အပိုင်း(၄၉၀)

119 15 0
                                    

အပိုင်း(၄၉၀)

လောရှင်က အဆိုတော်အနေဖြင့် မွေးဖွားလာပြီး ဟိုက်ဟွေ့ဖျော်ဖြေရေးက စူပါစတား ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့သော်လည်း သူ့ဘဝ အစစ်အမှန်ကို မည်သူမျှ မသိခဲ့ပေ။ လော့ရှင်းက ထျန်းအုပ်စု၏ စတုတ္ထမြောက်သခင်လေး ဖြစ်သည့်အပြင် ထျန်းနင်၏မောင်လေးလည်း ဖြစ်သည်။

အခုတော့ တခြားသူ၏အချစ်ရေးကို ကြားဝင်နှောင့်ယှက်သော လူမုန်းများသည့် တတိလူအဖြစ် နာမည်ကျော်ခဲ့၍ သူ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသော ဂုဏ်သိက္ခာ   က အပြီးတိုင် ပျက်စီးသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူက ထျန်းနင် မဟုတ်နေ၍ အတင်းအဖျင်း သတင်းတစ်ပုဒ်က သူ့ကို ဘာမှ မပိုင်ဆိုင်ဖူးသော အနေအထားသို့ ရောက်သွားစေသည်။

အနုပညာရှင်များ၏ နားနေခန်းအတွင်းမှာ ထျန်းကျင်းရွှမ်က တစ်နေ့တာ၏ အကျော်ကြားဆုံး သတင်းကို မြင်ပြီး လှောင်ရယ်သည်။ ထိုစဉ် သူ့အနောက်မှာ ရှိနေသော စုန့်ယန်ရှုက စကားမပြောခင် ခဏမျှ နှုတ်ဆိတ်နေသည်။
"အခြေအနေ ပုံမှန်ဖြစ်ဖို့ ဟိုက်ဟွေ့ဖျော်ဖြေရေးက အကောင်းဆုံး ကြိုးစားနေလို့ အဆင်ပြေသွားမှာပါ"
"ငါ့ကို သိက္ခာချမှာလည်း မစိုးရိမ်ဘူး။ ငါက..."

"ရှင်က နာကျင်ရုံပဲမလား ။ ဒီအခြေမနေက တရားမျှတမှု မရှိဘူးလို့လည်း ခံစားရတယ်မလား"
စုန့်ယန်ရှုက သူ ပြောမည့်စကားကို တည်ငြိမ်စွာ အဆုံးသတ်ပေးသည်။

"လောရှင်က ပြဿနာကို ရှင်းဖို့ လိုအပ်တယ်။ ရှင်က ဟိုက်ဟွေ့ဖျေယ်ဖြေရေးရဲ့ စူပါစတား ဖြစ်သလို ထျန်းမိသားစုရဲ့ စတုတ္ထမြောက် သခင်လေးလည်း ဖြစ်တယ်။ ရှင် ဘယ်သူပဲ ဖြစ်နေပါစေ ရှင့်ဖြူစင်မှုကို လူတိုင်းသိအောင် သက်သေပြရမယ်"

ထျန်းကျင်းရွှမ်က ခဏမျှ နှုတ်ဆိတ်နေပြီးမှ ကျေးဇူးတင်စကား ပြောသည်။

"ရှင် ကျွန်မကို တကယ်ကျေးဇူးတင်ချင်ရင် ရှင့်အစ်မလို စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ ဖြစ်ပါစေ"
စုန့်ယန်ရှုက ရှားရှားပါးပါး ပြုံးလိုက်သည်။

"အရိုးသားဆုံး ပြောရရင်  ရှင်နဲ့ အစ်မထျန်းနင်က ကံကြမ္မာတူတယ်။ နှစ်ယောက်စလုံးက ဖျော်ဖြေရေးလောကကြီးကို မပိုင်ဘူး။ ဒါပေမဲ့ အစ်မထျန်းနင်က ဖျော်ဖြေရေးလောကရဲ့ ရှင်သန်ခြင်း စည်းမျဉ်းကို ပြောင်းလဲနိုင်စွမ်း ရှိတယ်။ ရှင်ကရော..."

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now