အပိုင်း(၄၄၀)

75 8 0
                                    

အပိုင်း(၄၄၀)

ဂူရှန်က သတိဝိရိယ မထား၍ သူတို့ဆက်ဆံရေးကို ဖော်ထုတ်ခံရမည့် အခွင့်အရေး ပေးမိခြင်း မဟုတ်ပေ။ ပိုင်ချန်သုန်က အသံတု ဖန်တီးခြင်း ထူးချွန်လွန်း၍ ထောက်ချောက်ထဲ သက်ဆင်းသွားခြင်း ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းခန့်က ပိုင်ချိုးရှန့် ပြောသွားခဲ့သည့် စကားများက အမှန်အကန်လား လိမ်လည်နေခြင်းလား သူမ သေချာ မသိခဲ့ပေ။ သူ ပြောသွားသည့်စကားက
"ဒီရက်ပိုင်းအတွင်း ပြဿနာအားလုံး ဖြေရှင်းလို့ ပြီးသွားမယ်။ အချိန်တန်ရင် မင်းက ဇာတ်ဆောင်မင်းသမီး ဖြစ်သွားမယ်"

တကယ်တမ်း ဂူရှန်က ဇာတ်ဆောင်မင်းသမီး နေရာကို စွန့်လွှတ်ခဲ့သည်မှာ ကြာပါပြီ။ ယခုအချိန်မှာ သူမ အစိုးရိမ်ဆုံးက ပိုင်ချိုးရှန့်၏ပြစ်မှုများ ပေါ်သွားမည်ကို စိုးထိတ်မိသည်။

သို့သော်လည်း ပိုင်ချိုးရှန့်က သူမကို တိုင်ပင်ခြင်း မရှိခဲ့ပေ။ သူတို့ ဆက်ဆံရေး မပေါက်ကြားသွားအောင် ထိန်းသိမ်းရန် နှင့် စောင့်ဆိုင်းနေရန်သာ မှာကြားခဲ့သည်။ သူမ၏ တုံးအမှုကြောင့်လည်း ပိုင်ချန်သုန့်၏ ထောက်ချောက်ထဲ ရောက်သွားခြင်း ဖြစ်သည်။

သန်းခေါင်ယံအချိန်

ဂူရှန်က သူ့လက်ထောက် မပါဘဲ တစ်ယောက်တည်း အိမ်အပြင် ထွက်လာခဲ့သည်။ ပိုင်ချိုးရှန့် နှင့် ဆုံနေကျ နေရာသို့ သူမ တစ်ကိုယ်တည်း ထွက်လာခဲ့သည်။ သူမတို့ ဆုံနေကျ မြေအောက် ကော်ဖီဆိုင် ဖြစ်သည်။

သို့သော်လည်း သူမ ရောက်နေလာပြီး ပိုင်ချိုးရှန့် ရှိမနေကြောင်း သဘောပေါက်သွားသည်။ ထို့နောက် သူမကို ပိုင်ချန်သုန်က ဖုန်းဆက်လာသည်။

"ငါ့မန်နေဂျာ သိသွားလို့ ဒီညတော့ ထွက်လာလို့ မရတော့ဘူး။ အိမ်ကို အရင်ပြန်တော့ နောက်တစ်ခေါက်မှ တွေ့ကြမယ်"

ဂူရှန်က သူမ ကြားနေရသည့် အသံကို သံသယ မဝင်မိပေ။  ထို့ကြောင့်လည်း သူမ နောင်ယောင်ခံ လိုက်ခံရသည့် အဖြစ်မှန်ကို မသိဘဲ အိမ်ပြန်လာခဲ့သည်။

မို့ထင် လွှတ်ခဲ့သည့်သူများက ယုံကြည်ထိုက်သူများ ဖြစ်သည်။ ထို့ကြောင့် အချိန်သိပ်မယူလိုက်ရပဲ ဂူရှန် နှင့် ပိုင်ချိုးရှန့်တို့ မကြာခဏ သွားလေ့ရှိသည့် ဟိုတယ် အနီးနားတွင် ရှိသောကော်ဖီဆိုင်မှ အချက်အလက်များကို ရခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now