အပိုင်း(၅၄၀)

72 9 0
                                    

အပိုင်း(၅၄၀)

ဖေးထန်ဆုက ဂုဏ်သိက္ခာရှိသော ဆုတံဆိပ်ဖြစ်သည်။ ထို့ကြောင့်လည်း ဆုပေးအပ်ခြင်းနှင့် စပ်လျဉ်းသော အတွင်းသတင်းများကို အပြင်လူ အလွယ်တကူ မသိနိုင်ပေ။ ထို့ကြောင့် အပြင်လူများက အတွင်းသတင်းကို သိရန် မလွယ်ကူမှန်း ထျန်းနင် သိနေခဲ့သည်။

ဟိုးယခင်က ပေးအပ်ခဲ့ဖူးသော ဖေးထန်ဆုတိုင်း အကဲဖြတ်ဒိုင်လူကြီးများ အကြီးအကျယ် ငြင်းခုန်ရပြီး နောက်ဆုံးတော့ ပွဲစီစဉ်သူ ဝင်ရောက်ဖြန်းဖြေမှ ပြေလည်ကြသည်။

...

ညဉ့်အချိန်  Hyatt Regency.

စာကြည့်ခန်းမီးအလင်းရောင် လင်းနေသေးသည်။ မို့ထင်က ကွန်ပြူတာ အရှေ့ထိုင်ကာ ကီးဘုတ်ကို အဆက်မပြတ် စာရိုက်နေသည်။ ထျန်းနင်က အနည်းငယ်ဟ‌ထားသော တံခါးပေါက်မှ တဆင့် မို့ထင်ကို ချောင်းကြည့်နေသည်။ သူမ၏ ပြဿနာကို သူ ကြိုးစားဖြေရှင်းနေမှန်း သူမ သိသည်။

သို့သော်လည်း သူမက အခန်းတံခါး တွန်းဖွင့်ပြီး အခန်းထဲ မဝင်ခဲ့ပေ။ သူမက မော်ဒယ်အလုပ်ကို စွန့်လွှတ်ပြီး သရုပ်ဆောင်‌လမ်းကြောင်း လျှောက်လှမ်းခဲ့၍ မို့ထင်က အပြစ်ရှိသလို ခံစားနေရခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က မို့ထင် နှင့် ဟိုက်ဟွေ့ဖျော်ဖြေရေးကို ပြဿနာ ရှာရန် ကြိုးစားနေခြင်း ဖြစ်သည်။

"အပြင်မှာ အေးတယ်၊ အိပ်ခန်းထဲ ပြန်တော့"
မို့ထင်က ခေါင်းမော့ မကြည့်သော်လည်း တံခါးအပြင်ဘက်မှာ မတ်တတ်ရပ်နေသော ထျန်းနင်ကို သတိထားမိသည်။ ထျန်းနင် အနည်းငယ် အံ့အားသင့်မိ၍ သူမ၏မျက်နှာပေါ်တွင် အပြုံးလေး ပေါ်လွင်လာသည်။

"ချစ်လေး အခုနောက်ပိုင်း အိပ်မပျော်ဘူး။ ကိုယ့်ယောက်ျားရဲ့ ယောက်ျားဆန်တဲ့ မျက်နှာကို မမြင်ရလို့ ထင်တယ်"

မို့ထင်က သူ့ဇနီးသည်ကို လက်ယက်မခေါ်ခင် ခေါင်းမော့ကာ။အသက်ခပ်ပြင်းပြင်း ရှုသည်။

"လာဦး၊ ဒီနား မြန်မြန်လာ"

ထျန်းနင်က တံခါးကို တွန်းဖွင့်လိုက်ပြီး မို့ထင်အနား လမ်းလျှောက်သွားကာ သူ့ရင်ခွင်ထဲ တိုးဝှေ့လိုက်သည်။
"ယောက်ျား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now