အပိုင်း(၅၃၆)

59 9 0
                                    

အပိုင်း(၅၃၆)

ထိုစကားသံကို ကြားပြီးနောက် လူတိုင်း မှင်တက်သွားပြီး သူတို့ အနီရောင် ဝိုင်ခွက်ကို မြှောက်ကာ တစ်ဦးမျက်နှာ တစ်ဦး ကြည့်ကြသည်။ထိုစဉ် အခိုက်အတန့် စိတ်တုန်လှုပ်ချောက်ချားမှု အဖြစ်ဆုံးသူက ထျန်းရွှမ် ဖြစ်သည်။ သူ့ထိုင်ခုံနေရာမှ ရုတ်တရက် ထခုန်လိုက်သည်။

ရုတ်တရက်ဆန်သော ကြေညာမှုမျိုးဖြစ်သည်။

အစပိုင်းတွင် ဝန်ထမ်းများက မည်သို့ တုံ့ပြန်ရမလဲ မသိ ဖြစ်နေသည်။ သို့သော်လည်း မို့ထင်က ရုတ်ခြည်း လက်ခုပ်တီးလာသည်။ လူတိုင်းက မို့ထင်နှင့်အတူတူ လက်ခုပ်သြဘာတီး ကြသည်။

"ဂုဏ်ယူပါတယ်"

"ဝိုး အံ့သြစရာပဲ"

"ရှောင်နင် ဝိုင်းကြည့်နေတဲ့သူ အများကြီးရှိတယ်။ ဘိုးဘိုး ကမ်းလှမ်းတာကို ငြင်းချင်သေးလား။ မြေးကို ရာနှုန်းပြည့် မကြိုးစားခိုင်းပါဘူး။ ထျန်းမိသားစု တည်ထောင်ထားတဲ့ စီးပွားရေးကို အခြေခိုင်အောင် လုပ်ပြီး မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းသွားဖို့ပဲ။ ဒီလောက်ဆိုရင် ဘိုးဘိုး ကျေနပ်ပါပြီ"

ထျန်းနင်က ထျန်းအကြီးအကဲကို တလှည့် မို့ထင်ကို တလှည့်ကြည့်ရှုသည်။ အသိစိတ်လွတ်နေသော ထျန်းရွှမ်ကို နောက်ဆုံး ကြည့်ရှုပြီး ခေါင်းညိတ်သည်။
"ဘိုးဘိုး သမီးအကောင်းဆုံး ကြိုးစားမယ်"

"ကောင်းတယ် ကောင်းတယ်"
ထျန်းအကြီးအကဲက သူ့ပခုံးပေါ် ထမ်းထားသော ဝန်ထုပ်ဝန်ပိုးကြီး ပေါ့ပါးသွား သကဲ့သို့ သက်ပြင်းချလိုက်သည်။ ယခုတော့ ထျန်းနင်က ထျန်းအုပ်စုကို လက်လွှဲယူရန် သဘောတူလိုက်၍ ကုမ္ပဏီ အတွက် စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။

သို့သော်လည်း လူတိုင်းက ထျန်းနင်ကို ဂုဏ်ပြုနေစဉ် စူးစူးဝါးဝါး အော်သံက ရုတ်ခြည်း ပဲ့တင်ထပ်လာသည်။
"သွေး သွေးတွေ စီးကျနေတယ်"

...

[ထျန်းအုပ်စု အပြောင်းအလဲ ကြုံတွေ့ခြင်း၊ ထျန်းနင်က ထျန်းအုပ်စုကို လက်လွှဲယူစဉ် ထျန်းရွှမ် ကိုယ်ဝန်ပျက်ကျခြင်း]

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now