Ep 373+374+375

109 12 0
                                    

အပိုင်း(၃၇၃)

 
 
 
"ကြောက်တယ်လား"
 
ထျန်းနင်က ဟန်ရှင်းအာကို နားမလည်နိုင်စွာ ငေးကြောင်ကြည့်နေမိသည်။
 
"စိတ်မပူပါနဲ့၊ ငါပြောပြရင်တောင် နင် နားလည်မှာ မဟုတ်ဘူး"
 
ဟန်ရှင်းအာက စကားဆက်မပြောခင် ခေါင်းခါသည်။
"အက်ရှင်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးဖို့ ကိုယ်ခံပညာရပ်တွေ သွားလေ့လာဦး။ ခဏနေရင် ငါလည်း လာခဲ့မယ်"
 
ဟန်ရှင်းအာက ပိုင်ချန်သုန်အနား ချဉ်းကပ်သွားသော မြင်ကွင်းကို ထျန်းနင် ငေးစိုက်ကြည့်နေသည်။ ဟန်ရှင်းအာလို ပရိသတ်အတွက် အမှတ်တရ လက်မှတ်ရရန် အခွင့်ရေးကောင်း ဖြစ်နိုင်သည်။ ဟန်ရှင်းအာက ပျော်ရွှင်ရမည့်အစား ကြောက်ရွံနေ၍ ဟန်ရှင်းအာ ရူးများ သွားသည်လော။
 
 
ပိုင်ချန်သုန်က ခေါင်းဆက်ငုံ့ထားပြီး မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ အကြည့်ချင်း မဆုံခဲ့ပေ။ သူစိမ်းဆန်သော ခံစားချက်က ဟန်ရှင်းအာကို ကသိကအောင့် ဖြစ်စေပုံပင်။
 
 
သို့သော်လည်း ဟန်ရှင်းအာက ပိုင်ချန်သုန် နှင့် မို့ထင်တို့ မျက်နှာချင်းဆင်သည့် ခံစားချက်ကို ခံစားမိသည်။
 
 
သူမက မသိစိတ်၏လှုံ့ဆော်မှုအရ သူ့အတွေးကို ထုတ်ပြောမိသည်။
 
"ရှင်က မို့သူဌေးနဲ့ တော်တော် ရုပ်ဆင်တယ်နော်"
 
"ငါတို့က တစ်ဝမ်းကွဲ ညီအစ်ကိုတွေ"
 
 
"ဟမ်"
 
ဟန်ရှင်းအာ ထိုစကားကို ကြားကြားချင်း အေးခဲသွား သကဲ့သို့ ခံစားရသည်။
 
 
"ဘယ်သူ့ကိုမှ မပြောနဲ့။ ထျန်းနင်တောင် မသိထားဘူး"
 
 
ပိုင်ချန်သုန်က ယာယီရွက်ဖျင်တဲ အပြီးသတ် ပြင်ဆင်ကာ အေးစက်စက် စကားပြောသည်။
 
ဟန်ရှင်းအာက သူမကိုယ်သူမ လက်ညိုးလေးဖြင့် ညွှန်ပြကာ အံ့အားသင့်နေသည်။ မည်သူမှ မသိထားသော အမှန်တရားကို အဘယ်ကြောင့် သူမကို  ထုတ်ဖော်ပြောသနည်း။
 
 
ထို့အပြင် ရွက်ဖျင်တဲထိုးခြင်း ပြီးစီးသည့်တိုင် အဘယ်ကြောင့် သူမကို အကူအညီ တောင်းသနည်း။
 
 
မို့ထင် နှင့် ပိုင်ချန်သုန်က အရပ်အမြင့် ကိုယ်ဟန်အနေအထား တူသယောင် ရှိသည်ဟု ခံစားမိခြင်းက မဆန်းကြယ်ပေ။ သူတို့က ညီအစ်ကို တစ်ဝမ်းကွဲ ဖြစ်နေ၍ အနည်းငယ် ရုပ်ဆင်ခြင်း ဖြစ်သည်။
 
