Ep 304+305+306

110 9 0
                                    

အပိုင်း (၃၀၄)

 
သူမက တခြားသူထက် မို့ထင်၏ စိတ်သဘောထားကို ပိုနားလည်သူ ဖြစ်သည်။
 
 
"နင် ဒေါသမထွက်ဘူးလား"
 
 
"ငါက ဘာအကြောင်းကြောင့် ဒေါသထွက်ရမလဲ"
 
ထျန်းနင် ခွန်းတုံ့ပြန်လိုက်သည်။
"ဒီဖျော်ဖြေရေးလောကထဲမှာ နင့်ထက် အပြောဆိုးတဲ့သူမှ အများကြီး ရှိတယ်၊ ငါက ဘာအကြောင်းကြောင့် ဂရုစိုက်နေရမလဲ"
 
"ဒီလိုဆိုရင်တော့ နင့်အဆင့်နင် နားလည်သင့်တယ်နော်၊ မို့ထင်က သူ့
 
စိတ်ခဏတာ ပျော်ပါးဖို့ နင့်လိုမိန်းမကို ရွေးချယ်ခဲ့တာပဲ၊ ဒါကို နင်က ဘဝင်မြင့်ချင်တာလား"
 
ယခုလို စကားမျိုးက ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။  ကျန်းယွမ်က ဘေးနားမှာ စောင့်ကြည့်နေသော်လည်း ထျန်းနင် ကိုယ်စား ဇောချွေးပြန်နေသည်။
 
 
မို့ထင်က ထျန်းနင်နှင့် ဆက်ဆံရေးကို ဖော်ထုတ်ခဲ့သော်လည်း ချီရှင်းယန် ထောက်ပြမှုက မှန်ကန်နေသည်။ ဤလောကကြီးထဲမှာ မို့ထင်က သူ့အချစ်ရေးကို ဖွင့်ဟခဲ့ခြင်းသာ ဖြစ်၍ ထျန်းနင်အတွက် အများကြီး အကျိုးမများစေပါ။ မို့ထင်နှင့် ထျန်းနင်က အချိန်မရွေး လမ်းခွဲသွားနိုင်သည်။
 
 
ထို့အပြင် မို့ထင်က ဖျော်ဖြေရေးလောက၏ ဧကရာဇ် တစ်ပါးဖြစ်ပြီး အဆင့်အတန်းမြင့်မြင့် သိုသိုဝှက်ဝှက် နေထိုင်တတ်သည်။ တခြားသူအားလုံးထက် အဆင့်တန်းမြင့်သူ ဖြစ်နေ၍ ထျန်းနင်ကဲ့သို့ မော်ဒယ်မလေးကို စကားတစ်ခွန်း နှစ်ခွန်း ပြောလိုက်ရုံဖြင့် ဖျော်ဖြေရေး လောကထဲမှ ပထုတ်ပစ်နိုင်သည်။
 
 
ဤအချက်က အလွန်ရိုးရှင်းပါသည်။
 
 
အရိုးသားဆုံး ဝန်ခံရလျှင် အများအမြင်မှာ သရုပ်ဆောင် မင်းသား၊ မင်းသမီးများက ဖျော်ဖြေသူများ သက်သက်သာ ဖြစ်သည်။ မော်ဒယ်များကိုတော့ ခန္ဓာကိုယ် ရောင်းစားတတ်သည့် မိန်းမပျက်ဟု သမုတ်လေ့ ရှိသည်။
 
 
ထျန်းနင်က စကားတစ်ခွန်းမျှ မပြော၍ ချီရှင်းယန်က လက်ပိုက်ဟန် အနေအထားဖြင့်
 
"အဲဒီနေ့တုန်းက အရေးတကြီး အလုပ်ကိစ္စ ပေါ်လာလို့ နည်းနည်း နောက်ကျသွားတာပါ၊ ဒါက ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး၊ ငါကို ရူးမတတ် လက်ထပ်ချင်နေတဲ့သူမှ အများကြီးပဲ၊ ဒါပေမဲ့ မို့သူဌေးတစ်ယောက်တည်း အမြင်မရှိဘူး၊ ငါက နင်တို့လို ခန္ဓာကိုယ် ရောင်းစားတတ်တဲ့ မော်ဒယ်တွေကို မယှဉ်နိုင်စရာလား"
ထျန်းနင်က တစ်ချိန်လုံး ပြုံးနေပြီး ချီရှင်းယန်၏စကားကို အလေးအနက် မထားခဲ့ပေ။ သို့သော်လည်း သူတို့နှင့် တစားပွဲတည်း ထိုင်နေသော တခြားအနုပညာရှင်များ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ကြည့်လိုက်စဉ် ကျင်းယွမ် ခပ်တိုးတိုးလေး ရယ်မောသည်။
 
