အပိုင်း(၅၁၅)

62 8 0
                                    

အပိုင်း(၅၁၅)

"ကုမ္ပဏီကို ဘိုးဘိုး အုပ်ချုပ်တုန်းက ထျန်းအုပ်စုက တည်ငြိမ်ခဲ့တယ်။ ဘိုးဘိုးရဲ့ အရိပ်အောက်မှာ နေခွင့်ရခဲ့လို့ နင်လည်း အာဏာအပြည့်နဲ့ အုပ်ချုပ်ခွင့် ရတာလေ။ ဒါပေမဲ့ နင်က ကုမ္ပဏီအတွက် နင့်ကိုယ်နင် မြှုပ်နှံထားတယ်လို့ နင် ပြောတယ်နော်။ နင်က ကုမ္ပဏီအတွက် ဘာများ ကောင်းကျိုးပြုခဲ့ဖူးလဲ။ သာဓက တစ်ခုလောက် ပြောပြပေးပါလား"

"နှိုင်းယှဉ်ပြောရရင် ထျန်းအုပ်စုကို နင် အုပ်ချုပ်တုန်းက ရှယ်ရာတွေ ဆက်တိုက် ကျဆင်းခဲ့ပြီး ငါတို့တမိသားစု အတင်းအဖျင်း ပြောခံရတယ်။ ငါ့အမေ ရှားယွီလင်းကပဲ ကုမ္ပဏီကို လမ်းကြောင်းမှန် ပြန်တင်ပေးခဲ့တာလေ"

"အလုပ်ကြိုးစားရုံနဲ့ အလုပ်ကောင်းကောင်း လုပ်တဲ့ သဘော မဟုတ်ဘူးလေ။ အန်တီက ကုမ္ပဏီ အရှုပ်အရှင်းတွေကို ဖြေရှင်းပေးခဲ့ရုံနဲ့ သူ့ကို စီအီအို ရာထူး ခန့်စရာလား"

"အရိုးရှင်းဆုံး ပြောရရင် နင်က မျှော်လင့်ချက် မရှိတဲ့သူပဲ"
ထျန်းနင်က ထျန်းရွှမ်၏ အားနည်းချက်များကို တစ်ချက်ချင်း ထောက်ပြသည်။

"ငါက စီမံ့ခန့်ခွဲရေး ပညာကို မသင်ယူဖူးဘူး။ ငါက မော်ဒယ်လောက လာလို့ ဒီနယ်ပယ်ရဲ့ အပြင်လူလို့တောင် သတ်မှတ်လို့ရတယ်။ ဘိုးဘိုးက ငါ့လို အပြင်လူ အပေါ်တောင် မျှော်လင့်ချက် ထားတယ် ဆိုတော့ နင့်ကို ဘယ်လောက်တောင် စိတ်ပျက်ခဲ့လဲ နင် တွေးကြည့်ပေါ့။ နင့်ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုက သူ့ယုံကြည်ချက်ကို ပိုင်ဆိုင်ရဖို့ မလုံလောက်လို့ပဲ"

ဧည့်သည်တော်များက ထျန်းရွှမ် ကိုယ်စား အရှက်ရမိသည်။

ထျန်းနင်က သူမကိုယ်သူမ လုပ်ငန်းကျွမ်ကျင်မှု မရှိသည့် အပြင်လူဟု သတ်မှတ်လျှင် ဤလောကကြီးထဲ အမှန်တကယ် လုပ်ငန်းကျွမ်းကျင်သူ ရှိနိုင်မည်နည်း။

"ဒါကိုရော နင် ဘယ်လို ခံငြင်းချင်လဲ"

ထျန်းရွှမ်က အရှုံးကို ဝန်ခံချင်သည့် ဆန္ဒ မရှိသေးသော်လည်း သူမ တန်ပြန်ပြောနိုင်သော စကား မရှိသေးပေ။ သူမ၏ မှတ်ဉာဏ်ထဲ အသေးစိတ် ပြန်စဉ်းစားသော်လည်း သူမ ကောင်းကျိုးပြုခဲ့သော အလုပ်တစ်ခု တလေမျှပင် စဉ်းစား မရပေ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now