25.zgi

38 1 0
                                    


အပိုင်း(25)

"နင်တို့ဘာဖြစ်နေကြတာလဲ ခုရက်ပိုင်း တွေ့ရတာ မူးနောက်နေတာပဲ"

နှစ်ယောက်သားကမူအရမ်းပျက်လွန်းလို့ ငတုံးမလေးမြတ်ပန်းဝေတောင်မှ ရိပ်မိလာခဲ့တယ်

မင်းဧကရာဇ် sky နဲ့မြတ်ပန်းဝေ သုံးယောက်သားက တပူးပူးတတွဲတွဲနဲ့သူငယ်ချင်းကောင်းတွေဖြစ်လာခဲ့တာ

ရှိတာမှသုံးယောက်လေး အဲ့တာကို နှစ်ယောက်က ဗရမ်းဗတာတွေဖြစ်နေတယ်ဆိုတော့ မြတ်ပန်းဝေလဲထုတ်မေးရပြီပေါ့

"ငါတို့လူကြီးလူကောင်းဆန်နေတာလေ"

မင်းဧကရာဇ်က သွက်သွက်ပဲပြန်ဖြေတယ် အဲ့ဒါကိုskyကလဲ အွန်းဆိုပြီး‌ထောက်ခံတယ်

မြတ်ပန်းဝေမှာသာ ဆွံ့အတဲ့သူဖြစ်ရတယ်

"နေစမ်းပါဦး နင်တို့ကဘာကြောင့် ရုတ်တရက်ကြီး လူကြီးလူကောင်းတွေဆန်ချင်လာရတာတုန်း"

"ငါတို့က နင့်ကိုကြိုက်နေကြလို့ပေါ့ဟ ငတုံးမ "

မြတ်ပန်းဝေ။ ။ "....???......"

မြတ်ပန်းဝေမှာ မင်းဧကရာဇ်ရဲ့အပြောကြောင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရတယ်

အဲ့ဒါကို sky ကပါ ထပ်ထည့်ပြောလာလေတယ်

"ငါတို့က မပြောရင် နင်ဘယ်တော့မှသိမှာမဟုတ်ဘူးလေ မဟုတ်ဘူးလား  "

မြတ်ပန်းဝေ ။ ။ "မြတ်စွာဘုရား ! လောကကြီးကဘာဖြစ်သွားတာလဲ "

ဘာဖြစ်လို့ ဇတ်လိုက်မက ငြိမ်နေတာလဲ ဘာဖြစ်လို့ သူတို့က ဇတ်လိုက်မကိုသွားမကြိုက်ကြပဲသူမကိုလာကြိုက်ကြတာလဲ

မြတ်ပန်းဝေမှာကျိန်စာမိလိုက်တဲ့အတိုင်း ကြောင်ကလေး အမြှီးနင်းခံလိုက်သလို ရှိသမျှအမွှေးအကုန်ထောင်တက်သွားတော့တယ်

ဘယ်နားမှားသွားတာလဲ

သူမက ဒီဇတ်ကြောင်းကိုဝင်ရှုပ်လို့မရဘူးလေ

မဟုတ်ရင် သူမ သေသွားတာ ဒါမှမဟုတ် တခုခုဖြစ်တာ ဒီကမ္ဘာကနေဖယ်ရှားတာမျိုးဖြစ်လာမှာ

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now