ချီရှင်းယန်၏ အပြောအဆိုက ထျန်းနင် တစ်ယောက်တည်းကို ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။
 
 
သူတို့က ခန္ဓာကိုယ်ကို ရောင်းစားသည်လော။
 
 
တခြားအနုပညာရှင်များက ချီရှင်းယန်ကို လှောင်ရယ်နေသည်။ တစ်စုံတစ်ယောက်က ဝိုင်ဖန်ခွက်ကို မတော်တဆ လွတ်ကျချင်ယောင်ဆောင်ပြီး ချီရှင်းယန်၏ဝတ်စုံကို ဝိုင်လောင်းချပစ်သည်။
 
 
"အားနာလိုက်တာ ချီမိန်းကလေးရယ်။ ကျွန်မ ပြန်သုတ်ပေးပါရစေ"
 
 
သူ့ခန္ဓာကိုယ်ကို လာမထိအောင် ချီရှင်းယန်က ထိုင်ခုံပေါ်မှ ထလိုက်ပြီး သန့်စင်ခန်းရှိရာသို့ ချက်ချင်း ထွက်သွားသည်။
 
 
ချီရှင်းယန် ထွက်ခွာသွားမှ အမျိုးသမီးအနုပညာရှင်များက လက်ပိုက်ဟန် အနေအထားဖြင့် အထာကျကျ အတင်းတုပ်သည်။
 
"တခြားသူအားလုံးထက် ပိုတော်သလို ပိုမြင့်မြတ်နေသလို ဟန်လုပ်တတ်တဲ့ မိန်းမတွေဆိုရင်လေ ရွံလွန်းလို့ သူတို့ပါးကို ဖြတ်ရိုက်ပစ်ချင်စိတ် ပေါက်တယ်"
 
"ထျန်းနင်၊ နင့်မလို အဲလိုမိန်းမမျိုး သည်းခံရတယ်လို့"
 
 
ထျန်းနင်က သူမ၏ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ဝမ်းတွင်းမဲ အကျင့်စရိုက်ကို မဖုံးကွယ်နိုင်သော မိန်းမသားများကို ဂုဏ်ပြုသည်။
 
 
တခြားသူကို လက်စားချေရန် ကိုယ်တိုင်ကိုယ်ကျ အားထုတ်စရာပင် မလိုအပ်ချေ။ တလောကလုံးနှင့် တစ်ယောက်ဖြစ်အောင် ရန်တိုက်ပေးလိုက်ရုံဖြင့် သူမ၏ရင်ထဲမှ အမုန်းတရားများ ပြေပျောက်သွားလိမ့်မည်။
 
 
ကျင်းယွမ်က ခေါင်းလေးကို ငုံ့ထားပြီး ခပ်တိုးတိုးလေး ရယ်မောသည်။ ထျန်းနင်၏ပြဿနာဖြေရှင်းသည့် နည်းလမ်းက သူ့ကို အမြင်ကျယ်စေသည်။
 
 
"ဒီလောကကြီးထဲမှာ မိန်းမတွေ အများကြီး ရှိရက်နဲ့ မို့ထင်က နင့်ကို ဘာကြောင့် ရွေးချယ်ခဲ့လဲဆိုတာ အခုတော့ နားလည်သွားပြီ။ နင်တစ်ယောက်တည်း မို့ထင်ဘေးနားမှာ နေဖို့ ထိုက်တန်တယ်"
 
 
ထျန်းနင်က ကျင်းယွမ်ကို လှည့်ကြည့်ကာ ခနဲ့လိုက်သည်။
 
"ငါ နဲ့ မို့ထင်ကြားက ဆက်ဆံရေးကို နင့်အမြင်နဲ့ မဆုံးဖြတ်စမ်းပါနဲ့"
 
"ထျန်းနင်၊ ဘာပဲပြောပြော နင်ရော ငါရောက ဒီဖျော်ဖြေရေးလောကသားပဲလေ။ ဒီလောကကြီးထဲမှာ ဘယ်သူကရော ဖြူစင်လို့လဲ"
 
