Ep 280+281+282

125 12 0
                                    

အပိုင်း ( ၂၈၀)

 
အယ်ဒီတာလင်းက ထျန်းနင်ကို အသုံးချပြီး ကျော်ကြားချင်ခဲ့သည်။ ထို့ကြောင့်လည်း ထျန်းနင်တို့ဓာတ်ပုံကို ဖွက်ထားခဲ့ပြီး တိကျသေချာသော သတင်းအချက်အလက်များ ရှာဖွေနိုင်မှ ဖွင့်ဟရန် ကြံရွယ်ခဲ့သည်။
 
 
သူ့ဝန်ထမ်းက ယုံကြည်မှုကို အလွဲသုံးစား လုပ်ဆောင်ပြီး ထျန်းနင်တို့ဓာတ်ပုံကို အွန်လိုင်းပေါ်အလောတကြီး တင်လိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးချေ။
 
 
ပုန်းလျှိုးကွယ်လျှိုးဖွင့်ထားသော ရုံးခန်းအတွင်းမှာ အယ်ဒီတာလင်းက ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေသော ဝန်ထမ်းကို မကျေမနပ် ကြည့်ရှုနေသည်။ သူ့ဒေါသစိတ် ငယ်ထိပ်ရောက်နေ၍ ဝန်ထမ်းကို အမှုန့်ချေပစ်ချင်သည်။
 
"မင်းလို သုံးစားမရတဲ့ကောင်ကို အလုပ်ခန့်မိတာ ငါ့ရဲ့ မဟာအမှားကြီးပဲ။ မင်းကို တစ်ခုတော့ သိအောင်ပြောလိုက်မယ်... မင်းက ငါနဲ့ မောင်နှမ တစ်ဝမ်းကွဲတော်နေလို့သာ မင်းကို ခွင့်လွှတ်ပေးထားတာ... မင်းကို သတ်ချင်စိတ်က အပြည့်ပဲ"
 
ထိုလူက တုန်တုန်ရီရီ ဖြင့် ခေါင်းမော့ကြည့်လာသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးမှ စုံစမ်းရေးအဖွဲ့က သူ့ကို နေရာအနှံ့ ရှာဖွေနေသည်။
 
 
"မင်း အထုပ်အပိုးတွေ မြန်မြန်သိမ်းစမ်း။ မင်း ဒီလို အချိန်ဆွဲနေပုံနဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းကို ရှာတွေ့သွားတော့မယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးလက်ထဲ ရောက်သွားတာနဲ့ မင်းရဲ့ အနာဂတ် ပျောက်ဆုံးသွားပြီသာ မှတ်လိုက်တော့။ ဒါကြောင့် ငါ့ဘေးနားက ခြေတစ်လှမ်းတောင် မရွေ့နဲ့"
 
 
 
သူ ထူပူနေပြီး အခြေအနေက လေးနက်မှန်း သူ ကောင်းကောင်းသိသည်။ သူ့တုန်ရီနေသော ခြေထောက်များကို အားယူ ထကာ သူပိုင်ဆိုင်သမျှ ပစ္စည်းများကို သိမ်းဆည်းရန် သူ့ရုံးခန်း ပြန်လာခဲ့သည်။ အယ်ဒီတာလင်းကလည်း သူ့ရုံးခန်းလေးကို အပြီးတိုင် စွန့်ပစ်ရန် ဆုံးဖြတ်ထားသည်။
 
 
 
အကယ်၍ မို့ထင်က သူတို့ကို ခြေရာခံမိသွားလျှင် မည်သို့မည်ပုံ အသက်ဆက် ရမည်နည်း။
 
 
ဖန်ယွီက ဟွားရုံစတူဒီယို သတင်းကို ဟိုးယခင်တုန်းက မကြားဖူးခဲ့ပေ။ သတင်းမီဒီယာကုမ္ပဏီများအကြား ကျော်ကြားမှု မရှိ၍ ထိပ်တန်းအဆင့်သတ်မှတ်ချက်တွင် မရပ်တည်နိုင်ပေ။ သို့တိုင် မို့ထင်က ဟွားရုံစတူဒီယို အကြောင်း တက်နိုင်သလောက် မြန်မြန်စုံစမ်းရန် ညွှန်ကြားထားသည်။
 
 
သေးနုပ်သောစတူဒီယိုလေးက ထျန်းနင်တို့ နမ်းနေသော ဓာတ်ပုံကို အမိအရ ရိုက်ကူးနိုင်လျှင် ထျန်းနင်နောက်ကို တကောက်ကောက် လိုက်နေခြင်း ဖြစ်လိမ့်မည်။
 
 
 
