အပိုင်း(2)

230 16 1
                                    

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(2)

"သမီးလေး နိုးပြီလား"

သူမ ကျောင်းသွားဖို့ပြင်ပြီး  အောက်ဆင်းလာတော့ ထမင်းစား စားပွဲဝိုင်းမှာ ထိုင်နေတဲ့ လူနှစ်ယောက်ကိုတွေ့ရတယ်

တစ်ယောက်က သူမအမေဖြစ်ပုံပဲ တစ်ယောက်ကတော့ သူမရဲ့အဖေဖြစ်ဖို့များတယ်

အမျိုးသမီးက တင့်တယ်ချောမောပြီး အမျိုးသားကတော့ခန့်ညားလွန်းလှတယ်

"ဟုတ် မေမေ  "

ဒေါ်နှင်းဝေလွင်က သမီးဖြစ်သူကိုအလိုလိုက်ခြင်းများစွာနဲ့ကြည့်လိုက်တယ်

"သမီးရဲ့ကဒ်ထဲကိုမေမေပိုက်ဆံဖြည့်ထားပေးပြီးပြီနော် ကျောင်းရှေ့မှာ ATM ရှိတယ်ဆိုတော့အချိန်မရွေးထုတ်လို့ရတာပေါ့ "

"ဟုတ် ကျေးဇူးပါမေမေ"

သူမ ပြောတော့ ‌ ဒေါ်နှင်းဝေလွင်က ချစ်စနိုးနဲ့ခေါင်းပုတ်ပေးကာ ထမင်းစားပွဲဝင်ထိုင်တယ်

သတင်းစာဖတ်သလိုနဲ့ သားအမိနှစ်ယောက်ရဲ့စကားဝိုင်းကိုနားထောင်နေတဲ့ ‌ဦးမြတ်နိုင်လင်းကလဲ ချောင်းဟန့်ကာဝင်ပြောလာလေရဲ့

"အဲ့‌ေခြာက်ဆယ်မှာဖေဖေက သိန်းနှစ်ဆယ်ပါတယ်နော် "

"အာ "

"ဘာအာလဲ နည်းလို့လား"

"ဟုတ်ပါဘူးဖေဖေ ကျေးဇူးပါ "

သူမ ခပ်မြန်မြန်ခေါင်းခါလိုက်ပြီးလိမ်လိမ်မာမာလေးပြောလိုက်တော့ နှစ်ယောက်သားပြုံးကာ ထမင်းစားပွဲကိုဝင်ထိုင်လာတဲ့သူမပန်းကန်ထဲဟင်းထည့်ပေးကြလေတယ်

"ကိုကြီးကလဲ သိန်းနှစ်ဆယ်ပါတယ်နော် "

"......."

ငယ်ရွယ်နုပျိုတဲ့အသံနဲ့ သူမရဲ့အနောက်က လူတစ်ယောက်က ပခုံးကိုလာဖက်ကာ နွေးနွေးထွေးထွေးပြောလာလေတယ်

ကိုကြီး?

မူလပိုင်ရှင်ရဲ့အကိုလား ?

"ကျေးဇူးပါကိုကြီး"

မြတ်ဘုန်းသျှန်ရဲ့မျက်ခုံးထူတို့က မြင့်တက်သွားပြီး မျက်ဝန်းထဲမှာ အံဩရိပ်တို့ဖြတ်သန်းသွကာမိဘနှစ်ပါးကိုအမေးမျက်ဝန်းတွေနဲ့ကြည့်လိုက်မိတယ်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now