အပိုင်း(၄၆၇)

142 19 0
                                    

အပိုင်း(၄၆၇)

"ထျန်းမိန်းကလေး။ ငါ နင့်ကို တောင်းပန်ပါတယ်"

ဆရာဝန်လင်း၏ သွေးပျက်နေသော မျက်နှာအမူအရာကို ကြည့်ပြီး ထျန်းနင် သနားစိတ် လုံးဝ မဝင်မိပေ။ ဆရာဝန်လင်း၏ အပြစ်ကို လက်ပူးလက်ကြပ် မမိခဲ့လျှင် သူ့ကိုယ်သူ မှားသည်ဟုပင် ယူဆမည်သူ မဟုတ်ပေ။ ထျန်းနင်ကို ထိခိုက်အောင် လုပ်ဆောင်ခဲ့သော ငွေများဖြင့် ပျော်ပါးနေလိမ့်မည်။

"ငါ့ကို တောင်းပန်နေဖို့ မလိုအပ်ဘူး။ နင်ကရော ငါ့ကို တောင်းပန်ဖို့ အခွင့်ပေးခဲ့လို့လား"

ထျန်းနင်၏နှုတ်မှ ယင်းစကားလုံး ထွက်သွားသည်နှင့် သူ့ကို ဆွဲထုတ်သွားရန် လုချယ်ကို မို့ထင်က အချက်ပြခဲ့သည်။

ဆရာဝန်လင်း၏ ကံကြမ္မာကို မြင်တွေ့ရသော မိန်းမငယ်လေး အရမ်း ထိတ်လန့်လာပြီး တုန်တုန်ရီရီ ဖြစ်လာခဲ့သည်။

"ငွေမျက်နှာပဲ ကြည့်ပြီး နင်တို့က လူနာနဲ့ လုံးဝ မအပ်စပ်တဲ့ ဆေးမှတ်တမ်းကို လိုလိုလားလား ပေးခဲ့တယ်မလား"
မို့ထင်က ထျန်းနင်ကို ဖက်ထားလျက် ထိုင်ခုံကို မှီထိုင်နေသည်။

"မဟုတ်ပါဘူး။ အဲ့လို မဟုတ်ပါဘူး"
အမျိုးသမီးက ထိတ်ထိတ်ပျာပျာ ရှင်းပြသည်။

"တောင်းပန်ပါတယ်။ နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး။ ဒါ ပထမဆုံး အမှားလုပ်ဖူးတာပါ"

ပထမဆုံး အကြိမ် အမှားလုပ်ခဲ့သည်ဟု  ထျန်းနင်ကြားကြားချင်း လှောင်ရယ်မိသည်။
"နင့်ပထမဆုံး အမှားက ငါ့ကို ကိုယ်ဝန်ပျက်သွားအောင်၊ ကိုယ်ဝန် ထပ်ဆောင်းလို့ မရအောင် ဒုက္ခပေးနိုင်တယ်"

"ဒီလိုသာ တကယ်ဖြစ်သွားရင် ငါ့ကလေးအတွက် နင် ဘာပြန်လုပ်ပေးမှာလဲ"

အမျိုးသမီးက ထျန်းနင်ကို အမှန်တကယ် ကြောက်လန့်နေသည်။

သူမ၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်နှက်နေပြီး စကားတစ်ခွန်းမျှ ဆက်မပြောရဲပေ။

"ငါက ပြဿနာ မရှာချင်ပါဘူး။ ဒါပေမဲ့ နင်သာ ငါ့ကို အနိုင်ကျင့်ခဲ့ရင် ငါက ဘယ်သူ့ကို အပြစ်တင်ရမလဲ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now