အပိုင်း(၄၉၂)

123 16 0
                                    

အပိုင်း(၄၉၂)

လော့ရှင်း၏ တတိယလူဟု စွပ်စွဲခံရသော ပြဿနာနှင့် စပ်လျဉ်းပြီး အမျိုးသားနှစ်ဦး စလုံးက သူတို့အမြင်ကို ထုတ်ဖော်ပြောကြားထားသည်။ ယခုအချိန်တွင် လိုအပ်နေသည်ကား ရှားကျင်းရီ၏အမြင်ဖြစ်ပြီး လော့ရှင်း ဝါသနာကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

တကယ်တမ်း ဤဆုံးဖြတ်ချက်က ပါဝင် ပတ်သက်သူ အားလုံးကို နာကျင်စေလိမ့်မည်။

...

"ညနေ သုံးနာရီမှာ ရှားကျင်းရီက သတင်းစာရှင်းလင်းပွဲ ကျင်းပလိမ့်မယ်။ အဲဒီပွဲမှာ သူက ရှင့်အတွက် ပြဿနာအားလုံးကို ဖြေရှင်းပေးလိမ့်မယ်"
စုန့်ယန်ရှုက ထျန်းကျင်းရွှမ်နှင့်အတူတူ နားနေခန်းထဲ ရောက်နေသည်။

"မို့သူဌေး ဖိအားပေးမှာ ကြောက်လို့ အမှုမဲ့အမှတ်မဲ့ မလုပ်လောက်ပါဘူး"

ထျန်းကျင်းရွှမ်က ရှုပ်ယက်ခတ်နေသော လမ်းမကို ငေးမောကြည့်ရှုကာ လှောင်ပြုံးပြုံးသည်။
"မင်းက သူ့ကို ယုံကြည်လို့လား"

စုန့်ယန်ရှုက စကားတစ်ခွန်းမျှ မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။ သူမ၏ အတွင်းစိတ်ထဲ ရှားကျင်းရီကို ယုံကြည်စရာ အကြောင်းမရှိပေ။ သို့သော်လည်း သူမမှာလည်း ကိုယ့်အစီအစဉ် ကိုယ် ရှိပြီသား ဖြစ်ပြီး ထျန်းကျင်းရွှမ်ကို သူမ၏ကိုယ်ပိုင် ဗျူဟာဖြင့် ကာကွယ်ပေးနိုင်သည်။

"နားနေခန်းထဲမှာပဲ ခဏစောင့်နေပေးဦး။ ရှားကျင်းရီကို သွားတွေ့လိုက်ဦးမယ်"

ထျန်းကျင်းရွှမ် ခေါင်းညိတ်သည်။ ခပ်ထူထူ မျက်တောင်များအောက်မှာ သူ့ခံစားချက်ကို ဖုံးကွယ်ထားခဲ့သည်။

နေ့လည် ၂နာရီခွဲ

ဟိုက်ဟွေ့ဖျော်ဖြေရေး၏ သတင်းစာရှင်းလင်းပွဲ ကျင်းပရာ ခန်းမဆောင်သို့ မီဒီယာများ ရောက်ရှိလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့က ဟိုက်ဟွေ့၏ပိုင်နက်ထဲ ရောက်နေခြင်း ဖြစ်သည်။

"အဆိုတော်မိန်းကလေး ဖောက်ပြန်တဲ့ ကိစ္စကို တရားဝင်ထုတ်ပြောတော့မယ်။ ငါတော့ အမှန်တရားကို သိချင်လှပြီ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now