 
"ချီရှင်းယန်ကို ရင်ဆိုင်လိုက်တဲ့ နည်းလမ်းကြောင့် ငါ့ကို လူကောင်းလို့တော့ မသတ်မှတ်လိုက်နဲ့၊  ငါ လက်ကိုင်ထားတဲ့ ဆောင်းပုဒ်က ရှင်းရှင်းလေးပဲ ငါ့ကို အရင်ဆုံး လာမတိုက်ခိုက်တဲ့သူကို ငါလည်း မတိုက်ခိုက်ဘူး"
 
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က သူမနှင့် စားပွဲအတူတူ ထိုင်သော မိန်းကလေးများနှင့် စကားဆက် မပြောတော့ပေ။ သူမနှင့် စိတ်ဓာတ်မတူညီသောသူများနှင့် အချိန်မဖြုန်းတီးချင်ပေ။
 
 
ချီရှင်းယန်က ယခုထိတိုင် သူမ ထိုင်သော ထိုင်ခုံကို ပြန်မလာခဲ့ပေ။ ဗီအိုင်ပီစားပွဲမှာ သွားထိုင်နေကြောင်း နောက်ပိုင်းမှ သိခဲ့ရသည်။
 
 
ပွဲအခမ်းအနားက နာရီပိုင်းခန့် ကြာမြင့်လိမ့်မည်။ အချိန်က သိပ်မတိုတောင်း သကဲ့သို့ အရမ်းလည်း မကြာပေ။ နောက်ဆုံးတော့ ည၁၁နာရီအချိန်ကို ရောက်လာခဲ့သည်။ ထိုစဉ် မို့ထင် ဖုန်းခေါ်လာသည်။
 
"ကိုယ် ရောက်နေပြီ"
 
ထျန်းနင်က ဧည့်သည်တော်များနှင့် အတူတူ ထွက်ခွာရန် မတ်တတ်ထရပ်သည်။ ဝင်ပေါက်သို့ ရောက်သည်နှင့် အများ၏စိတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိသောမို့ထင်၏ကား အရှေ့မှာ ရပ်ထားသည့် မြင်ကွင်းကို တွေ့ရသည်။ လူအများစု၏ စိတ်အာရုံကို ဖမ်းစားလိုက်နိုင်၍ ကားကို ဝိုင်းအုံကြည့်ကြသည်။
 
 
သို့သော်လည်း ထျန်းနင်က မို့ထင်အနား သွားနေစဉ် ချီရှင်းယန်က အဓိကတံခါးပေါက်မှ ထွက်လာပြီး မို့ထင်အနား တန်းလမ်းလျှောက်သွားသည်။
 
 
ထျန်းနင် ကားပေါ် မတက်မီ ချီရှင်းယန်က မို့ထင်နှင့်လက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်းပေးသည်။
 
"ဟိုင်း၊ မို့သူဌေး"
 
မို့ထင်က ထျန်းနင်အတွက် ကားတံခါးကို ဖွင့်ပေးနေသည်။ သူက ချီရှင်းယန် ကမ်းပေးသောလက်ကို ငုံ့ကြည့်လိုက်သော်လည်း ချက်ချင်း လက်ဆွဲ မနှုတ်ဆက်ပေ။
 
 
ထို့အစား သူ့မျက်ဝန်းများက ထျန်းနင်ကို တည်ငြိမ်စွာ အကဲခတ်နေစဉ် ထျန်းနင် စကားပြောလာသည်။
 
"သူနဲ့လက်ဆွဲ မနှုတ်ဆက်တာ အကောင်းဆုံးပဲ၊ သူ့လက်ကို ကိုင်မိရင် လက်သွားဆေးနေဦးမယ်"
 
ထျန်းနင်၏စကားလုံးများထဲမှ ဖုံးကွယ်ထားသော ဆိုလိုရင်းကို မို့ထင် ချက်ချင်း ရိပ်မိသည်။ သို့သော်လည်း သူက ချီရှင်းယန်ကို လက်ဆွဲနှုတ်ဆက်လိုက်သေးသည်။ နောက်မှသာ သူ့အိတ်ကပ်ထဲမှ အဖြူရောင်လက်အိတ် တစ်စုံကို ဆွဲထုတ်ကာ လက်သုတ်လိုက်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်သည်။
 
