Ep 382+383+384

110 10 0
                                    

အပိုင်း(၃၈၂)

ထျန်းနင် ခေါင်းခါသည်။ သူမက လူတော်တော်များများ နှင့် ရင်းနှီးသော်လည်း လက်တစ်ဆုပ်စာ လူနည်းစုသာ စိတ်ရင်းဖြင့် ခင်မင်ကြသည်။ ထိုလူအားလုံးက သူမဘေးနား ရှိနေသည်။ မည်သူက သူမကို မြင်တွေ့ချင်နေသနည်း။

လုံကျဲက သူမကို မျက်လုံးပိတ်ထားရန် လက်ဟန်အမူအရာ ပြသည်။

ထျန်နင်က ကလေးဆန်သော ကစားနည်းကို သဘောမကျသော် သူမ မခန့်မှန်းနိုင်သော တစ်စုံတစ်ယောက် ဖြစ်နေ၍ လုံကျဲ၏ စကားကို နာခံရန် ဆုံးဖြတ်ခဲ့သည်။

ခဏကြာပြီးနောက် သားရေဖိနပ်အသံ ကြားရသည်။

ထျန်းနင်က မျက်လုံး ဆက်ပိတ်ထားပြီး ပြုံးနေသည်။
"ကျီဟောင်"

လုံကျဲ တုန်လှုပ်သွားသည်။ ထျန်းနင်က မှန်ကန်အောင် ခန့်မှန်းနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးချေ။

ထျန်းနင် မျက်စိရှေ့ ရောက်လာသူက မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျီဟောင် ဖြစ်နေသည်။ လွန်ခဲ့သော လပိုင်းခန့်က နိုင်ငံရပ်ခြား အတွေ့အကြုံ ယူပြီးနောက် ပို၍ ရင့်ကျက်လာသည်။

"မင်းသမီး ဖြစ်လာမယ်လို့ တွေးတောင် မတွေးခဲ့မိဘူး"
အန်ကျီဟောင်က ထျန်းနင်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသည်။
"မင်းရဲ့ အစမ်းသရုပ်ဆောင်ထားတဲ့ ဗီဒီယို ကြည့်ပြီးပြီ။ မင်းက တခြားသရုပ်ဆောင်တွေထက် အများကြီး ပိုသာတယ်။ မင်းမှာ အားနည်းချက် နည်းနည်းပါးပါး ရှိပေမဲ မင်းရဲ ဉာဏ်ရည်နဲ့ အဲဒီအားနည်းချက်တွေကို ကျော်လွန်နိုင်မှာပါ"

"ငါ့ပေါ် ယုံကြည်မှုထားလို့ ကျေးဇူးပဲ"
ထျန်းနင်၏ စိတ်နှလုံးသားကို ပျော်ရွှင်မှုများ လွှမ်းမိုးနေသည်။

"လေ့ကျင့်ရေးကနေ ပြန်လာတာလား"

"ဟုတ်တယ်။ ဒါပေမဲ့ ငါ ပြန်ရောက်ရောက်ချင်း မင်းရဲ့ နာမည်ကျော် သတင်းတွေ တန်းကြားရတာပဲ"
အန်ကျီဟောင် ရယ်မောသည်။

သူတို့ ပထမဆုံး ဆုံဆည်းခဲ့စဉ်က အချိန်ကာလကို မှတ်မိနေပါသေးသည်။ ထိုစဉ်က အန်ကျီဟောင်သည် ယွမ်ရှင်း သေဆုံးခြင်းကြောင့် နောင်တကြီးစွာ ရနေခဲ့သည်။ ယခုတော့ သူ့ဘဝကို အသစ်တဖန် ပြန်လည် စတင်ခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now