဂျာက တောမီးသဖွယ် ပြန့်နေသော သတင်းကို ဖတ်ရှုပြီး ဝေဖန်သည်။
"ငါ နင့်ကို တားခဲ့သင့်တယ်"

"ဘာလို့လဲ"

လောရိက ဖုန်းဆော့နေ၍ သူမ၏ဘဝက အန္တရာယ်ထဲ ကျရောက်လုနီးနီး ဖြစ်နေမှန်း သူမ မတွေးမိခဲ့ပေ။

"နင်နဲ့ ပိုင်ချန်သုန်ရဲ့ ဆက်ဆံရေးက သေချာသလောက် ရှိနေပြီ ထင်ခဲ့လို့ နင့်ကို မတားခဲ့တာ။ ဒါပေမဲ့ ငါ့အထင်တော့ နင် အမှားလုပ်မိသွားပြီ"
သူမ၏မန်နေဂျာက လက်ပိုက်ဟန် အနေအထားဖြင့် အသက်ခပ်ပြင်းပြင်း ရှုသည်။
"စောနလေးကတင် လက်ထောက်လုချယ် ဖုန်းဆက်လာတာ နင် သိလား။ နင် ပါဝင်ရမယ့် ပွဲတိုင်းကို တခြားသူ အစားထိုးလိုက်သလို နင် ပါဝင်သမျှ ရှိုးလ်ပွဲ၊ ကြော်ငြာ အကုန်လုံးကိုလည်း ဖယ်ပစ်တယ်။ ဒါက ဘာသဘောလဲ နင် သိလား"

"ဟိုက်ဟွေ့ဖျော်ဖြေရေးက နင့်ကို ပယ်ထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သဘောပဲ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now