 
ဤမြင်ကွင်းကြောင့် ချီရှင်းယန်၏မျက်နှာ မရွှင်မလန်း ဖြစ်သွားသည်။
 
 
သို့တိုင် ချီရှင်းယန်က သူ့ဒေါသစိတ်ကို ထိန်းချုပ်လိုက်ပြီး ထျန်းနင်ကို နောက်တစ်ကြိမ် ရန်ရှာပစ်ရန် ကြိုးစားသည်။
 
"ဩဂုတ်လ ၁၉ရက်နေ့တုန်းက နောက်ကျသွားမိလို့ တောင်းပန်ပါတယ်။ တမင်ရည်ရွယ်ပြီး အမှားလုပ်ခဲ့တာ မဟုတ်ပါဘူး"
 
"ဪ ဒါလား၊ မင်း ၁၀မိနစ် နောက်ကျသွားလို့ တခြားတစ်ယောက်ကို ရွေးချယ်လိုက်ပြီလေ၊ ချီမိန်းကလေးက တကယ်ရော ရောက်လာခဲ့လို့လား"
 
 
တခြားနည်းအားဖြင့် ပြောလျှင် သူက ချီရှင်းယန်ကို ဘဝင်မမြင့်ရန် သတိပေးလိုက်ခြင်း ဖြစ်၏။
 
"ကျွန်တော် အားနာလိုက်တာ၊ ကျွန်တော့်လက်ထောက်နဲ့ မင်းကို တောင်းပန်စကား ပါးခဲ့သင့်ပါတယ်။ ငါက မင်းကို ကြုံရာကျပန်း ရွေးလိုက်ပေမဲ့လည်း မင်း မစောင့်နေရအောင် အသိတော့ ပေးသင့်ပါရဲ့"
 
ယခုမှ ချီရှင်းယန်၏မျက်နှာက ခရမ်းချဉ်သီးကဲ့သို့ နီရဲနေသည်။
 
 
"နောက်တစ်ခေါက်ဆိုရင်တော့ ချီမိန်းကလေး အခြေအနေ အချိန်အခါကို နားလည်သင့်သလို၊ အချိန်လေးစားမယ်လို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်က ငါတို့တွေ ပထမဆုံး အကြိမ် တွေ့ဆုံတာပဲ"
 
 
ထိုစကားကိုပြောပြီးနောက် မို့ထင်က ထျန်းနင်ကို ကားပေါ်တက်ရန် လက်ဟန်အမူအရာ ပြလိုက်ပြီး ကားတံခါးကို ပိတ်လိုက်သည်။
 
 
ချီရှင်းယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မကျေမနပ် ကျန်ရစ်ခဲ့သည်။
 
 
ထျန်းနင်ကို စော်ကားသိက္ခာချရန် ကြံရွယ်ခဲ့သော အပြုအမူက မို့ထင်၏လှောင်ပြောင်ခြင်းကို ခံရခြင်းအပြုအမူဘက်သို့ ကူးပြောင်းသွားလိမ့်မည်ဟု ဘယ်သော်အခါမျှ မမျှော်လင့်ခဲ့ပေ။
 
 
ပွဲကြည့်ပရိသတ်များက မို့ထင်၏ချစ်ဇနီးလေးကို ချစ်မြတ်နိုးသော အရည်အချင်းကို မျက်မြင်တွေ့ခွင့် ရခဲ့သည်။
 
 
"အဲဒီချီရှင်းယန်က မုန်းစရာကောင်းလိုက်တာနော်။ သရုပ်ဆောင်တွေ မော်ဒယ်တွေ အကြောင်း ဘာတွေပြောခဲ့မယ်လို့ ထင်လဲ။ သူတို့တွေက ခန္ဓာကိုယ်ကို ရောင်းစားနေတဲ့ မိန်းမပျက်တွေတဲ့"
 
 
"ပြောတတ်လိုက်တဲ့ ပါးစပ်နော်။ သူ့လို ငွေဇွန်းကိုက် မွေးလာတဲ့ သူဌေးသမီးကို ငါတို့ကို ခန္ဓာကိုယ် ရောင်းစားရတဲ့ မိန်းမတွေက ဘယ်ယှဉ်နိုင်ပါ့မလဲ"
 
 
"မို့သူဌေး အဲဒီမိန်းမကို ဘယ်လို လှောင်ပြောင်သွားလဲ မြင်တယ်မလား။ ငါတော့ အရမ်းကျေနပ်တယ်။ သူ့လက်အိတ်ကို အမှိုက်ပုံးထဲ ပစ်ချလိုက်တဲ့ မြင်ကွင်းက အရမ်းမိုက်တယ်"
 