ထျန်းနင်၏ဓာတ်ပုံ ပြန့်သွားသည့်အချိန် ဟွားကျင်းကျင်းလည်း ဒုက္ခရောက်နေသည်။
 
 
 
ပြည်တွင်းအမျိုးသမီး အတွင်းခံ တံဆိပ် IYက သူတို့ နေလည်ခင်းရှိုးလ်ပွဲကို တက်ရောက်ပေးရန် ဟွားကျင်းကျင်းကို ဖိတ်ကြားထားသည်။
 
 
သူတို့သတ်မှတ်ထားသော စာချုပ်အရနောက်ဆုံးရှိုးလ်ပွဲမှာ ဟွားကျင်းကျင်းက အမျိုးသမီး အတွင်းခံ ဝတ်စုံတစ်စုံကို ဝတ်ဆင်ရမည်။ သို့သော်လည်း အစမ်းလေ့ကျင့်ပွဲမှာ ဟွားကျင်းကျင်းကို ဝတ်စုံသုံးစုံ လဲဝတ်ပေးရန် တောင်းဆိုသည့် အပြင် သူတို့လိုချင်သော ကိုယ်ဟန်အနေအထားဖြင့် ဓာတ်ပုံရိုက်ခိုင်းသည်။
 
 
ဟွားကျင်းကျင်းက သူတို့တောင်းဆိုမှုကို စာချုပ်စာတမ်းဖြင့် ပြန်ငြင်းဆိုသော်လည်း သူမကို မရမက တောင်းဆိုနေသည်။ သူတို့ကုမ္ပဏီက ဟွားကျင်းကျင်းကို စင်ပေါ်မှ အတင်းဆွဲချပြီး သူတို့စေခိုင်းသည့် အတိုင်း လုပ်ဆောင်ရန် ဖိအားပေးလာသည်။
 
 
ဟွားကျင်းကျင်း၏အဆင့်အတန်းဖြင့် ယခုလိုအပြုအမူမျိုးကို လက်ခံစရာ အကြောင်း မရှိပေ။ သို့သော်လည်း IY တံဆိပ်က မှောင်ခိုလူဆိုးဂိုဏ်းနှင့် အဆက်အသွယ် ရှိနေသည်။
 
 
သူတို့က ဟိုက်ဟွေ့ဖျော်ဖြေရေးနှင့် ထိပ်တိုက် ရင်ဆိုင်ရလည်း ဂရုစိုက်နေမည် မဟုတ်ချေ။
 
 
သိပ်မကြာလိုက် ဟွားကျင်းကျင်း စော်စော်ကားကား ပြောဆိုရပြန်သည်။ ဟွားကျင်းကျင်းလို မိန်းမပျက်က အလုပ်ကို တာဝန်မကျေပွန်ကြောင်း သတင်းထွက်လာပြန်သည်။
 
 
ဟွားကျင်းကျင်း ခြိမ်းခြောက်ခံနေရစဉ် ဟွားကျင်းကျင်း၏လက်ထောက်က ဖန်ယွီကို ဖုန်းဆက် အကြောင်းကြားသည်။ တခြားသူများ မရိပ်မိအောင် တိုးတိုးတိတ်တိတ် ဖုန်းဆက်ခြင်း ဖြစ်သည်။
 
 
ဖန်ယွီ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ထိုသတင်းကို သိသိချင်း မို့ထင်ကို လှမ်းအကြောင်းကြားသည်။
 
 
"ချွမ်ရဲ့ ပြန်ရောက်လာတည်းက ပြဿနာတစ်ခုပြီး တစ်ခု တိုးလာတယ်"
 
ဖန်ယွီက မှန်ရာကို ထောက်ပြသည်။
 
သူ သေသေချာချာ စုံစမ်းပြီးမှ ထိုစကားကို ပြောရခြင်း ဖြစ်သည်။ ချွမ်ရဲ့နှင့် IY သူဌေးတို့က နိုင်ငံခြားမှာ ကျောင်းအတူတူတက်ခဲ့ပြီး အချိန်အတော်ကြာအောင် ရင်းနှီးခဲ့ကြသည်။
 
ထို့ကြောင့် သူတို့ ဘုံရန်သူက ဟိုက်ဟွေ့ဖျော်ဖြေရေး မဟုတ်ဘဲ ဟွားကျင်းကျင်း ဖြစ်လာခဲ့သည်။
 
မို့ထင်က ဖန်သားပြတင်းပေါက် အရှေ့မှာ မတ်တတ်ရပ်နေပြီး အပြင်ဘက်ကို ငေးမောကြည့်ရှုနေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ဖုန်းကို ဆွဲထုတ်ကာ အဖေချွမ်ကို ဖုန်းခေါ်လိုက်သည်။
 