 
သို့သော်လည်း မို့ထင်က ပိုခံ့ညားပြီး သူ့မျက်ဝန်း အကြည့်က စူးရှသည်။ ပိုင်ချန်သုန်က သူ့အနား မကပ်ရဲအောင်
 
အရိုးကွဲကြေမတတ် အေးတိအေးစက် မျက်နှာထား ရှိ၍ စိတ်အဆင်မပြေသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။
 
ဟန်ရှင်းအာက သူသိသမျှ ကြားသမျှ မြင်သမျှ အလုံးစုံကို ထျန်းနင်သိအောင် အမြဲပြောပြလေ့ရှိသည်။ သို့သော်လည်း ယခုတော့ သူမ ထိမ်ချန်တတ်နေပြီ။ သူမနှင့် လူထူးဆန်းသာ သိထားသော လျှို့ဝှက်ချက် ဖြစ်နေ၍ ထုတ်မပြောသင့်ပေ။
 
 
ထို့အကြောင်းကို တွေးမိလေတိုင်း သူမ၏လှုပ်ရှားမှုကို စောင့်ကြည့်နေသည်ဟုလည်း ခံစားမိပြန်သည်။
 
 
ဤထူးဆန်းသော ခံစားချက်ကြောင့် သူမ၏တစ်ကိုယ်လုံး ကြက်သီးထလာသည်။
 
 
...
 
 
ထျန်းနင်က ကိုယ်ခံပညာရပ် အခြေခံ မရှိ၍ ရိုက်ကူးရေး အဖွဲ့သားများက ပထမဆုံး ၁၅ရက်အတွင်း အက်ရှင်ခန်း မပါဝင်သော ဇာတ်ဝင်ခန်းများကိုသာ ရိုက်ကူးစေသည်။ ဤအချိန်အတောအတွင်း သူမက နေ့စဉ်နေ့တိုင်း ကိုယ်ခံပညာရပ်ကို သင်ယူသည်။
 
 
ရိုက်ကူးရေးနယ်မြေက နယ်မြေကြမ်းသည့် အပြင် အစားအသောက် အနေအထိုင် ဆိုးရွားလွန်း၍ တခြားသရုပ်ဆောင်မင်းသမီး နှစ်ဦးက ယခုလို ဇာတ်ကားမျိုးကို ဆက် မရိုက်ကူးနိုင်ကြောင်း အထွန့်တက်လာသည်။
 
 
ထိုစဥ် ထျန်းနင်က တစ်ဖက်မှာ အေးအေးဆေးဆေး မတ်တတ်ရပ်နေပြီး ဓားသိုင်းလေ့ကျင့်နေသည်။
 
 
ထျန်းနင်က မော်ဒယ်ဖြစ်သော်လည်း အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်း ရှိသည်။
 
 
သူမ၏လေးနက်သော အအပြုအမူကြောင့် လေးလေးနက်နက် သဘောမထားသူများက အဆူခံ အပြစ်တင်ခံ ဘဝရောက်ရသည်။ အထူးသဖြင့် ဒါရိုက်တာက ထျန်းနင် နှင့် တခြားသူများက နှိုင်းယှဉ်ကာ ပြစ်တင်ကြိမ်းမောင်းလေ့ ရှိသည်။
 
"မင်း နောက်ကျပြန်ပြီ။ ထျန်းနင် ဒီနေရာကို ရောက်နေတာ ၂နာရီရှိနေပြီ"
 
"ခြင်တွေချည်းပဲဟုတ်လား။ ငါတို့တွေ တောထဲ ရောက်နေတာလေ။ ခြင်တွေရှိတာ ဆန်းကြယ်လား။ ထျန်းနင်ကို ကြည့်စမ်းပါ။ ခန္ဓာကိုယ် တစ်ကိုယ်လုံး ဒဏ်ရာဗလပွဖြစ်နေတာတောင် မလုပ်ချင်ဘူး ငြီးဖူးလား"
 
 
"တော်လိုက်တော့။ သူဌေးကတော်တောင် ဒါတွေအားလုံးကို သည်းခံနိုင်တယ်။ မင်းတို့တွေက ဒါလေးလောက်တောင် ခံနိုင်ရည် မရှိဘူးလား"
 
