33.zgi

15 0 0
                                    


အပိုင်း(33)

"မြတ်ကလေး နင်ကြောင့် လန့်လို့သေတော့မယ်သိရဲ့လား"

သူ့နှလုံးသားက ငရဲကိုတခါအလည်သွားလိုက်တာနဲ့ဆင်တူတဲ့ခံစားချက်ကြောင့် မင်းဧကရာဇ် အရမ်းပူဆွေးသွားရတယ်

ပူထူနေတုန်းကပြောခဲ့တဲ့စကားတွေဆိုပေမဲ့လဲ အပေါ်ယံမဟုတ်ပဲ ရင်ထဲကလာတဲ့စကားတွေဆိုတော့ သူ့မှာ ကမန်းကတန်းကိုခေါင်းငြိမ့်ရတယ်

မသိရင် သူမစောနကလိုအဖြစ်မျိုးနောက်တခါထပ်ဖြစ်မှာအရမ်းကြောက်နေသလိုမျိုးပေါ့

"ငါအဆင်ပြေသွားပါပြီ အရမ်းမကြောက်တော့နဲ့နော်"

မြတ်ပန်းဝေက မင်းဧကရာဇ်ရဲ့ကျောကိုအသာပုတ်ပေးရင်း လက်တဖက်ကလဲ သူ့ရဲ့နီရဲနေတဲ့မျက်ခမ်းတွေကိုအသာအယာထိလိုက်တယ်

မင်းဧကရာဇ် ကြောင်အသွားပြီးမှ သူ့ပုံစံက မျက်ရည်တွေနှပ်ရည်တွေနဲ့ဆိုတာသိလိုက်ရလေတော့ ရှက်ရမ်းရမ်းကာ သူမပေါ်က ထပြီး ခုံပေါ်သွားထိုင်‌လိုက်လေတယ်

အတန်ကြာအောင် စိတ်တည်ငြိမ်မူ့ယူနေရင်း တဖြေးဖြေးနဲ့သွေးအေးလာတော့ တွေးမိတာတချို့ကြောင့် မင်းဧကရာဇ် ထပ်ပြီးမတုန်လှုပ်ပဲ မနေနိုင်တော့ဘူး

"ငါဘာလုပ်ပေးရမလဲ"

"........"

"နင်ဒီလိုထပ်မဖြစ်ဖို့ ငါဘာလုပ်ပေးမရလဲ"

"......."

မြတ်ပန်းဝေ ပါးစပ်ဟလိုက်ပေမဲ့ အာစေးမိနေသူလို ဆွံ့အနေရတယ်

သူ တခုခုကိုရိပ်မိသွားတာလား
ဒါမှမဟုတ်
သံသယဝင်သွားတာလား

သူမကအကန့်အသတ်နားရောက်နေပြီ

ထပ်မဟရဲဝောာ့ဘူး

ဒါကြောင့် သူ့ကိုပဲငေးနေမိတော့တယ်

"မြတ်ကလေး ငါ့ကိုပြောဦး ငါ ဒီအခြေအနေကိုအမှန်အတိုင်းသိချင်တယ်"

"......."

"ပြောလို့မရဘူးလား"

သူမ ခေါင်းငြိမ့်ပြလိုက်တယ်

"ခေါင်းငြိမ့်ခေါင်းခါတော့လုပ်လို့ရတဲ့ပုံပဲ ဒါဆိုလဲ ငါပြောတာမှန်ရင် ခေါင်းငြိမ့်ပြ မဟုတ်ရင် ခေါင်းခါပြ သိပြီလား"

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now