အပိုင်း(၄၈၃)

87 11 0
                                    

အပိုင်း(၄၈၃)

"ချစ်လေး အဆင်ပြေရဲ့လား"
မို့ထင်က ရုပ်သံရုံထဲ ဝင်ရောက်သွားပြီးနောက် ထျန်းနင်ကို မေးမြန်းသည်။

ထျန်းနင်က ခပ်ယဲ့ယဲ့လေး ပြုံးကာ ခေါင်းညိတ်ပြသည်။ မို့ထင် စိတ်ချရအောင် သူမ အကောင်းဆုံး ကြိုးစားရှာသည်။

"နောင်ဆိုရင် ဒီလိုပြဿနာမျိုးကို ချက်ချင်း ဖြေရှင်းပါ ချစ်လေးရယ်။ ပြဿနာကို အချိန်မဆွဲထားနဲ့"
မို့ထင်၏လေသံက အနည်းငယ် အေးစက်နေသည်။ ထျန်းနင်၏ဘေးကင်း လုံခြုံမှုနှင့်  ပတ်သက်လာလျှင် မို့ထင်က အမှားအယွင်း မခံနိုင်ပေ။ ယနေ့ ဖြစ်ရပ်က သူ့အတွက် သင်ခန်းစာကောင်း ဖြစ်နေသည်။

"ဒီလို ထပ်မဖြစ်စေရပါဘူး"
ထျန်းနင်က လေးလေးနက်နက် ပြန်ဖြေသည်။

ထျန်းနင်၏အဆင့်အတန်း နှင့် မို့ထင်က သူမ၏မန်နေဂျာ ဖြစ်နေသောကြောင့် ရုပ်သံဌာနက နွေးထွေးစွာ ကြိုဆိုသည်။

အသံသွင်းရုံသို့ ဝင်ရောက်သွားပြီးနောက် ထျန်းနင်က ဧည့်သည် ထိုင်ခုံမှာ ထိုင်သည်။ သူမ၏ဆန့်ကျင်ဘက်မှာ ထိုင်နေသူက  ဆံပင် ခပ်ရှည်ရှည်နှင့် အမျိုးသမီး အစီစဉ်မှူး ဖြစ်သည်။ ထို့စဉ် မို့ထင်က နောက်ကွယ်မှာ မတ်တတ်ရပ်ကာ အသံလွှင်ရုံကို စူးစမ်းနေသည်။

စင်အောက်တွင် ထျန်းနင်၏ပရိသတ်များ ထိုင်နေကြပြီး ထျန်းနင်၏အမည်ပါသော လက်မူ သင်္ကေတကို ကိုင်ဆောင်ထားကြသည်။ ပရိသတ် ဧရိယာတွင် ခုံအပြည့် လူရှိနေသည်။

ထျန်းနင်ကို အထင်ကြီးလေးစားမှုကို ပြသခြင်းထက် မို့ထင်၏ဧကရာဇ်တစ်ပါး ကဲ့သို့ အရှိန်အဝါက ထျန်းနင် အပေါ် ကြောက်လန့်သော ခံစားချက် ဖြစ်ပေါ်စေသည်။ မို့ထင်က ထျန်းနင်ကို ကာကွယ်စောင့်ရှောက်ပေးသော နတ်သားလေး နှင့် အသွင်တူသည်။

သိပ်မကြာလိုက် ဒါရိုက်တာက အစီအစဉ်မှူးကို အိုကေဟူသော လက်ဟန်အမူအရာ ပြသသည်။ အစီအစဉ်မှူးက ချက်ချင်း တည့်တည့်မတ်မတ် မတ်တတ်ရပ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် မျက်စိကျိန်းလောက်သော အပြုံးလေး ပေါ်လာခဲ့သည်။

'Superstar Talk'ပွဲကို အဓိကကျသော အချိန်တွင် ထုတ်လွှင့်ပြီး ကျော်ကြားမှု အရှိန်အဝါကို ဆက်လက် ထိန်းသိမ်းထား နိုင်ခဲ့သည်။ ထျန်းနင်  ပါဝင်လာ၍ ကြည့်ရှူသူ နှုန်းက ယခင်ထက် ကျော်လွန်ခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now