 
ရုပ်ရှင်ရိုက်ကူးနေစဉ် ဒါရိုက်တာက စိတ်တိုလွယ်၍ သူ ပြောချင်သမျှ စကားလုံးတိုင်းကို မစဉ်းစား မဆင်ခြင်ဘဲ ပြောဆိုလေ့ရှိသည်။ သို့သော်လည်း သူ ပြောခဲ့သည့် စကားတိုင်းက ထျန်းနင်ကို ရန်သူ ဖန်တီးပေးသကဲ့သို့ ဖြစ်ခဲ့မှန်း သူ မတွေးမိခဲ့ပေ။
 
 
အထူးသဖြင့် အလက်ဂျစ်ထပြီး ဖျားနေသော သရုပ်ဆောင်မင်းသမီးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။ ဒါရိုက်တာက သူမကို အနားယူခွင့် မပေးဘဲ ရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးခိုင်း၍ အကျိုးဆက် အနေဖြင့် ရိုက်ကွင်းတွင် မူးလဲခဲ့သည်။
 
 
"ဒါရိုက်တာက အားလုံးကို ထျန်းနင်လို သံမဏိလူသားလို့ တွေးနေသလား။ နေရာတကာ ထျန်းနင်နဲ့ လိုက်ယှဉ်နေပါလား"
 
 
"ဒီလိုသာ ဆက်ဖြစ်နေရင်တော့ ငါတို့တွေ ထျန်းနင် အရိပ်အောက်က လွတ်ပါဦးမလား"
 
 
ကောလဟာလသတင်းက ရိုက်ကွင်းတစ်ခုလုံး ပြန့်သွားခဲ့ပြီး လိမ္မာပါးနပ်သော ဟန်ရှင်းအာ ကိုယ်တိုင်ပင် ထိုစကားများကို ဟိုဟိုသည်သည် ဘယ်နေရာသွားသွား ကြားနေရသည်။
 
 
သူမက ထျန်းနင်ဘေးနား ချက်ချင်း ပြန်ရောက်လာပြီး အခြေအနေကို တင်ပြသည်။
 
"အစ်မရေ။ ရှင်းအာတို့ ဘာဆက်လုပ်သင့်လဲ။ ညီမတို့တွေက လူတိုင်းရဲ့ဘုံရန်သူ ဖြစ်နေပြီ။ သူတို့အကြံအစည်ကို ခန့်မှန်းရခက်သလို မို့သူဌေးကလည်း တို့တွေနဲ့ ဝေးရာကို ရောက်နေတယ်။ တစ်ခုခုဖြစ်လာရင် သူ ကူညီပေးချင်ရင်တောင် ကူညီပေးလို့ မရဘူး"
 
ဤသို့ ဖြစ်လာရသည့် အကြောင်းအရင်းက ဒါရိုက်တာ၏ အမှားကြောင့်သာ ဖြစ်လေ၏။
 
 
သို့သော်လည်း ထျန်းနင်က အားလုံး၏ပစ်မှတ် ဖြစ်သွားခဲ့သည်။
 
 
လွန်ခဲ့သော ရက်ပိုင်းခန့်က ထျန်းနင်သည် သူမ ရိုက်ကူးရမည့် အက်ရှင်ဇာတ်ဝင်ခန်းများကိုသာ အာရုံစိုက် လေ့လာနေ၍ ရိုက်ကွင်း အခြေအနေကို အလေးမထားမိပေ။ ယခု ဟန်ရှင်းအာ ပြောပြမှ ဖြစ်ပျက်နေသော အခြေအနေကို သဘောပေါက်သွားသည်။
 
 
"ငါ နားလည်ပြီ"
 
 
ထျန်းနင်၏တုံ့ပြန်မှုကြောင့် ဟန်ရှင်းအာ စိုးထိတ်နေမိသည်။
 
 
ဤစကားတစ်ခွန်းဖြင့် လုံလောက်မှု ရှိသည်လော။
 
 
ထျန်းနင်က တခြားသူများနှင့် အဆင်ပြေပြေ နေနိုင်သည့် အရည်အချင်းကို ဟန်ရှင်းအာ မျက်မြင် မတွေ့ရသေးပေ။ လက်ရှိအခြေအနေကို ထောက်ရှုခြင်းအားဖြင့် ထျန်းနင်က ပန်းခြံမှာ လမ်းလျှောက်နေသကဲ့သို့ အေးအေးဆေးဆေး ပြုမူနေသည်။
 
