အပိုင်း(၄၇၃)

98 13 0
                                    

အပိုင်း(၄၇၃)

သူနှင့် ဟန်ရှင်းအာ၏ဆက်ဆံရေးကို အတည်ပြုပြီးနောက် ပိုင်ချန်သုန်က မို့ထင်ကို ချက်ချင်း ဖုန်းခေါ်ခဲ့သည်။
"ငါတို့အချစ်ရေးကို ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ပီအာအဖွဲ့က တရားဝင် ကြေညာချက် ထုတ်ပေးပါ"

"အရင်တုန်းကတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ အကူအညီ မယူဘူးဆို ။ကိုယ့်ဘာသာကိုယ် ရပ်တည်မယ်ဆို။ အခုတော့ ငါ့ကို လိုအပ်တာ မင်း သိသွားပြီပေါ့"
မို့ထင်က ပိုင်ချန်သုန်ကို လှောင်ပြောင်နိုင်သော အခွင့်အရေးတိုင်းကို အမိအရ အသုံးချသည်။ ထို့နောက် သူက အခြေအနေကို ရှင်းပြသည်။
"မင်းက ကြေညာချက် ထုတ်ပြန်စေချင်ရင် မင်း သဘောအတိုင်း လုပ်ပေးမယ်။ ဒါပေမဲ့ မင်းကို ဟိုက်ဟွေ့ဖျော်ဖြေရေး နဲ့ စာချုပ်မှာ လက်မှတ်ထိုးထားစေချင်တယ်"

"မို့ထင် မင်းက လက်ထပ်ထားတာလည်း တစ်နှစ်ကျော်နေပြီ။ ငါ့ကို တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေတာကို မမြင်ချင်တာလား။ ငါလည်း တတ်နိုင်သလောက် မြန်မြန် လက်ထပ်ရမယ် ဒါမှ မင်းကို အမှီလိုက်နိုင်မှာလေ"

"မင်း ငါ့ကို အမှီလိုက်လို့ မရတော့ဘူး"
မို့ထင်က ယုံကြည်မှုအပြည့်ဖြင့် ရယ်မောသည်။
"ငါက အဖေဖြစ်တော့မယ်"

ပိုင်ချန်သုန်
"..."

ထျန်းနင်က မို့ထင်ဘေးနားမှာ ထိုင်ပြီး ကလေးပြုစု စောင့်ရှောက်သော စာအုပ်ကို လှန်လှောဖတ်ရှုနေသည်။ မို့ထင်က ပိုင်ချန်သုန်ကို ကြွားဝါးနေသော စကားသံကို ကြားကြားချင်း သူမက ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။
"မို့သူဌေးက သူ့လျှို့ဝှက်ချက်ကို လျှောက်ပြောနေတယ်ဆိုတော့ ပုံမှန် မဟုတ်တော့ဘူးပဲ"

မို့ထင်က သူ့ဖုန်းကို အောက်ချထားလိုက်ပြီး ထျန်းနင်ဘေးနား ထိုင်လိုက်သည်။
"ကိုယ့်ကို ပျော်ရွှင်ကြည်နူးတဲ့ ခံစားချက်က အခုထိ လွှမ်းမိုးထားတုန်းပဲ"

"ပိုင်ချန်သုန်ကိစ္စကိုလည်း မြန်မြန်စီစဉ်ပေးလိုက်ပါ ဒါမှ ဘိုးဘိုးလည်း စိတ်အေးချမ်းမှာလေ"
ထျန်းနင်က မို့ထင်၏မျက်နှာကို ထိတွေ့ကာ တိုက်တွန်းသည်။

မို့ထင်က ခေါင်းမညိတ်ခင် သူမအနား တိုးကပ်လိုက်ပြီး နဖူးလေးပေါ်  အနမ်းခြွေလိုက်သည်။
"ကိုယ့်အချစ်လေးကို အဖော်ပြုပေးဖို့ ကိုယ် ဒီနေ့ည အိမ်စောစော ပြန်ခဲ့ပါမယ်"

"နေ့လည်စာကို ယောက်ျားနဲ့အတူတူ စားချင်တယ်"
ထျန်းနင်ပြုံးသည်။

"အင်းပါ"

ထိုစကားကို ပြောပြီးနောက် မို့ထင်က မတ်တတ်ရပ်လိုက်ပြီး ဖန်ယွီနှင့် ဖုန်းပြောရန် တံခါးပေါက်နား လမ်းလျှောက်လာခဲ့သည်။
"ပီအာအဖွဲ့က ငါနဲ့ ပိုင်ချန်သုန်ရဲ့ ဆွေမျိုးတော်စပ်ပုံကို ကြေညာစာ ရေးပေးပါ"
သူတို့က မိသားစုချင်း ဖြစ်နေ၍ ဟန်ရှင်းအာ နှစ်ဖက်စလုံးနှင့် အလုပ်လုပ်ခြင်းက အဆင်ပြေလိမ့်မည်။

သူ့ချစ်သူကောင်မလေး အကြောင်း ထုတ်ဖော်ပြောကြားခြင်းက ပိုင်ချန်သုန် ကိုယ်တိုင် လုပ်ဆောင်ရမည့် ကိစ္စ ဖြစ်သည်။

သို့သော်လည်း ကြေညာချက် မထုတ်ပြန်ခင်  အင်တာနက်ပေါ်တွင် အုပ်စု နှစ်စု ဖြစ်နေသည်။

အင်တာနက်သုံးစွဲသူ အများစုက ဟန်ရှင်းအာဘက်မှ ရပ်တည်ကြသည်။ ပိုင်ချန်သုန်နှင့် ဟန်ရှင်းအာတို့ အတူတူရှိခဲ့သော အချိန်ကာလကို ထောက်ရှုပြီး သူတို့က စုံတွဲဖြစ်သင့်သည့် ကံကြမ္မာ ရှိလာနိုင်သည်ဟု လက်ခံထားကြသည်။ လောရိက အရှုပ်အထွေးထဲ ရုတ်တရက်အတင်း ဝင်လာခြင်း ဖြစ်သည်။

လောရိ၏ပရိသတ်များက ဟန်ရှင်းအာ၏မိသားစု နောက်ခံကို လှောင်ပြောင်ကြသည်။ ပိုင်ချန်သုန်က ဟန်ရှင်းအာကို လက်ထောက် အဆင့်မျှသာ ဆက်ဆံသည်ဟု သူတို့က အခိုင်အမာ ပြောကြသည်။

ပိုင်ချန်သုန်က ဟိုက်ဟွေ့ဖျော်ဖြေရေးအထိ ရောက်လာပြီး ဟန်ရှင်းအာကို လာတွေ့ခြင်းကို လောရိ သိသွားခဲ့၍ အရှက်ရသည့် စိတ်အခြေအနေကြောင့် မျက်နှာတစ်ပြင်လုံး နီရဲနေသည်။

အပိုင်း(၄၇၃)
ပြီး၏

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now