"လူအိုကြီးချွမ်"
 
"မို့ထင်၊ ဘာကိစ္စများ ရှိလို့လဲ"
 
 
မို့ထင်က နှစ်စက္ကန့်လောက် တွေးဝေနေပြီး ခပ်တိုးတိုးလေး ရယ်မောသည်။
 
"ချွမ်ရဲ့က ကျွန်တော် သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားပြီ။ ခင်ဗျားသားနဲ့ ထိုက်တန်တဲ့ တန်ကြေး ပြန်ပေးဆပ်စေရမယ်"
 
"ချွမ်ရဲ့ လုပ်ရပ်တွေက သူဌေးမို့ထင်ကို မပျော်ရွှင်စေလို့လား"
 
 
"ကျွန်တော်က ကျီစယ်နေတယ်လို့ တွေးနေသလား"
 
မို့ထင်၏ အသံက ရုတ်တရက် အေးစက်သွားပြီး ခိုက်ခိုက်တုန်စေသည်။
 
မို့ထင်၏လေသံကို နားစွင့်ကြည့်ရုံဖြင့် ပေါ့ပေါ့တန်တန် မတွေးသင့်မှန်း အဖေချွမ် သဘောပေါက်သည်။ ထို့ကြောင့် အဆုံးသတ်မှာ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
 
"ကျုပ်သားကို ထိန်းချုပ်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်"
 
 
လူငယ်မျိုးဆက်သစ်က သူ့ကို ခြိမ်းခြောက်စကား ပြောလာ၍ ဒေါသထွက်မိသည်။ သို့သော်လည်း သူ့မှာ ပြန်လည်ချေပနိုင်သော ခွန်အား မရှိ၍ ခေါင်းငုံ့သည်းခံရမည်။
 
 
 
"သူဌေး၊ ကြယ်ဘုရင်ဖျော်ဖြေရေးကို ဒီလိုခြိမ်းခြောက်တာ အသုံးဝင်ပါ့မလား"
 
 
 
"ငါ့မှာ သူတို့ကို ခြိမ်းခြောက်ချင်တဲ့ ရည်ရွယ်ချက် မရှိဘူး။ ငါ ဘာလုပ်တော့မယ် ဆိုတာကို အသိပေးရုံပဲ"
 
 
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က သူ့ရုံးခန်းစားပွဲခုံအနား ပြန်သွားသည်။
 
 
"ဒီနေ့ နေ့လည်.... ငါ နဲ့ ထျန်းနင် ပြင်သစ်ကို သွားမယ်။ ဒီဓာတ်ပုံ ပြဿနာကို ဖြေရှင်းလိုက်တော့"
 
 
 
"စိတ်မပူပါနဲ့။ ဓာတ်ပုံက အဲလောက်အထိ မပြန့်သေးပါဘူး။ နှစ်ရက်လောက်ပဲစောင့် ၊ တခြားသတင်းအသစ် ပေါ်လာတာနဲ့ အခုသတင်းက ပျောက်သွားလိမ့်မယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး တရားခံကို လိုက်ရှာပေးပါ့မယ်"
 
 
 
"ဒါနဲ့... ထျန်းနင်နဲ့ သူဌေးတို့ရဲ့ ဆက်ဆံရေးကို ကြေညာမယ် အစီအစဉ် မရှိဘူးမလား"
 
 
"လက်ထပ်တာ ခြောက်လပြည့်မှ ငါတို့လက်ထပ်ပွဲကို ကြေညာမယ်လို့ ထျန်းနင်ကို ကတိပေးထားတယ်။ ငါပေးထားတဲ့ ကတိကိုတည်ဖို့ အကောင်းဆုံး ကြိုးစားကြည့်ချင်သေးတယ်"
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က အရေးကြီးသော စာရွက်စာတမ်းများကို သိမ်းဆည်းကာ ကားသော့ကို ယူလိုက်သည်။
 
"တစ်ယောက်ယောက်က ငါ့ကို လှည့်ဖြားပြီး အပျော်ရှာချင်နေတော့ ငါကလည်း ရေလိုက်ငါးလိုက် ပျော်ပေးရတာပေါ့။ ငါတို့ ဆက်ဆံရေးကို အများသိသွားတော့ရော ဘာဖြစ်လဲ။ IYတံဆိပ်က သူတို့မှောင်ခို လူဆိုးဂိုဏ်းကို အသုံးချဖို့ စိတ်အားထက်သန်နေတော့လဲ ငါတို့က သူတို့နည်းအတိုင်း တန်ပြန် တိုက်ခိုက်ရတာပေါ့"
 