 
နောက်တစ်နေ့ မနက်ခင်း
 
 
ပုံမှန်အားဖြင့် ရိုက်ကွင်း အချိန်မှန်မှန် ရောက်လာတတ်သည့် ထျန်းနင်က ယနေ့ ထူးထူးခြားခြား နောက်ကျနေသည်။ သူမ၏မိတ်ကပ်ဆရာကို တစ်နာရီမျှ စောင့်ဆိုင်းစေခဲ့သည်။
 
 
ဒါရိုက်တာက သူ့အကျင့်အတိုင်း တခြားသူနှင့် ထျန်းနင်ကို ယှဉ်ပြောချင်သော်လည်း ထျန်းနင်က ပျောက်ချင်းမလှ ပျောက်ဆုံးနေသည်။
 
 
"ထျန်းနင် ဘယ်မှာလဲ"
 
 
"သူ အခုထိ မရောက်သေးဘူးလား"
 
ဝန်ထမ်းတစ်ယောက်က မေးမြန်းသည်။
 
ဒါရိုက်တာက ကသိကအောင့် ဖြစ်သော ခံစားချက်ဖြင့် နှာခေါင်းကို လက်ဖြင့် ပွတ်ပြီး သက်ပြင်းချသည်။ ထျန်းနင် နောက်ကျနေခဲ့၍ ဒါရိုက်တာ ဘာပြောမလဲ လူတိုင်း သိနေချင်ကြသည်။ ယခု ကိစ္စရပ်ကြောင့် သူတို့လည်း ထျန်းနင်နှင့် နှိုင်းယှဉ်ကာ အပြောခံရမည့် ဘေးရန်မှ ကင်းဝေးလိမ့်မည်။
 
 
ခဏကြာပြီးနောက် ထျန်းနင်က ငိုက်မျဉ်းနေသော မျက်နှာအမူအရာဖြင့် ရိုက်ကွင်း ရောက်လာခဲ့သည်။ ဒါရိုက်တာက နဂိုတုန်းက သူမကို ဘာမှ မပြောရန် ကြံရွယ်ခဲ့သော်လည်း မြင်တွေ့ရသော မျက်နှာအနေအထားကြောင့် သူ့နှုတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
 
"ထျန်းနင်။ မင်း မနေ့ညက ဘာလုပ်နေလို့လဲ။ ဒီနေ့ ဇာတ်ဝင်ခန်းက အရေးပါတာ မင်းသိရဲ့လား"
 
"သူ..."
 
 
ထျန်းနင်က သူမရိုက်ကူးရမည့် ဇာတ်ဝင်ခန်းကို တစ်ညလုံး လေ့ကျင်နေခဲ့သည့် အကြောင်းကို ဟန်ရှင်းအာ ရှင်းပြချင်ခဲ့သော်လည်း ထျန်းနင်က သူမကို ဟန့်တားသည်။
 
"တောင်းပန်ပါတယ်၊ ဒါရိုက်တာ။ တစ်ညလုံး ခြင်သတ်နေရလို့ အိပ်လို့ မပျော်ပါဘူး။ မိုးလင်းပေါက်ခါနီးမှ အိပ်ပျော်သွားတယ်"
 
"မင်းတို့တွေကလည်း ခြင်ပဲသတ်နေလိုက်တော့။ ခြင်တွေက မိန်းမသွေးပဲ ကြိုက်သလား။ မင်းတို့တွေကိုပဲ ကိုက်နေတယ်။ ငါ့ကို တစ်ကောင်မှ လာမကိုက်ကြဘူး"
 
