အပိုင်း(၅၂၃)

87 10 0
                                    

အပိုင်း(၅၂၃)

"ကျွန်တော် အရိုးသားဆုံး ဝန်ခံမယ် အစ်မရယ်။ ကျွန်တော်တော့ အကြောင်းအရာ တစ်ခုကိုပဲ ထပ်တလဲလဲ တွေးနေမိတယ်"
ခဏရပ်တန့်ပြီးနောက် ထျန်းကျင်းရွှမ် ဆက်ပြောသည်။
"ငွေရှာတဲ့ လမ်းကြောင်းက ကျွန်တော်နဲ့ ပိုသင့်လျော်မယ် ထင်တယ်။ ဒါကြောင့်မို့ အစ်မရဲ့ရုပ်ရှင် ရုံတင်ပြီးရင် နောက်ဆုံး ဂီတပွဲ ကျင်းပပြီးတာနဲ့ အနုပညာအလုပ်တွေ ရပ်နားလိုက်ရင် ကောင်းမယ်။ ခန့်မှန်းချေ အနေနဲ့ ဒီဇင်ဘာ ၈ရက်နေ့လောက် ဖြစ်နိုင်တယ်"

ထျန်းကျင်းရွှမ်က ဖျော်ဖြေရေးလောကနှင့် မသင့်လျော်ကြောင်း ထျန်းနင်က ဟိုးယခင်တည်းက သိနေခဲ့သည်။ ထျန်းကျင်းရွှမ်၏ ကြင်နာတတ်သော စိတ်သဘောထားဖြင့် အမှောင်ထု လွှမ်းမိုးနေသော အနုပညာလောကို ရင်ဆိုင်ရန် မလွယ်ကူပေ။

"မင်း သေချာရဲ့လား။ မင်းကို ဂီတလောကရဲ့ ကြယ်ပွင့်လေး အနေနဲ့ ယန်ရှုက အရမ်းမြင်ချင်ခဲ့တာလေ"

"ရာနှုန်းပြည့် သေချာတယ်"

ရှားကျင်းရီ နှင့် စုန့်ယန်ရှုက သူ့ကို သင်ခန်းစာ အလုံအလောက် ပေးခဲ့သည်။ သူကလည်း လိမ်လည်  လှည့်ဖြားမှု များဖြင့် ပြည့်နှက်နေသော ဘဝမျိုးကို မလိုချင်ခဲ့ပေ။

"မင်း အဲဒီလမ်းကြောင်းကို ရွေးချယ်ပြီးရင်တော့ မှန်မှန် မှားမှား အဆုံးအထိ ဆက်လျှောက်သင့်တယ်"

ဤသည်ကား ထျန်းနင်၏ အကောင်းဆုံး အကြံဉာဏ်ဖြစ်သည်။ ဤလောကကြီးဝယ် ဆုံးဖြတ်ချက် ချမှတ်ရန် လွယ်ကူပြီး အကျိုးဆက်ကို လက်သင့်ခံရန်သာ ခက်ခဲခြင်း ဖြစ်သည်။

" 'WH' ရုပ်ရှင် ပထမဆုံးပွဲကို အချိန်မှီ တက်မယ်။ အစ်မ အကောင်းဆုံးတွေ ပိုင်ဆိုင်ခွင့် ရဖို့ ဆုတောင်းပေးမယ်"
ထိုစကားကို ပြောပြီးနောက် ထျန်းကျင်းရွှမ် ဖုန်းချလိုက်သည်။

...

စုန့်ယန်ရှုကလည်း သူမ၏ အားပေးထောက်ခံမှုကို ပြသရန်
'W.H.'ရုပ်ရှင် ပထမပွဲ တက်ရောက်ရန် ဆုံးဖြတ်ထားသည်။

ယမန်နေ့ညက ထျန်းနင်သည် မို့ထင်၏ ရင်ခွင်ထဲ လဲလျောင်းနေပြီး ကလေးပြုစုပျိုးထောင်သော စာအုပ်ကို နှစ်ယောက်အတူ ဖတ်နေသည်။ ထိုစဉ်အခိုက်အတန့် ထျန်းနင်က ရုတ်တရက် စကားပြောလာသည်။
"ကျင်းရွှမ်က အနုပညာအလုပ်တွေ ရပ်နားဖို့ ဆုံးဖြတ်လိုက်ပြီ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now