 
"နားလည်ပါပြီ"
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေးက ဟွားရုံစတူဒီယိုကို လိုက်လံရှာဖွေနေသော သတင်းက ဖျော်ဖြေရေးလောကတခွင် ပြန့်သွားသည်။
 
 
ဖန်ယွီက IYပြဿနာကို အရင်ဆုံး ဖြေရှင်းရန် ကြံရွယ်ခဲ့သော်လည်း ဟွားရုံစတူဒီယိုရုံးကို ရှာတွေ့ထားကြောင်း
 
သူ့လက်ထောက်က အကြောင်းကြားလာသည်။
 
ဖန်ယွီက ကားကို ချက်ချင်းပြန်လှည့်ပြီး ဟွားရုံစတူဒီယို ရုံးစိုက်သော အဆောက်အဦဘက် ဦးတည်ထွက်ခွာလာသည်။
 
 
သို့သော်လည်း သူရောက်ရောက်ချင်း ရုံးခန်းအလွတ်ကြီးက ဆီးကြိုနေပြီး အမှိုက်ပုံးထဲမှာ ဟွားရုံစတူဒီယို အမှတ်တံဆိပ်ကို တွေ့ရသည်။
 
 
"ငါတို့က သူတို့သူဌေးနဲ့ စကားပြောချင်တာလေ။ တရုတ်လျှို့ဝှက် ဒုစရိုက်ဂိုဏ်းလို ပြေးသွားစရာ လိုအပ်လို့လား။ ဘာအကြောင်းကြောင့် ထွက်ပြေးသွားကြတာလဲ"
 
ဖန်ယွီ၏လက်ထောက်က အထွန့်တက်သည်။
 
"အပြစ်ရှိတယ်လို့ ခံစားရရင် ထွက်ပြေးသွားကြတာပဲ"
 
 
ဖန်ယွီက လေသာဆောင်ပါ မကျန် လိုက်လံ စစ်ဆေးကာ တက်နိုင်သလောက် သက်သေရှာကြံသည်။
 
 
"သူတို့ တစ်ယောက်ယောက်နဲ့ လျှို့ဝှက်ကြံစည်ထားတာ ဖြစ်နိုင်သလို။ ထျန်းနင်နဲ့ ပတ်သက်တဲ့ တခြားသတင်းကို ဝှက်ထားလို့ပဲ ဖြစ်မယ်"
 
 
ဖန်ယွီ ရေချိုးခန်းဘက် ထွက်လာစဉ် ဟွားကျင်းကျင်း၏လက်ထောက်က ဖုန်းခေါ်လာသည်။
 
 
"မင်းတို့တွေ ဆက်စုံစမ်းပြီ။အရေးပါတဲ့ သက်သေတွေ သတင်းအချက်အလက်တွေ စုစည်းထားလိုက်တော့"
 
ထိုစကားကို ပြောဆိုပြီးနောက် ဟွားကျင်းကျင်းရှိနေသော နေရာသို့ အလောတကြီး ပြေးထွက်သွားသည်။
 
စင်အောက်မှာ ရပ်နေသော ဟွားကျင်းကျင်း၏မန်နေဂျာက ဒေါသမျက်ရည်များ ကျဆင်းနေပြီး သူမ၏လက်ထောက်က ဖန်ယွီကို အဆက်မပြတ် ဖုန်းခေါ်နေသည်။ ယခုလို ပူးပေါင်းတင်ဆက်ခြင်းက အရှက်မဲ့ပြီး ကြောက်စရာကောင်းလွန်းသည်။
 
 
"ကျင်းကျင်း"
 
 
သူတို့ အကြမ်းဖက်လာမည်ကို စိုးရိမ်မိ၍ ဟွားကျင်းကျင်းက ဒေါသကို ထိန်းချုပ်ကာ သူတို့အမိန့်ကို နာခံနေသည်။ ယခုလို အရှက်ခွဲမှုကြီးကို ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
 
 
"ဟွားကျင်းကျင်း မင်းသရုပ်ဆောင်တဲ့ ကိုယ်ဟန်အနေအထား မှားနေပြန်ပြီ။ နောက်တစ်ခေါက် ပြန်ရိုက်မယ်"
 
ရှိုးလ်ပွဲ ဒါရိုက်တာက ညွှန်ကြားနေသည်။
 
ဟွားကျင်းကျင်းက စင်ပေါ်မှာ ကြောင်တိကြောင်တောင် မတ်တတ်ရပ်နေသည်။ ထိုစဉ် ဖန်ယွီက သက်စောင့် ၇ယောက် ၈ယောက်ကို ဦးဆောင်ကာ အခန်းထဲ ဝင်ရောက်လာသည်။
 
 
***
အပိုင်း (၂၈၁)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now