ဒါရိုက်တာက ဒေါသတကြီး အော်ငေါက်သည်။
"ဒီလို တောထဲမှာ ခြင်ပေါမှာပဲလေ။ မင်းတို့တွေက ဒီနေရာမှာ အလုပ်လာလုပ်တာလေ။ ခမ်းခမ်းနားနား နေချင်လို့ ရမလား။ မင်းတို့တွေ ဒါကိုတောင် နားမလည်နိုင်ရင် ထွက်သွားလိုက်တော့"
 
"တောင်းပန်ပါတယ် ဒါရိုက်တာ။ ဒီလိုမျိုး နောက်ထပ် မဖြစ်စေရပါဘူး"
 
ထျန်းနင် အနူးအညွှတ် တောင်းပန်သည်။
 
"မင်းကိုယ်မင်း မှန်ထဲ ပြန်ကြည့်စမ်း။ မင်းကို စံနမူနာထားပြီး တခြားသူတွေကို ဆိုဆုံးမနေရတာ။ အခုတော့ မင်းလုပ်ရပ်ကြောင့် မင်းကို စကားထဲ ထည့်ပြောဖို့တောင် ရှက်သွားပြီ"
 
 
ဒါရိုက်တာက သူ့စိတ်ကျေနပ်သည့်အထိ ထျန်းနင်ကို ကြိမ်းမောင်းသည်။ ထိုမှသာ ရိုက်ကူးရေးအဖွဲ့သား အားလုံး တရားမျှတ သလို ခံစားရသည်။
 
 
"ထျန်းနင်လည်း ဆူခံရတယ်"
 
 
"ကျေနပ်စရာ ကောင်းလိုက်တာကွာ"
 
 
"အစ်မရဲ့အစီအစဉ်ကို ဖျက်ဆီးမိသလို ဖြစ်တော့မလို့။ အားနာလိုက်တာ"
 
ဟန်ရှင်းအာက ငယ်ရွယ်သေးသော်လည်း အခြေအနေကို သဘောပေါက်သည်။ ဤတစ်ကြိမ်တွင် ထျန်းနင်၏ ရည်ရွယ်ချက်က သူမကို တခြားသူများနှင့် မနှိုင်းယှဉ်အောင် တမင် အချိန်နောက်ကျမှ ရောက်လာခြင်း ဖြစ်သည်။ သူမ အဆူခံရမှ တခြားသူအားလုံး၏ ဒေါသစိတ်များ အခိုးငွေ့လို ကွယ်ပျောက်သွားလိမ့်မည်။
 
"ဒီညနေ၊ ထင်က ဒီနေရာထိ ပစ္စည်းပို့ပေးလိမ့်မယ်။ ငါ့ကို သွားယူပေးဦးနော်"
 
 
"မို့သူဌေးက ဒီအထိ ပစ္စည်းပို့ပေးမလို့လား"
 
 
ဤနယ်မြေတွင် အစားအသောက် အနေထိုင် ဆင်းရဲလွန်း၍ စားကောင်းသောက်ဖွယ်များ လက်ဆောင်ပို့ပေးရန်သာ ဟန်ရှင်းအာ မျှော်လင့်မိသည်။
 
 
ထျန်းနင်က ပဟေဠိဆန်ဆန် ပြုံးလိုက်သည်။ မနေ့ညက မို့ထင်နှင့် ဖုန်းပြောခဲ့ပြီး သူ့အလုပ်အကြောင်းကိုသာ မေးမြန်းခဲ့ပြီး သူမ အကြောင်း မပြောခဲ့ပေ။
 
 
ဤရိုက်ကွင်းက 'Stupid'ရိုက်ကွင်း မဟုတ် ၊ တခြားသူ၏ပိုင်နက် ဖြစ်နေသည်။ ထို့ကြောင့် သူမ လုပ်သမျှ ကိစ္စတိုင်း စဉ်းစား ဆင်ခြင်သင့်သည်။
 
 
"ချစ်လေး လိုချင်တာ တစ်ခုခု ရှိလို့လား" မို့ထင် မေးမြန်းသည်။
 
 
"ချစ်လေးက ယောက်ျားကိုပဲ လိုချင်တယ်"
 
ထျန်းနင်က စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။
 
အပိုင်း(၃၇၃)
 
ပြီး၏။
 
 
 
 
 
အပိုင်း(၃၇၄)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now