 
"ဆက် ငေးမနေနဲ့တော့၊ သူက ဘယ်လိုပဲချောနေချောနေ ၊ ငါတို့အပိုင် ဖြစ်မလာနိုင်ဘူး"
 
 
မို့ထင်က သူ့ကို ဝိုင်းကြည့်နေသော တခြားသူများကို ဂရုမစိုက်နိုင်ပါ၊ ထျန်းနင်နှင့်အတူတူ ကားမောင်းထွက်လာခဲ့သည်။ သို့သော်လည်း အိမ်ပြန်လမ်းခရီး တစ်ဝက်မှာ သူ့ကားကို လမ်းဘေးမှာ ရပ်တန့်လိုက်ပြီး စကားပြန်ပြောသည်။
 
 
"ကားအရှေ့ခုံမှာ လာထိုင်လေ"
 
 
ထျန်းနင်က ခေါင်းကို စောင်းငဲ့ကာ သူ့ကို လျစ်လျူရှုထားသည်။
 
 
"ကိုယ့်အသဲလေး သဝန်တိုနေတာလား"
 
 
"အရင်တုန်းကဆိုရင် ကိုယ့်အဘိုးက ကိုယ့်ကို လက်ထပ်ဖို့ အမြဲနားပူတယ်၊ ဒါကြောင့်လည်း ကိုယ့်အဘိုးပြတဲ့ လူချမ်းသာ မိသားစုတွေရဲ့ နာမည်စာရင်းထဲက ကြုံရာလူကို ရွေးလိုက်တာပါ။ ဒါက ရိုးရိုးရှင်းရှင်းလေးပါ"
 
မို့ထင် ရှင်းပြသည်။
"ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက ကိုယ် မင်းနဲ့ မဆုံသေးဘူးလေ၊ ဒါကြောင့်လည်း ကိုယ့်ဘဝကို ဘယ်သူနဲ့ ကုန်ဆုံး ကုန်ဆုံး မခြားနားဘူးလို့ တွေးထားမိတယ်"
 
ထျန်းနင်က မို့ထင်ကို စောင်းငဲ့ကြည့်လာသည်။
 
"ဒီနေ့ ချီရှင်းယန် ပြောလိုက်တာတော့ ရှင့်ရဲ့မိသားစုနောက်ခံအရ ချစ်လေးကို လက်ထပ်ဖို့ မဖြစ်နိုင်ဘူးတဲ့"
 
"ဒါဆိုရင်လည်း ချစ်လေး ဘယ်နေရာသွားသွား လက်ထပ်စာချုပ်ကို ယူသွားလေ၊ အဲလို အပြောခံရရင် အဲဒီပြောတဲ့သူရဲ့မျက်နှာကို လက်ထပ်စာချုပ်နဲ့ ပစ်ပေါက်ပလိုက်တော့"
 
မို့ထင်က တုန်နေအောင် ချစ်သောလေသံဖြင့် စကားပြန်ပြောသည်။
 
"ကိုယ့်အဆင့်ကိုယ် နားလည်လို့တောင် ပြောသွားသေးတယ်"
 
 
"မို့ကတော်လေး ကိုယ်ကို စွဲချက်တင်ပြီး စွပ်စွဲဖို့ ကြိုးစားနေသလား"
 
မို့ထင်က ထျန်းနင်၏နဖူးလေးကို ချစ်စနိုးဖြင့် ဖွဖွလေး ထုလိုက်ပြီး ထျန်းနင် လက်ကို လှမ်းဆွဲသည်။ ထိုမှသာ ထျန်းနင်က အလျော့ပေးလိုက်ပြီး အရှေ့ထိုင်ခုံကို သွားထိုင်ပေးသည်။
"ကိုယ့်အသဲလေးအတွက် လက်စားချေပေးပြီးပြီလေ၊ အတိတ်တွေကို အတိတ်မှာပဲ ချန်ထားခဲ့လို့ မရဘူးလား"
 
"သဲလေး နောက်ထပ် လူချမ်းသာ သားသမီးကို ရန်စမိပြန်ပြီ၊ နောက်အနာဂတ်မှာ သူက လာပြဿရှာရင် သဲလေး ဘာလုပ်သင့်လဲ"
 
***
အပိုင်း (၃၀၅)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now