Ep 223+224+225

177 11 0
                                    

အပိုင်း(၂၂၃)
ရှင်သာ ဘေးမှာ ရှိနေရင် နေမကောင်း ဖြစ်မှာလည်း မကြောက်ဘူး

Excalibur Qရဲ့ကြော်ငြာကို အရယူနိုင်လိုက်၍ ထျန်းနင် တကယ့်ကို ပျော်ရွှင်ရပါသည်။ Stensonကို သူမပြောခဲ့သည့် စကားလုံးတိုင်းက အနိုင်ရချင်ရုံ သက်သက် ပြောခဲ့သည့်စကားများ မဟုတ်။ သူမက Excalibur Q၏ အောင်မြင်လာသည့် လမ်းကြောင်းကို သဘောကျမိ၍ ကိုယ်စားပြုမော်ဒယ် ဖြစ်ချင်ခဲ့သည်။

ထျန်းနင်က ဖုန်းထုတ်လိုက်ပြီး မို့ထင်ကို ဖုန်းလှမ်းခေါ်ရန် ကြိုးစားမိသည်။ သို့သော်လည်း အီတလီနှင့် ပေကျင်းက အချိန်ကွာခြားချက် ၇နာရီရှိမှန်း သတိရသွားသည်။ ယခုလို အချိန်မျိုးတွင် မို့ထင် အနားယူနေလိမ့်မည်ဟု ယူဆခဲ့မိသည်။

ခဏမျှ တွေဝေပြီးနောက် မို့ထင်ကို စာတိုပို့ရန် ဆုံးဖြတ်လိုက်သည်။
"ကြော်ငြာကို အရယူနိုင်ခဲ့ပြီ"

ထျန်းနင်က မို့ထင် စာပြန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ မို့ထင်က သူမကို ချက်ချင်း ဖုန်းဆက်လာသည်။

ထျန်းနင် ပျော်ရွှင်ကြည်နူးမိသည်။ သို့တိုင် သူမ၏နှုတ်မှ ဖွင့်ဟလာသည့် စကားလုံးတိုင်းက တစိုးတစိမှ မပျော်ရွှင်ရပေ။
"ချစ်လေး အနားမှာ မရှိတာနဲ့ ညနက်တဲ့အထိ မနားမနေ အလုပ်လုပ်နေပြီလား"

"မဟုတ်ရပါဘူး ချစ်ဇနီးလေးရယ်။ ချစ်လေး အောင်မြင်မယ်မှန်းသိနေလို့ ဖုန်းခေါ်မယ် အချိန်ကို မအိပ်ဘဲ မျှော်နေတာပါ"
မို့ထင်က အိပ်ရာပေါ်မှာ ထိုင်လိုက်ပြီး ခုတင် ကို မှီထားလိုက်သည်။

"ထင် အလုပ် မလုပ်တာ သေချာရဲ့လား"

မို့ထင်က ရှင်းပြမရသည့် အဆုံး ရုပ်မြင်ရသည့် ဗီဒီယိုကောလ် (Video Call) ခေါ်လိုက်သည်။

"ချစ်လေး အခု ယုံပြီလား။ စိတ်အေးပြီမလား"

"ထင်... ဒီကြောငြာကို ပိုင်ဆိုင်ခွင့်ရလို့ ချစ်လေး အရမ်းပျော်တယ်"

"ကိုယ့်အချစ်လေး ပျော်နေမယ်မှန်း ကိုယ်သိတာပေါ့"

မို့ထင်က ထျန်းနင်၏ခံစားချက်ကို မပြောလည်း သိနိုင်စွမ်းရှိသည်။ ထျန်းနင်က Excalibur Q တံဆိပ်ကို စိတ်ဝင်စားမှန်း ကြိုသိနေ၍ ပထမဦးစားပေး အနေဖြင့် ထျန်းနင်ကို အခွင့်အရေး ပေးခဲ့ခြင်းဖြစ်သည်။ သူ့ချစ်ဇနီးလေး စိတ်မပျော်ပိုက်မည်ကို စိုးရိမ်မိ၍ သူကိုယ်တိုင် Stensonကို ဖုန်းခေါ်ပြီး အကြံပေးခဲ့ခြင်း ဖြစ်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now